
အိမ်စောင့်အစိုးရဖွဲ့ပြီး စစ်ပွဲကြီးတွေဖြစ်လာရင် မအလက ဘယ်သူ့ကိုချနင်းမလဲ 🤔🤔💪💪💪
(၁)
မအလက အိမ်စောင့်အစိုးရဆိုတဲ့ အစီအစဉ်ကို ရုတ်တရက်ကြေညာလိုက်ပါတယ်။ ဒါဟာ Diplomacy နဲ့ Soft Power ပိုင်းမှာ ပိုတိုးကစားသွားမယ်ဆိုတဲ့ ရှီကျိန်းဖျင်ရဲ့ ဇာတ်ကွက်တစ်ခုပါပဲ။ ရှီကျိန်းဖျင်ဟာ မြန်မာ ယူနန်နယ်စပ်မှာ ကီလိုမီတာ နှစ်ထောင်ကျော်ရှည်တဲ့ ခြံစည်းရိုးကို ဆက်ကာနေတာ တွေ့ရပါမယ်။
ရှီကျိန်းဖျင်က ဇာတ်လမ်းကို ထပ်ဆွဲဆန့်ဖို့ လုပ်နေပေမယ့် မအလ အတွက် ဓါးခုတ်ရာ လက်ဝင်လျှိုပေးမယ့်သူတွေ သန်းရွှေ၊ သိန်းစိန်၊ သန်းဌေး အထိ ဘယ်သူမှ ထွက်လာမယ့်ပုံ မတွေ့ရတော့ပါဘူး။ အမေစုပြောခဲ့တဲ့ ပြည်သူသာလျှင် အဓိကဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ဆိုတဲ့ စကားကသာ ဖက်ဒရယ်ဒီမိုကရေစီခရီးအတွက် တကယ့်လမ်းပြမြေပုံ ဖြစ်လာခဲ့ပါပြီ။
(၂)
ဩဂုတ်လ အကုန်လောက်မှာ ဒေသဆိုင်ရာ စစ်ပွဲကြီးတွေ စဖြစ်လာဖို့ ရှိနေတဲ့ အရိပ်အယောင်တွေ တွေ့လာရပါတယ်။ ရာသီဥတု နဲ့ လက်နက်အသင့်ဖြစ်မှု၊ ချိတ်ဆက်ထောက်ပံ့နိုင်မှု လမ်းကြောင်းများနဲ့၊ စစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံရေးအစီအစဉ်များ ဆောင်ရွက်ပြီးချိန်မှာ ထိတွေ့မှုတွေ နေရာအနှံ့ ဆက်တိုက်ဖြစ်လာဖို့ ရှိနေတာကို တွေ့လာနေရပါပြီ။
ဒီတစ်ခေါက် အာဏာလုမှုမှာ ပြည်သူတွေအပေါ် မအလရဲ့ ယုတ်မာရက်စက်မှုက မြန်မာ့သမိုင်းထဲမှာ နယ်ချဲ့ကျူးကျော်မှု၊ ဖက်ဆစ်တော်လှန်ရေး၊ စတဲ့ စစ်ပွဲမှတ်တမ်းများထက် အဆပေါင်းများစွာ ဆိုးဝါးခဲ့ပါတယ်။ မြန်မာပြည်အနှံ့က မြို့ပြကျေးလက် နေရာအနှံ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော ပြည်သူများအပေါ် အာဏာရူးမအလ လက်ပါးစေတွေက သေနတ်နဲ့ ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ပြလိုက်ခြင်းများကို ပြည်သူအများ ရင်နဲ့မဆန့်အောင် နှဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့လိုက်ရပြီဖြစ်ပါတယ်။
