ပြည်သူတွေကို နားရွက်တံတွေးစွတ်လိုက်ပြီး သူ့ကိုယ်သူ ဝန်ကြီးချုပ်ကြောငြာလိုက်တဲ့ မအလ နှင့် နိုင်ငံတကာရဲ့တုန့်ပြန်မှု့

” သူ့ကိုယ်သူ ဝန်ကြီးချုပ်ကြောငြာလိုက်တဲ့ MAH နှင့် နိုင်ငံတကာရဲ့တုန့်ပြန်မှု့ ”

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ကြေငြာချက်ထုတ်လိုက်တယ် ။

” MAH က အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ၊ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေငြာလိုက်တာဟာ တရားမျှတမှု့မရှိဘူး ၊ အာဏာကိုခိုင်မာအောင် ဗြောင်ကျကျ ကြိူးပမ်းမှု့ဖြစ်တယ် ၊ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရရဲ့ အုပ်ချုပ်မှု့အောက်ကို ပြန်သွားရမယ် ” လို့ပြောထားပါတယ် ။

ကုလအဖွဲ့ရဲ့ ညေပာရေးဆိုခွင့်ရှိသူ Stephane Dujarric ကတော့ တနင်္လာနေ့က ဒီလိုပြောထားပါတယ် ။” မြန်မာစစ်ကောင်စီရဲ့ အရေးပေါ်ကြေငြာခြင်းနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ စီစဉ်မှု့တွေဟာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာတောင်းဆိုမှု့ဘောင်အတွင်းမှ မှားယွင်းသော လမ်းကြောင်းဆီသို့ လျှောက်လှမ်းလိုက်တာပါ ။

“ေ ရွးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူပြီး ခြောက်လအကြာမှာ အာဏာသိမ်းခေါင်းဆောင်ဟာ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေငြာလိုက်တယ် ။ ရွေးကောက်ပွဲ ထပ်မံကျင်းပဖို့ ၂ နှစ် အချိန်ယူလိုက်တယ် ။ ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကို ပိုဝေးသွားစေဖို့ ကြံစီလိုက်တာပါ ”

ဒါတွေကတော့ မြန်မာစစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရ ကြေငြာအပြီးမှာ နိုင်ငံတကာရဲ့ တုန့်ပြန်မှု့နဲ့ သူတို့အမြင်တွေပါ ။ ဒီအခြေအနေမှာ ကုလအဖွဲ့က မြန်မာပြည်အတွင်းကို ကုလလက်အောက်ခံ လူသားချင်းဆိုင်ရာ အကူအညီပေးရေး အက်ရှင်အတွက် ကြေငြာလိုက်တယ် ။

အက်ရှင်ထဲမှာ စစ်ရေးအက်ရှင်တော့ မပါသေးပါဘူး ။ ဒီအထဲမှာ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ကြီးလည်း ပါဝင်လာပါမယ် ။ ဒီအဖွဲ့ကြီးက မြန်မာပြည်အတွင်းမှာ အခြေဆိုက်ရုံး ရှိထားပေမယ့်လည်း ၊ ပိုမိုအင်အားများတဲ့ အင်အားနဲ့ အကူအညီပေးဖို့ ဝင်လာမှာပါ ။

အရေးပေါ် အကူအညီတောင်းခံလွှာ အမှတ် MDRMM 016 ကို ကြေငြာလိုက်တယ် ။

မြန်မာပြည်အတွင်းကို အင်နဲ့အားနဲ့ ဝင်လာမယ့် ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့တွေကတော့ ဒိန်းမတ် ၊ ဂျာမနီ ၊ ဖင်လန် ၊ နော်ဝေး ၊ ဆွီဒင်ကြက်ခြေနီအဖွဲ့တွေနဲ့ တူရကီ ၊ ကာတာ လခြမ်းနီအဖွဲ့တွေပါ ။ မြန်မာဟာ မကြာသောကာလမှာ ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်သလို လတ်တလော ကပ်ရောဂါ ကာကွယ်ဖို့အတွက် အက်ရှင်ဝင်ရတယ်လို့ ပြောထားပါတယ် ။

သုံးသပ်ရရင် ၊ အိမ်စောင့်အစိုးရကြေငြာပြီး သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ဘယ်သူမှအသိအမှတ်မပြုပဲ ကြေငြာလိုက်တဲ့ စစ်ကောင်စီကို တုန့်ပြန်ဖို့ ကုလအဖွဲ့ဟာ မြန်မာပြည်အတွင်းကို စစ်ရေးအက်ရှင်မဟုတ်တဲ့ ကူညီ ၊ စောင့်ကြည့်ဖို့ စိမ့်ဝင်လာတယ်လို့ ခန့်မှန်းရပါတယ် ။အာဆီယံအစည်းအဝေးမှာတော့ ကိုယ်စားလှယ်လက်ခံဖို့ အစနေ့မှာပဲ အင်ဒိုက တောင်းဆိုထားပါတယ် ။

ပြည်သူတွေကို နားရွက်တံတွေးစွတ်လိုက်တဲ့ စစ်ကောင်စီအပေါ်မှာ PDF တွေရဲ့ တုန့်ပြန်မှု့နဲ့ နိုင်ငံတကာရဲ့ တုန့်ပြန်မှု့က အရှိန်ပြင်းလာပါတယ် ။
ဘကြီးအောင် LA