မနိုင်ဝန်ကို ထမ်းနေသောမအလ၏လမ်းဆုံး

မအလ ရဲ့ လမ်းကြောင်းက ရှင်းတယ်၊

အာဏာသိမ်းတယ်၊ အိမ်စောင့်အစိုးရ ဆိုပြီး September မှာ UN ရဲ့ Legitimacy ကို မျှော်မယ်။
၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာနဲ့ နိုင်ငံတကာ ကို ချဉ်းကပ်မယ်။

ကြားမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီးပြီ၊

ပြီးရင် ရွေးကောက်ပွဲကို PR စနစ်ပြောင်းမယ်၊ NLD ပါတီ ကို ဖျက်သိမ်းမယ်။ YMBA လို ပါတီတစ်ခုခု ကနေ ရွေးကောက်ပွဲဝင်မယ်။

အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ကနေ သမ္မတ နေရာကို ကူးမယ်။ ပြောမယ်ဆို နေဝင်းနဲ့ သန်းရွှေ ကို ရောသမမွှေပြီး နိုင်ငံတော်သမ္မတကြီး မအလ လုပ်ချင်တဲ့ အိပ်မက်ပေါ့။

ဒါပေမယ့် မတူတာက …

မအလ ရဲ့ အစွမ်းအစရယ်၊ သူ့မှာ ရှိနေတဲ့ လူအင်အား ရယ်က ရှေ့က အာဏာရှင်နှစ်ယောက်နဲ့ ယှဉ်ရင် အပုံကြီးကွာတယ်။

ဟိုနှစ်ယောက်တုန်းက hardliners, soft liners စစ်ဘက်/ အရပ်ဘက် အခုထက်တောင့်တယ်။ စစ်တိုင်းမှူးတွေ အားကောင်းသလို၊စစ်တပ်ကလည်း အခုလောက် ဖိအား မရှိဘူး။

အဓိက က ပြည်သူပဲ။ အခုပြည်သူဟာ အရမ်းအားကောင်းတယ်။ ဖေဖော်ဝါရီလ ကနေ ဇူလိုင်လကုန်ထိ ၆လ ဖြတ်သန်းပြီးပေမယ့် အာဏာရှင်နဲ့ ကိုဗစ်ကို ပြိုင်တိုက်ရတာတောင် စိတ်ဓာတ်က မာကျောခိုင်မာနေတုန်းပဲ။

ကိုဗစ်က အခု သြဂုတ်လဝက်လောက်ဆို Peak ကနေ ပြန်ကျပြီလို့ မျှော်လင့်တယ်။ အချိန်တန်ရင်တော့ ကိုဗစ်က ပြီးသွားမှာပါ။အဲဒီတော့ အရေးကြီးတဲ့ဘက် ပြန်လှည့်ကြဖို့ လိုတယ်။ အခုလည်း နေကောင်းတာနဲ့ တော်လှန်ရေးဘက် ပြန်လှည့်လာကြပြီ။

သူတို့ ကတော့ မသေမချင်း အာဏာကို ဆုပ်ကိုင်ထားမှာပဲ။ မအလ က မနိုင်ဝန်ကို ထမ်းနေတာ၊ အဲဒီတော့ သူလည်း အဆုံးထိသွားမယ်ဆို ကိုယ်လည်း အဆုံးထိ သွားဖို့ပဲ ရှိမယ်။

D-Day ကလည်း နီးလာပြီလို့ မြင်တယ်။ အားထည့်ပြီး ကူကြ၊ လှူကြပြီး တော်လှန်ကြဖို့ပဲ လိုတယ်။

အရေးတော်ပုံ အောင်ရပါမည်

Credit; original uploader

————-

မအလ ရဲ႕ လမ္းေၾကာင္းက ရွင္းတယ္၊

အာဏာသိမ္းတယ္၊ အိမ္ေစာင့္အစိုးရ ဆိုၿပီး September မွာ UN ရဲ႕ Legitimacy ကို ေမွ်ာ္မယ္။
၂၀၂၃ မွာ ေ႐ြးေကာက္ပြဲလုပ္ေပးမယ္ဆိုတာနဲ႔ ႏိုင္ငံတကာ ကို ခ်ဥ္းကပ္မယ္။

ၾကားမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကို ဖ်က္သိမ္းၿပီးၿပီ၊
ၿပီးရင္ ေ႐ြးေကာက္ပြဲကို PR စနစ္ေျပာင္းမယ္၊ NLD ပါတီ ကို ဖ်က္သိမ္းမယ္။ YMBA လို ပါတီတစ္ခုခု ကေန ေ႐ြးေကာက္ပြဲဝင္မယ္။

အိမ္ေစာင့္အစိုးရ ဝန္ႀကီးခ်ဳပ္ ကေန သမၼတ ေနရာကို ကူးမယ္။ ေျပာမယ္ဆို ေနဝင္းနဲ႔ သန္းေ႐ႊ ကို ေရာသမေမႊၿပီး ႏိုင္ငံေတာ္သမၼတႀကီး မအလ လုပ္ခ်င္တဲ့ အိပ္မက္ေပါ့။

ဒါေပမယ့္ မတူတာက …
မအလ ရဲ႕ အစြမ္းအစရယ္၊ သူ႔မွာ ရွိေနတဲ့ လူအင္အား ရယ္က ေရွ႕က အာဏာရွင္ႏွစ္ေယာက္နဲ႔ ယွဥ္ရင္ အပုံႀကီးကြာတယ္။

ဟိုႏွစ္ေယာက္တုန္းက hardliners, soft liners စစ္ဘက္/ အရပ္ဘက္ အခုထက္ေတာင့္တယ္။ စစ္တိုင္းမႉးေတြ အားေကာင္းသလို၊စစ္တပ္ကလည္း အခုေလာက္ ဖိအား မရွိဘူး။

အဓိက က ျပည္သူပဲ။ အခုျပည္သူဟာ အရမ္းအားေကာင္းတယ္။ ေဖေဖာ္ဝါရီလ ကေန ဇူလိုင္လကုန္ထိ ၆လ ျဖတ္သန္းၿပီးေပမယ့္ အာဏာရွင္နဲ႔ ကိုဗစ္ကို ၿပိဳင္တိုက္ရတာေတာင္ စိတ္ဓာတ္က မာေက်ာခိုင္မာေနတုန္းပဲ။

ကိုဗစ္က အခု ၾသဂုတ္လဝက္ေလာက္ဆို Peak ကေန ျပန္က်ၿပီလို႔ ေမွ်ာ္လင့္တယ္။ အခ်ိန္တန္ရင္ေတာ့ ကိုဗစ္က ၿပီးသြားမွာပါ။အဲဒီေတာ့ အေရးႀကီးတဲ့ဘက္ ျပန္လွည့္ၾကဖို႔ လိုတယ္။ အခုလည္း ေနေကာင္းတာနဲ႔ ေတာ္လွန္ေရးဘက္ ျပန္လွည့္လာၾကၿပီ။

သူတို႔ ကေတာ့ မေသမခ်င္း အာဏာကို ဆုပ္ကိုင္ထားမွာပဲ။ မအလ က မႏိုင္ဝန္ကို ထမ္းေနတာ၊ အဲဒီေတာ့ သူလည္း အဆုံးထိသြားမယ္ဆို ကိုယ္လည္း အဆုံးထိ သြားဖို႔ပဲ ရွိမယ္။

D-Day ကလည္း နီးလာၿပီလို႔ ျမင္တယ္။ အားထည့္ၿပီး ကူၾက၊ လႉၾကၿပီး ေတာ္လွန္ၾကဖို႔ပဲ လိုတယ္။

အေရးေတာ္ပုံ ေအာင္ရပါမည္

Credit; original uploader