သေနတ်သံ ဗုံးသံ စစ်ပွဲသံများနဲ့ ဝေးကွာနေခဲ့တဲ့ မြေပြန့်ဒေသက ပြည်သူတွေဟာ မအလ အာဏာသိမ်းအပြီးရက် တစ်ရာ အချိန်အတွင်းမှာပဲ တောင်တန်းဒေသ ပြည်သူများ နှစ်ပေါင်း ဆယ်ချီ ခံစားခဲ့ရတဲ့ မတရား ဖမ်းဆီးသတ်ဖြတ်မှုဘေးဒဏ်၊ စစ်ဘေးဒဏ်တွေကို၊ မျက်မြင်ရင်ဆိုင် ခဲ့ရပါတယ်။ မြေပြန့်ဒေသက ပြည်သူများဟာ အံ့ဩတုန်လှုပ်ခြင်းများနဲ့ အတူ မအလရဲ့ မတရားသတ်ဖြတ်မှုတွေကို ရရာလက်နက်ဆွဲကိုင်ကာ ပြန်လည်တုန့်ပြန်တိုက်ခိုက်မှုတွေဟာ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ မြေပြန့်ဒေသ နေရာအတော်များများမှာ ပေါ်ပေါက်နေပါပြီ။
မြေပြန့်ဒေသက ပြည်သူများဟာ မအလလုပ်ရပ်ကို ကမ္ဘာမကြေ တော်လှန်ရမယ့် သမိုင်းပေးတာဝန်အဖြစ် ခံယူလိုက်ကြပါပြီ။ မြေပြန့်ဒေသက ပြည်သူများဟာ တောင်တန်းဒေသက စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူများရဲ့ ဘဝအခြေအနေကို အချိန်တိုအတွင်းနားလည်သွားပြီး နှစ်တစ်ရာအတွင်း မြန်မာပြည်ထောင်စုအတွင်းက တောင်တန်းမြေပြန့် အောက်ခြေပြည်သူများအတွင်းမှာ နယ်စည်းမခြားတဲ့ ညီညွတ်မှု၊ ကိုယ်ချင်းစာမှုများနဲ့ မအလရဲ့ ဖက်ဆစ်လက်နက်ကိုင်တပ်ကို အမြစ်ဖြတ်ချေမှုန်းလိုတဲ့ စိတ်ဓါတ်များခိုင်မာလာတာ အထင်အရှားတွေ့မြင်လာရပြီ ဖြစ်ပါတယ်။
အဲဒါကြောင့် နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ မြေပြန့်ဒေသ နေရာအနှံ့မှာ ရရာလက်နှက်ဆွဲကိုင်ပြီး မအလဖက်ဆစ်တွေကို ပြန်လှန်တိုက်ခိုက်နေတဲ့ သတင်းတွေ နေ့စဉ်လိုလို ကြားသိနေရတာပဲဖြစ်ပါတယ်၊ မြေပြန့်ဒေသ ကျေးလက်ကပြည်သူများဟာလည်း စစ်ဘေးဒဏ်သင့်တဲ့အတွက် အနီးအနားက တောတောင်တွေအကြား စစ်ဘေးရှောင်နေရတဲ့သတင်းတွေ၊ အခက်အခဲကြုံနေရတဲ့ သတင်းတွေ၊ မအလဖက်ဆစ်တွေရဲ့ ရပ်ထဲရွာထဲအထိ အကြမ်းဖက်လုယက်မီးရှို့ဖျက်ဆီးတဲ့ သတင်းတွေ၊ ကျေးလက်ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ သတင်းတွေ ဆက်တိုက်ကြားလာရပါတယ်။
(၃)
လူမျိုးရေး ဘာသာရေး သွေးထိုးအမုန်းစကားများနဲ့ မြန်မာပြည်သူတွေအကြားမှာ နှစ်ပေါင်းများစွာ သွေးခွဲသပ်လျှိုလာတဲ့ မအလ ဖက်ဆစ်များဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြေပြန့်တောင်တန်းအစပ် အနောက်မြောက်ဖက်ရှိ မင်းကင်းဒေသမှာ ပြည်သူကို ပြည်သူနဲ့တိုက်ဆိုတဲ့ ယုတ်မာတဲ့လုပ်ရပ်တစ်ခုကို သွေးတိုးစမ်း လုပ်လာတာတွေ့ရပါတယ်။
