
ပြည်သူရွေးချယ်ထားတဲ့အစိုးရကိုပဲ အာဏာပြန်လွှဲပေးရမယ် (UK နိုင်ငံခြားရေးဝန်ကြီး)
၃ ဩဂုတ် ၂၀၂၁
အမည်ခံ အရေးပေါ်ကာလသက်တမ်းတိုးလိုက်တဲ့ မြန်မာစစ်တပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အာဏာကို အတင်းအဓမ္မဖက်တွယ်ထားဖို့ကျိုးစားတဲ့ အရှက်မရှိတဲ့ လုပ်ရပ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က ပြောလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကိုလေးစားဖို့လိုသလို ပြည်သူတွေဒီမိုကရေစီနည်းကျကျရွေးချယ်ထားတဲ့ အစိုးရကိုပဲ အာဏာပြန်လွှဲဲပေးရမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က သူ့တွစ်တာမှာ ဗြိတိန်အစိုးရရဲ့သဘောထားရပ်တည်ချက်ကို ရေးထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကနေ အသွင်ကူးပြောင်းလာမဲ့ အုပ်ချုပ်ရေးအဖွဲ့ ဘယ်လိုအဖွဲ့မျိုးကိုမှ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေကပြောဆိုထားပြီးဖြစ်ပါတယ်။
————–
ျပည္သူေ႐ြးခ်ယ္ထားတဲ့အစိုးရကိုပဲ အာဏာျပန္လႊဲေပးရမယ္ (UK ႏိုင္ငံျခားေရးဝန္ႀကီး)
၃ ဩဂုတ္ ၂၀၂၁
အမည္ခံ အေရးေပၚကာလသက္တမ္းတိုးလိုက္တဲ့ ျမန္မာစစ္တပ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အာဏာကို အတင္းအဓမၼဖက္တြယ္ထားဖို႔က်ိဳးစားတဲ့ အရွက္မရွိတဲ့ လုပ္ရပ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Dominic Rabb က ေျပာလိုက္ပါတယ္။
အာဏာသိမ္းစစ္တပ္ဟာ ျပည္သူေတြရဲ႕ ဒီမိုကေရစီလိုလားေတာင့္တမႈကိုေလးစားဖို႔လိုသလို ျပည္သူေတြဒီမိုကေရစီနည္းက်က်ေ႐ြးခ်ယ္ထားတဲ့ အစိုးရကိုပဲ အာဏာျပန္လႊဲဲေပးရမယ္လို႔လည္း ႏိုင္ငံျခားေရးဝန္ႀကီး Dominic Rabb က သူ႔တြစ္တာမွာ ၿဗိတိန္အစိုးရရဲ႕သေဘာထားရပ္တည္ခ်က္ကို ေရးထားပါတယ္။
အာဏာသိမ္းစစ္ေကာင္စီကေန အသြင္ကူးေျပာင္းလာမဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႕ ဘယ္လိုအဖြဲ႕မ်ိဳးကိုမွ အသိအမွတ္ျပဳမွာမဟုတ္ဘူးလို႔ ၿဗိတိန္အပါအဝင္ အေနာက္ႏိုင္ငံေတြကေျပာဆိုထားၿပီးျဖစ္ပါတယ္။