ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်ကို လွှတ်လိုက်ပြီ

ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ကို ဒီနေ့မနက် အစောပိုင်း ၄နာရီ က ပုသိမ်ထောင် ကနေလွှတ်ပေးလိုက်တယ် လို့ ထောင်၀န်ထမ်းတစ်ဦး က Delta News Agency ကိုပြောပါတယ်။

မနေ့က ညကတည်းက ကားတစီးကို ထောင်ရှေ့မှာ အဆင့်သင့်ပြင်ထားတာဖြစ်ပြီး မနက်လွှတ်ချိန်မှာ လူစုလူဝေးဖြစ်မှာ စိုးတဲ့အတွက် ခုလိုစီစဥ်တာဖြစ်မယ် လို့ ထောင်ဝန်ထမ်းက ပြောပါတယ်။

ဆရာကြီးဒေါက်တာသန်းမင်းထွဋ် မိသားစုကို ဆက်သွယ်မေးမြန်း ထားဆဲဖြစ်ပြီး အမှုကို လိုက်ပါကူညီဆောင်ရွက်သူတွေ ထဲက တစ်ဦးကတော့ ပြန်လွတ်လာတာကို အတည်ပြုပေးခဲ့ပါတယ်။

ဒါ့အပြင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ် ကို လွှတ်ပေးပြီးနောက် နေပြည်တော်ကို တန်းခေါ်သွားတယ် လို့လည်း သတင်းထွက်နေပေမယ့် အတည်ပြုချက်ရဖို့ ကြိုးစားနေစဲပါ။

———

ပုသိမ္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္ ကို ဒီေန႔မနက္ အေစာပိုင္း ၄နာရီ က ပုသိမ္ေထာင္ ကေနလႊတ္ေပးလိုက္တယ္ လို႔ ေထာင္၀န္ထမ္းတစ္ဦး က Delta News Agency ကိုေျပာပါတယ္။

မေန႔က ညကတည္းက ကားတစီးကို ေထာင္ေရွ႕မွာ အဆင့္သင့္ျပင္ထားတာျဖစ္ၿပီး မနက္လႊတ္ခ်ိန္မွာ လူစုလူေဝးျဖစ္မွာ စိုးတဲ့အတြက္ ခုလိုစီစဥ္တာျဖစ္မယ္ လို႔ ေထာင္ဝန္ထမ္းက ေျပာပါတယ္။

ဆရာႀကီးေဒါက္တာသန္းမင္းထြဋ္ မိသားစုကို ဆက္သြယ္ေမးျမန္း ထားဆဲျဖစ္ၿပီး အမႈကို လိုက္ပါကူညီေဆာင္႐ြက္သူေတြ ထဲက တစ္ဦးကေတာ့ ျပန္လြတ္လာတာကို အတည္ျပဳေပးခဲ့ပါတယ္။

ဒါ့အျပင္ ဆရာႀကီး ေဒါက္တာသန္းမင္းထြဋ္ ကို လႊတ္ေပးၿပီးေနာက္ ေနျပည္ေတာ္ကို တန္းေခၚသြားတယ္ လို႔လည္း သတင္းထြက္ေနေပမယ့္ အတည္ျပဳခ်က္ရဖို႔ ႀကိဳးစားေနစဲပါ။