မအလဖက်ဆစ်တွေဟာ မင်းကင်းဒေသ ရွာအချို့ရှိ ဒေသခံအချို့ကို သတင်းတုသတင်းမှားများနဲ့ ပုံဖျက်မှိုင်းတိုက်ကာ လက်နက်များကြိုတင်ထုတ်ပေးထားပြီး နွေဦးတော်လှန်ရေးမှာ ရရာလက်နှက်ဆွဲကိုင်ကာ ပါဝင်နေတဲ့ မင်းကင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် ထောင်ချောက်ဆင် ရင်ဆိုင်မှုကို အကွက်ကျကျစီမံခဲ့ပါတယ်။
မအလဖက်ဆစ်တွေရဲ့ အလိမ်အညာထောင်ချောက်ထဲကမှာ မင်းကင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးကာ ဖမ်းဆီးခံလိုက်ရမှုတွေ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံအောက်ခြေပြည်သူများအတွင်း ဘက်ခွဲကာ ပြည်သူချင်းပြန်သတ်ခိုင်းတဲ့ မအလဖက်ဆစ်တွေရဲ့ ယုတ်မာကျောက်ကျစ်မှု အစီအစဉ်က သွေးတိုးစမ်းလာပါပြီ။ နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူတိုင်း သတိထားကိုင်တွယ်ရမယ့် ခေါင်းစဉ်ကြီးဖြစ်လာပါတယ်။
(၄)
တကယ့်တိုက်ပွဲကြီးတွေ ဆက်တိုက်ဖြစ်လာရင် မအလအတွက် အသက်ပေးတိုက်မယ့်သူ ဘယ်သူတွေရှိနေသလဲ။
တကယ်ဆို ဘယ်သူမှမရှိပါဘူး။ ဒါပေမဲ့ ၂၀၁၀ မှာ ကချင်ဒေသ မြစ်ဆုံစီမံကိန်းကြောင့် KIA နဲ့ ပြန်စလာတဲ့ တစ်ကျော့ပြန် စစ်ပွဲတွေကစလို့ မအလဟာ သူ့တပ်တွေအထဲမှာ ရှုပ်ထွေးပွေလီတဲ့ စီမံခန့်ခွဲမှုတွေ၊ ညွှန်ကြားမှုတွေ၊ အရာရှိအချင်းချင်း စောင့်ကြည့်မှုတွေ၊ ကိုယ့်လူမွေး သူ့လူဖိနှိပ်တာတွေ အများအပြားလုပ်ထားခဲ့ပါတယ်။
တပ်ထဲမှာမွေး၊ တပ်ကျောင်းမှာကျောင်းတက်၊ တပ်ဈေးနဲ့တပ်ပန်းခြံထဲမှာအသက်ကြီး၊ ပြီးတော့တပ်ထဲပြန်ဝင်၊ တပ်ထဲမှာပဲအိမ်ထောင်ပြန်ကျ ဆိုတဲ့ သံသရာထဲရောက်နေတဲ့ အောက်ခြေစစ်သည်မိသားစု ထုထည်ကြီးတစ်ခုဟာ သိန်းနဲ့ချီတဲ့ စစ်မျိုးစစ်နွယ် လူမျိုးနွယ်စုကြီးတစ်ခုအသွင်နဲ့ တပ်ခြံစည်းရိုးတွေရဲ့ အတွင်းမှာ ပြင်ပ တကယ့် ကမ္ဘာနဲ့ ဝေးကွာနေပြီး မအလဝါဒဖြန့် မှိုင်းတိုက်သမျှ ယုံကာနေရတဲ့ ဘဝ ရောက်နေတယ်ဆိုတာ အထူးသတိပြု ထည့်သွင်းတွက်ချက်ရမယ့် အချက်တစ်ခုဖြစ်နေပါတယ်။
