
ဒေါက်တာဒေါ်မြင့်မြင့်စိန် အကြံပြုတဲ့အသက်ရှူနည်းပါ။
ပါးစပ်ကရှူတာ မှားနေတယ်။နှာခေါင်း ကဘဲ ရှူပါ။မြန်မြန် မရှူပါနဲ့။ပြည့်ပြည့်ဝဝ လုပ်နိုင်သလောက် ရှူသွင်းပါ။
၄ စက္ကန့်လောက်ကြာပါတယ်။ပြီးရင် ခဏအောင့်ထားပေးပါ။၅ စက္ကန့်လောက် ရရင်ကောင်းပါတယ်။ရသလောက် အောင့်ထားတာကအောက်ဆီဂျင်က သွေးထဲပိုရောက်ပါတယ်။
ပြီးရင် အချိန်ကြာကြာ ရှူထုပ်ပါ။ရှူသွင်းတာက ၄ စက္ကန့်ဆိုရင်ရှူထုပ်တာ ၈ စက္ကန့်လောက်ကြာရင် ပိုကောင်းပါတယ်။ရှူထုပ်တဲ့အခါ ရှေ့ဗိုက်သားကနေ နောက်ဘက်ကျောရိုးနားအထိ ရောက်အောင် ရှူထုပ်ပါ။
အဲဒီလို မျိုးလေ့ကျင့်မယ်ဆိုရင်သွေးထဲကို အောက်ဆီဂျင် အဝင်များပြီးမလိုအပ်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကအပြင်ကို များများ ပြန်ထွက်သွားပါတယ်။
ပြီးရင် မှောက်အိပ်ပါ။
မှောက်နိုင်အောင်မှောက်ပါ။ ရအောင်မှောက်ပါ။ခဏ ခဏ မှောက်ပါ။ ကြာကြာ မှောက်ပါ။အောက်ဆီဂျင် အကုန်သက်သာပါတယ်။
CREDIT : Dr. Myint Myint Sein
———-
ေဒါက္တာေဒၚျမင့္ျမင့္စိန္ အႀကံျပဳတဲ့အသက္ရႉနည္းပါ။
ပါးစပ္ကရႉတာ မွားေနတယ္။ႏွာေခါင္း ကဘဲ ရႉပါ။ျမန္ျမန္ မရႉပါနဲ႔။ျပည့္ျပည့္ဝဝ လုပ္ႏိုင္သေလာက္ ရႉသြင္းပါ။
၄ စကၠန႔္ေလာက္ၾကာပါတယ္။ၿပီးရင္ ခဏေအာင့္ထားေပးပါ။၅ စကၠန႔္ေလာက္ ရရင္ေကာင္းပါတယ္။ရသေလာက္ ေအာင့္ထားတာကေအာက္ဆီဂ်င္က ေသြးထဲပိုေရာက္ပါတယ္။
ၿပီးရင္ အခ်ိန္ၾကာၾကာ ရႉထုပ္ပါ။ရႉသြင္းတာက ၄ စကၠန႔္ဆိုရင္ရႉထုပ္တာ ၈ စကၠန႔္ေလာက္ၾကာရင္ ပိုေကာင္းပါတယ္။ရႉထုပ္တဲ့အခါ ေရွ႕ဗိုက္သားကေန ေနာက္ဘက္ေက်ာ႐ိုးနားအထိ ေရာက္ေအာင္ ရႉထုပ္ပါ။
အဲဒီလို မ်ိဳးေလ့က်င့္မယ္ဆိုရင္ေသြးထဲကို ေအာက္ဆီဂ်င္ အဝင္မ်ားၿပီးမလိုအပ္တဲ့ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကအျပင္ကို မ်ားမ်ား ျပန္ထြက္သြားပါတယ္။
ၿပီးရင္ ေမွာက္အိပ္ပါ။
ေမွာက္ႏိုင္ေအာင္ေမွာက္ပါ။ ရေအာင္ေမွာက္ပါ။ခဏ ခဏ ေမွာက္ပါ။ ၾကာၾကာ ေမွာက္ပါ။ေအာက္ဆီဂ်င္ အကုန္သက္သာပါတယ္။
CREDIT : Dr. Myint Myint Sein