အောင်ဘာလေ သိန်း ၅၀၀၀ နဲ့ ဆုကြီးတွေ တစ်ဦးတည်းပေါက်သွားတဲ့ သူ

ကိုဝင်းမင်း (နေပြည်တော်) ရှိလားဗျ။

ဆုငွေထုတ်ယူရန်ကြွပါ။

တစ်ယောက်တည်းအကုန်ဆွတ်ခူးသွားတာ 😄

ဒီ ထီပေါက်သူ ကိုဝင်းမင်းဆိုတာ ထီထိုးသူလား ထီရောင်းသူလားတော့ မသိရပါ

ဇူလိုင်လအတွင်း အောင်ဘာလေထီလက်မှတ် အုပ်ရေ ၁၄၀၀၀၀ ကျော်ပဲ ရောင်းချခဲ့ရတဲ့အတွက် ဩဂုတ် ၁ ရက်နေ့ ထီဖွင့်ပွဲမှာ ကျပ်သိန်း ၅၀၀၀ပဲ အမြင့်ဆုံး ပေးနိုင်ပါတယ်။

နိုင်ငံတဝန်း ဇူလိုင်လအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနက ထီလက်မှတ်အုပ်ရေစုစုစုပေါင်းရဲ့ ၂၀ရာခိုင်နှုန်းအောက် အုပ်ရေ ၁၄၀၀၀၀ ပဲ ရောင်းကုန်ခဲ့ပါတယ်။

ထီလက်မှတ်ရောင်းရငွေထဲက ၆၀ ရာခိုင်နှုန်းကို ဆုကြေးပြန်ပေးပြီး အမြင့်ဆုံးဆု အနေနဲ့ ငွေကျပ် သိန်း ၅၀၀၀ ဆုကိုပဲပေးနိုင်ပါတယ်။

————–


ဆုငွေထုတ်ယူရန်ကြွပါ။