အဲဒီ ဆွေပြတ်မျိုးပြတ် ပြင်ပ ကမ္ဘာနဲ့ အဆက်ပြတ်နေတဲ့ လက်နက်ကိုင် လူစုလူဝေးကြီးကို မအလ ချနင်းနေပါတယ်။ ထပ်တိုး ချနင်းလာဖို့လည်း ရှိနေပါတယ်။ အထူးသတိပြု ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စပဲဖြစ်ပါတယ်။
တပ်တိုင်းဟာ သေနတ်ကိုင် လမ်းလျှောက် ခြေဦးတည့်ရာ စစ်သွားတိုက်တဲ့ တပ်တွေ မဟုတ်ကြပါဘူး။ ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အမြှောက်တပ်၊ ယန္တရားတပ်၊ စစ်မြေပြင် အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်၊ သတင်းထောက်လှမ်းတပ်၊ စစ်လက်နက်ထုတ်လုပ်ရေးတပ်၊ သတင်းစီမံခန့်ခွဲရေးတပ် စသဖြင့် မြေပြင်မှာ ရှိနေကြတာကိုလည်း ထည့်ထွက်ရပါမယ်။
အဲဒီ မအလရဲ့ လည်ပတ်နေတဲ့ စစ်ယန္တရားကြီးထဲမှာ မအလ တကယ် လက်ကိုင်သုံးသွားမယ့် မြေဇာပင်တွေကတော့ ခုချိန်မှာ ဗိုလ်ကြီး ဗိုလ်မှူး အဆင့် ဖြစ်နေတဲ့ တိုက်ခိုက်ရေး အရာရှိစစ်သည်၊ ပညာရှင် အရာရှိစစ်သည်တွေပဲ ဖြစ်ပါတယ်။
မအလ ချနင်း သွားတာ ခံရမယ့် အဓိကနေရာကတော့ ဗိုလ်ကြီး ဗိုလ်မှူးဖြစ်နေတဲ့ တိုက်ခိုက်ရေး အရာရှိစစ်သည်၊ ပညာရှင် အရာရှိစစ်သည်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်အရေးကြီးပါတယ်။
(၅)
ဩဂုတ်လ အတွင်းကစလို့ နွေဦးတော်လှန်ရေး မြေပြန့်ဒေသတွေမှာ စစ်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်။ အသေအပျောက်များနိုင်တယ်။ ဒေသခံပြည်သူတွေ မအလရဲ့ ကောက်ကျစ်ယုတ်မာတဲ့ဒဏ်၊ စစ်ဘေးဒဏ် အတော်ခံရနိုင်တယ်။
စစ်ပွဲဆိုတာ သေနတ်ကိုင် လမ်းလျှောက် စစ်တိုက်တဲ့ စစ်ပွဲပုံစံ မဟုတ်တော့ဘူး။ ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အမြှောက်တပ်၊ ယန္တရားတပ်၊ စစ်မြေပြင် အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်၊ သတင်းထောက်လှမ်းတပ်၊ စစ်လက်နက်ထုတ်လုပ်ရေးတပ်၊ သတင်းစီမံခန့်ခွဲရေးတပ် စသဖြင့် အစုံပါလာနိုင်တယ်။
မအလ ချနင်းဖို့ရာ လက်ရှိသူ့တပ်ထဲမှာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံရပြီး သတင်းမှားမှိုင်းတိုက်ခံထားရတဲ့ သိန်းနဲ့ချီတဲ့ အောက်ခြေစစ်သည် မိသားစု အသိုင်းအဝိုင်းကြီးတစ်ခု ရှိနေတယ်။ အဲဒီအောက်ခြေ စစ်သည်မိသားစု အသိုင်းအဝိုင်းကြီးဟာ လက်ရှိမှာ ပြည်သူကို အကြီးအကျယ်အထင်လွဲနေတယ်။ ပြည်သူနဲ့ အဲဒီ တပ်တွေအထဲက အောက်ခြေ စစ်သည်မိသားစုတွေအကြား နွေဦးတော်လှန်ရေးနဲ့ ပတ်သတ်လို့ သတင်းမှားတွေ၊ ဆိုက်ဝါးဝါဒဖြန့် မှိုင်းတိုက်တာတွေ၊ ဘာသာရေးလူမျိုးရေး သွေးထိုးမှုတွေ လုပ်ကြံခံနေရတယ်။
