
ဗြိတိန် craft ship carrier တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်ပီနောက် သိသိသာသာ စစ်ရေးအရလှုပ်ခပ်နေပါပီ
တရုတ်နှင့် အမေရိကန်အကြား မလွဲမသွေ စစ်ခင်းကြရန်မရှိ။ သို့သော် တောင်တရုတ်ပင်လယ်အတွင်း စစ်ပွဲပျိုးသည့် မျိုးစေ့များရှိနေသည်ကတော့ ထိုသို့ယတိပြတ်ပြောဆိုရန် ခပ်ခက်ခက်ဟု ဆိုရမည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်၊ တနင်္လာနေ့က တီယန်ကျင်းတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းကို တရုတ်၏ ‘တားထားသော စည်းသုံးတန်’ နှင့်ပတ်သက်၍ ‘အမေရိကန်ပြည်ထောင်စုအနေနှင့်
တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား လုပ်ပုံကိုင်နည်းအပေါ် ဆီလိုအပေါက်ရှာ ဆိုရေးမရှိကြောင်း၊ တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်းနှင့် တရုတ်၏အချုပ်အခြာအာဏာ သို့မဟုတ် နယ်နိမိတ်တည်တ့ံခိုင်မြဲမှုအပေါ် ချိုးဖောက်ရန် လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း’ ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့၏။ အမေရိကန်အနေနှင့် ထိုသုံးချက်ကို လိုက်နာပါမည်လော။…
တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှီဖင်းက ‘အမေရိကန်ပြည်ထောင်စု၏ လုပ်ပုံကိုင်ပုံနှင့် မှားယွင်းသည့်မှတ်ချက်များအပေါ် တရုတ်နိုင်ငံ၏ ‘တင်းမာသော တုံ့ပြန်မှု’ ကို ဖော်ပြခဲ့သည်ဟု ဆိုပါသည်။ ဤတုံ့ပြန်ချက်တို့၏ မြစ်ဖျားခံရာ အကြောင်းအချက်များမှာ ကိုဗစ်-၁၉ ၏ မူလဇာစ်မြစ်၊ တိုင်ဝမ်၊ ရှင်ကျန်း၊ ဟောင်ကောင်နှင့် တောင်တရုတ်ပင်လယ်တို့နှင့်ပတ်သက်သည့် အမေရိကန်၏ အပြုအမူများပင် ဖြစ်၏။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အမေရိကန်တို့၏ အခြေခံနိုင်ငံရေးယုံကြည်ချက်နှင့် နိုင်ငံသားဘဝအပေါ် နှစ်ရှည်လများ ခြိမ်းခြောက်လျက်ရှိသည့်ကိစ္စများကို အာရုံစိုက်တတ်သူတစ်ယောက်ဟု ပြည်သူ့အမြင်တွင် ပေါ်လွင်စေရန် အားထုတ်လျက်ရှိသည်။
သူ့အပြောအရ တရုတ်နှင့် ရုရှားကဲ့သို့ အာဏာရှင်အစိုးရများက သူတို့၏နိုင်ငံရေးစနစ်ကို ဒီမိုကရေစီတန်ဖိုးများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်ကာ လောင်းကြေးထပ်နေသည့်အဖြစ်သည် ၂၁ ရာစုသို့ ရောက်ရှိချိန်၌ ရှုပ်ထွေးမြားမြောင်လှသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီဟု ဆိုလာပြန်သည်။