မအလဟာ အဲဒီ သိန်းနဲ့ချီထဲ အောက်ခြေ စစ်သည်မိသားစုကြီးကို လက်ရှိ ဗိုလ်ကြီး ဗိုလ်မှူး အဆင့်တွေကနေ ဖိအားပေး ကိုင်တွယ်သွားဖို့ရှိနေတာတွေ့ရတယ်။ လက်ရှိ ဗိုလ်ကြီး ဗိုလ်မှူး အရာရှိအဆင့်တွေကို တပ်ထဲမှာ ချုပ်ကိုင်ထားနိုင်အောင် နည်းမျိုးစုံနဲ့ အကွက်ချ စီစဉ်လာတာ တွေ့နေရတယ်။
အထူးသဖြင့် တိုက်ခိုက်ရေးတပ်မဟုတ်တဲ့ ပညာရှင်တပ်တွေအထဲမှာ ဒီလိုချုပ်ကိုင်ထားနိုင်အောင် အပူတပြင်း ဆောင်ရွက်လာတာတွေ့ရတယ်။ ဒီအချက်က အရေးတကြီးထည့်တွက်ရမယ့်အချက်ပါ။
(၆)
အဲတော့ ဘာလုပ်ကြမလဲမေးရင်၊ မအလ ခွစီးထားတဲ့ တပ်ခြံစည်းရိုး အထဲက အောက်ခြေစစ်သည်မိသားစုတွေနဲ့ အပြင်က တကယ့်ပြည်သူတွေအကြား သတင်းမှန် စီးဆင်းနိုင်အောင် ချက်ခြင်း အလေးထားဆောင်ရွက်ရမယ်။
ပြည်သူတွေဟာ မအလကို လုံးဝခွင့်မလွှတ်တော့ဘူး။ ပြည်သူတွေဟာ လက်နက်အားကိုး အနိုင်ကျင့်တဲ့ စစ်အာဏာရှင်လုပ်ရပ်ကို အမြစ်ပြတ်အောင် တော်လှန်နေကြပြီ။ ဒီအချီဟာ တောင်တန်းဒေသမှာဖြစ်တဲ့ လူမျိုးစုရေး တော်လှန်တဲ့ ပုံစံမဟုတ်။ ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုအတွက် မြေပြန့်ဒေသတစ်ခုလုံးပါ ပါဝင်ထကြွတဲ့ အရေးတော်ပုံကြီးဖြစ်နေပြီ။
မြေပြန့်ဒေသကပြည်သူတွေဟာ လူမဆန်တဲ့ မအလရဲ့ လုပ်ရပ်တွေကို စက်ဆုပ်သွားသလို၊ နှစ်ပေါင်းများစွာ တောင်တန်းဒေသက ညီအစ်ကိုတွေ မအလရဲ့ယုတ်မာဖိနှိပ်မှု ခံနေခဲ့ရတာကို ကိုယ်တွေ့သိလိုက်ရလို့ ကြိတ်မနိုင်ခဲမရ ခံပြင်းနေကြတယ်။ အတော်ကြီးကို ခံပြင်းနေကြတယ်။ မန္တလေး ရန်ကုန် မကွေး ပုဂံ ပုခုက္ကူ မုံရွာ ပဲခူး ပုသိမ် ရွှေဘို ရှိသမျှ မြေပြန့် မြို့ကြီးတွေ ကအစ မြေပြန့်ကျေးလက်တွေအထိ မအလကို အဆုံးတိုင်ရင်ဆိုင်သွားမယ်လို့ ပြတ်ပြတ်သားသား သံဓိဋ္ဌာန်ချထားပြီးကြပြီ။
အခုကိုဗစ်တတိယလှိုင်းကို အသုံးချပြီး ရန်ကုန်မြို့ နဲ့ အခြားမြို့ကြီးတွေကို မအလက တိုက်ခိုက်နေတယ်။ နေ့စဉ်ပြည်သူတွေ သောင်းဂဏန်းအထိ ထိခိုက် အသက်ဆုံးရှုံးနေရတယ်။
မြေပြန့်က ပြည်သူတွေဟာ ပြည်သူမှာ ပြည်သူပဲရှိတယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ကျရာ ပရဟိတ တာဝန်ကို ဝင်ယူကာ မအလကြောင့်ဖြစ်လာတဲ့ ကိုဗစ်တတိယလှိုင်းကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နေကြတယ်။
လမ်းပေါ်မှာ နေ့စဉ် ဆန္ဒပြတာတွေ၊ ညဘက် သံပုံးတီး ဆန္ဒပြတာတွေလည်း ဆက်တိုက်ရှိနေတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို ဖမ်းဆီးတာ ပစ်ခတ်သတ်ဖြတ်တာတွေကိုလည်း မအလလက်ပါးစေတွေက လုပ်နေကြတုန်းပဲ။ ပြည်သူတွေအကြား ရှိနေတဲ့ နွေဦးတော်လှန်ရေး စိတ်ဓါတ်ကတော့ လုံးဝ နောက်မတွန့်သွားဘူး။
မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာအရပ်ရပ်က ပြည်သူတွေကလည်း အခိုင်အမာထောက်ခံနေတယ်။ မအလ အာဏာလုမှုကို ကမ္ဘာပေါ်က ဘယ်တိုင်းပြည်ကမှ လက်မခံကြဘူး။
ရှီကျိန်းဖျင်ကတော့ မအလကို ကာကွယ်ပေးနေတုန်းပဲ။ ရှီကျိန်းဖျင်ဟာ အစကတည်းက မြန်မာ့သံယံဇာတတွေကို လက်ဝါးကြီးအုပ်ချင်လို့၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးကို ဖျက်ဆီးချင်လို့၊ ကျောက်ဖြူ၊ စစ်တွေ၊ ကိုကိုးကျွန်း၊ ဇာဒက်ကြီးကျွန်းစတဲ့ မြန်မာ့ပထဝီနိုင်ငံရေး အချက်အခြာနေရာတွေကို မောင်ပိုင်စီးချင်လို့ မအလကို အာဏာသိမ်းခိုင်းတာဖြစ်တယ်။
မြန်မာပြည်သူတွေရဲ့ ထိခိုက်ဆုံးရှုံးမှုတွေအတွက် ရှီကျိန်းဖျင်၊ ရန်ကျားချီ၊ ဝမ်ယိ၊ ဆွန်ဂေါ်ရှန်းတို့မှာလည်း တာဝန်ပြန်ယူရမှာ ဝန်ချတောင်းပန်ရမှာတွေရှိတယ်။ မြန်မာပြည်သူတွေဟာ မအလရော ရှီကျိန်းဖျင်ကိုပါ ခွင့်မလွှတ်စတမ်း ဆက်လက်ရင်ဆိုင်သွားကြလိမ့်မယ်။
ဒီအချက်တွေကို မအလတပ်ထဲက ဗိုလ်ကြီးဗိုလ်မှူးတွေဆီ ရှင်းရှင်းလင်းလင်းရောက်သွားအောင် ဆက်တိုက်ဆက်သွယ် အသိပေးနေရမယ်။ ပြည်သူ့ဘက်မှာနေပြီး လူပီသမှာလား၊ ပြည်သူကို ပြန်သတ်ပြီး မအလကျွန်ခံ ရှီကျိန်းဖျင်ကျွန်ခံ လူဖြစ်ရှုံးခံမှာလား၊ ဗိုလ်ကြီး ဗိုလ်မှူးတွေ အမြန်ပြင်ဆင်ရတော့မယ်။ အထူးသဖြင့် ရေတပ်နဲ့ လေတပ်ထဲက အရာရှိတွေ အပိုင်အနိုင် ဆုံးဖြတ်ချက် ချရတော့မယ်။
Tzm Tzm