—————
ၿဗိတိန္ craft ship carrier ေတာင္တ႐ုတ္ပင္လယ္အတြင္းဝင္ေရာက္ပီေနာက္ သိသိသာသာ စစ္ေရးအရလႈပ္ခပ္ေနပါပီ
တ႐ုတ္ႏွင့္ အေမရိကန္အၾကား မလြဲမေသြ စစ္ခင္းၾကရန္မရွိ။ သို႔ေသာ္ ေတာင္တ႐ုတ္ပင္လယ္အတြင္း စစ္ပြဲပ်ိဳးသည့္ မ်ိဳးေစ့မ်ားရွိေနသည္ကေတာ့ ထိုသို႔ယတိျပတ္ေျပာဆိုရန္ ခပ္ခက္ခက္ဟု ဆိုရမည္။
၂၀၂၁ ခုႏွစ္ ဇူလိုင္ ၂၆ ရက္၊ တနလၤာေန႔က တီယန္က်င္းတြင္ က်င္းပခဲ့သည့္ အစည္းအေဝး၌ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ဝင္ဒီရွားမင္းကို တ႐ုတ္၏ ‘တားထားေသာ စည္းသုံးတန္’ ႏွင့္ပတ္သက္၍ ‘အေမရိကန္ျပည္ေထာင္စုအေနႏွင့္
တ႐ုတ္ႏိုင္ငံ၏ အုပ္ခ်ဳပ္မႈယႏၲရား လုပ္ပုံကိုင္နည္းအေပၚ ဆီလိုအေပါက္ရွာ ဆိုေရးမရွိေၾကာင္း၊ တ႐ုတ္၏ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚ ဝင္ေရာက္စြက္ဖက္ခြင့္မရွိေၾကာင္းႏွင့္ တ႐ုတ္၏အခ်ဳပ္အျခာအာဏာ သို႔မဟုတ္ နယ္နိမိတ္တည္တ့ံခိုင္ၿမဲမႈအေပၚ ခ်ိဳးေဖာက္ရန္ လုံးဝခြင့္ျပဳမည္ မဟုတ္ေၾကာင္း’ ရွင္းလင္းျပတ္သားစြာ ေျပာၾကားခဲ့၏။ အေမရိကန္အေနႏွင့္ ထိုသုံးခ်က္ကို လိုက္နာပါမည္ေလာ။
တ႐ုတ္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ရွီဖင္းက ‘အေမရိကန္ျပည္ေထာင္စု၏ လုပ္ပုံကိုင္ပုံႏွင့္ မွားယြင္းသည့္မွတ္ခ်က္မ်ားအေပၚ တ႐ုတ္ႏိုင္ငံ၏ ‘တင္းမာေသာ တုံ႔ျပန္မႈ’ ကို ေဖာ္ျပခဲ့သည္ဟု ဆိုပါသည္။ ဤတုံ႔ျပန္ခ်က္တို႔၏ ျမစ္ဖ်ားခံရာ အေၾကာင္းအခ်က္မ်ားမွာ ကိုဗစ္-၁၉ ၏ မူလဇာစ္ျမစ္၊ တိုင္ဝမ္၊ ရွင္က်န္း၊ ေဟာင္ေကာင္ႏွင့္ ေတာင္တ႐ုတ္ပင္လယ္တို႔ႏွင့္ပတ္သက္သည့္ အေမရိကန္၏ အျပဳအမူမ်ားပင္ ျဖစ္၏။
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္သည္ အေမရိကန္တို႔၏ အေျခခံႏိုင္ငံေရးယုံၾကည္ခ်က္ႏွင့္ ႏိုင္ငံသားဘဝအေပၚ ႏွစ္ရွည္လမ်ား ၿခိမ္းေျခာက္လ်က္ရွိသည့္ကိစၥမ်ားကို အာ႐ုံစိုက္တတ္သူတစ္ေယာက္ဟု ျပည္သူ႔အျမင္တြင္ ေပၚလြင္ေစရန္ အားထုတ္လ်က္ရွိသည္။
သူ႔အေျပာအရ တ႐ုတ္ႏွင့္ ႐ုရွားကဲ့သို႔ အာဏာရွင္အစိုးရမ်ားက သူတို႔၏ႏိုင္ငံေရးစနစ္ကို ဒီမိုကေရစီတန္ဖိုးမ်ားႏွင့္ ရင္ေဘာင္တန္း ယွဥ္ၿပိဳင္ကာ ေလာင္းေၾကးထပ္ေနသည့္အျဖစ္သည္ ၂၁ ရာစုသို႔ ေရာက္ရွိခ်ိန္၌ ရႈပ္ေထြးျမားေျမာင္လွေသာ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ေနရၿပီဟု ဆိုလာျပန္သည္။