ကြက်ဥကို နေ့တိုင်း ပုံမှန် စားသုံးတဲ့အခါမှာ ကြုံတွေ့လာရမယ့် ထူးခြားမှုလေးများ

ကြက်ဥကို နေ့တိုင်း ပုံမှန် စားသုံးတဲ့အခါမှာ ကြုံတွေ့လာရမယ့် ထူးခြားမှုလေးများ

လူအများစုက ကိုယ်နဲ့ အနီးဆုံးမှာ ရှိတဲ့ အရာတွေရဲ့ အဖိုးတန်မှုကို လွယ်လွယ်နဲ့ မြင်လေ့ မရှိကြပါဘူး။ ကြက်ဥလို အမြဲ ကိုယ့်နားမှာ

ရှိနေတတ်တဲ့ စားစရာမျိုးက ပေါပေါပဲပဲ ရတယ်ဆိုပေမယ့် သူ့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုနေတဲ့ အချက်တွေကတော့

အံ့သြလောက်စရာတွေ ရှိနေတာပါ။ အလွယ်တကူ ဝယ်ယူလို့ရပြီး အမြဲ မြင်တွေ့နေတာကြောင့် သတိမထားမိတတ်ကြတဲ့ ကြက်ဥရဲ့

ကောင်းကျိုးတွေလည်း ရှိနေပြီး ကြက်ဥကို နေ့တိုင်းသာ မှန်မှန်လေး စားသုံးမယ်ဆိုရင်တော့ ဒီလို ပြောင်းလဲမှုလေးတွေကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျစေတယ်

ကြက်ဥမှာ အသားဓာတ်နဲ့ အဆီဓာတ်တွေက မျှတစွာ ပါဝင်နေပါတယ်။ ကြက်ဥကို နေ့တိုင်းသာ စားသုံးပေးမယ်ဆိုရင်

ဗိုက်ပြည့်စေတာမျိုး ဖြစ်စေသလို ထူးခြားမှုအနေနဲ့ ကိုယ်အလေးချိန် လျော့ကျသွားဖို့ကိုပါ အထောက်အပံ့ ဖြစ်စေပါသေးတယ်။

ဒါပေမယ့် သူ့အချိန်နဲ့သူ စားမှသာ သင့်လျော်တဲ့ ရလဒ်တွေ ရစေတာ ဖြစ်ပါတယ်။ မနက်စာမှာ ကြက်ဥကို ထည့်သွင်းစားသုံးရင်တော့

ခန္ဓာကိုယ်ရဲ့ ဇီဝစနစ်ကို အားကောင်းစေပြီး အလွန်အကျွံ စားချင်စိတ် မဖြစ်အောင် အစားစားချင်စိတ်ကို ထိန်းညှိပေးတတ်ပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်

ဈေးနည်းနည်းနဲ့ အကျိုးကျေးဇူးများများပေးတဲ့ ကုန်ပစ္စည်းထဲမှာ ကြက်ဥလည်း ပါဝင်ပါတယ်။ အကုန်အကျ နည်းသလောက် ပြန်ရတဲ့

အကျိုးကျေးဇူးက အံ့မခန်းပါပဲ။ ကြက်ဥအနှစ်မှာ ဗီတာမင် D ပါဝင်တာကြောင့် အအေးမိတာ၊ နှာစေးတာမျိုးတွေကို အလျင်အမြန်

သက်သာစေပါတယ်။ ဒါ့အပြင် ကိုယ့်ခံအားကို ကောင်းမွန်စေတဲ့ အခြားသော ဗီတာမင်တွေနဲ့ သတ္ထုဓာတ်တွေလည်း ကြွယ်ဝစွာ

ပါဝင်နေပါသေးတယ်။ ဒါကြောင့် နေ့တိုင်းသာ ကြက်ဥကို စားပေးနေမယ်ဆိုရင် ကိုယ်ခံအားက ပြည့်နေမှာ ဖြစ်ပါတယ်။

ဦးနှောက်ကို အထောက်အကူပြုတယ်

ကြက်ဥကို နေ့တိုင်း စားပေးမယ်ဆိုရင် ဉာဏ်ကောင်းတဲ့ သူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ လွယ်လွယ်ကူကူ နားလည်နိုင်စွမ်း၊

ရှင်းရှင်းလင်းလင်း တွေးတောနိုင်စွမ်းနဲ့ ခေါင်းရှုပ်တာမျိုးတွေ လွယ်လွယ် မဖြစ်စေဖို့အတွက် ကြက်ဥက အထောက်အကူပြုနေပါတယ်။

အကြောင်းအရင်းကတော့ ကြက်ဥမှာ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေတဲ့ ဗီတာမင် B12 , ဗီတာမင် B6, Choline နဲ့ Folate

တို့လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် အမျိုးသမီး တစ်ယောက် နေ့စဉ် လိုအပ်နေတဲ့ Choline ဓာတ်ရဲ့ ၂၆ ရာနှုန်းကိုလည်း ကြက်ဥကနေ ရရှိပါသေးတယ်။

ကောင်းတဲ့ ကိုလက်စထရောတွေကို တိုးပွားလာစေတယ်

ကြက်ဥစားသုံးတာကနေ ရရှိလာနိုင်တာတွေထဲက အရေးပါတဲ့တစ်ခုကတော့ ကိုလက်စထရောပမာဏကို တိုးပွားလာစေတာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်ပြီး ကောင်းတဲ့ HDL ကိုလက်စထရောတွေကို တိုးပွားလာစေတာပဲဖြစ်ပါတယ်။ ဒီအချက်ကိုလည်း

ဆေးသုတေသနပေါင်းများစွာရဲ့ တွေ့ရှိချက်တွေက ထောက်ခံချက်ပြုထားပါတယ်။ ဒါကြောင့် နေ့စဉ်မှန်မှန် ကြက်ဥစားပေးမယ်ဆိုရင် ဒီထူးခြားမှုကို ရရှိမှာပါ။

အရေပြား ကျန်းမာရေးအတွက် ကောင်းတယ်

Selenium ဆိုတာ အရေပြားကျန်းမာရေးအတွက် မဖြစ်နေလိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကြက်ဥကတော့ ဒီဓာတ်ကို

များများစားစား ရရှိနိုင်တဲ့ အဓိက အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ကြက်ဥတစ်လုံးမှာ လူတစ်ယောက်အတွက် တစ်နေ့တာ Selenium

လိုအပ်ချက်ရဲ့ ၂၈ ရာခိုင်နှုန်းအထိ ပါဝင်လို့နေပါတယ်။ ကြက်ဥကို တစ်နေ့တစ်ခါ ပုံမှန်စားပေးရင်တော့ အရေပြားအတွက် လိုအပ်တဲ့ အစာအာဟာရကို ရစေပြီး

အရေးပြားကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေမှာပဲ ဖြစ်ပါတယ်။ ပြောရရင် အသားအရေအလှအတွက် ထူးခြားမှု ရှိစေတာ ဖြစ်ပါတယ်။

——————

ၾကက္ဥကို ေန႔တိုင္း ပုံမွန္ စားသုံးတဲ့အခါမွာ ၾကဳံေတြ႕လာရမယ့္ ထူးျခားမႈေလးမ်ား

လူအမ်ားစုက ကိုယ္နဲ႔ အနီးဆုံးမွာ ရွိတဲ့ အရာေတြရဲ့ အဖိုးတန္မႈကို လြယ္လြယ္နဲ႔ ျမင္ေလ့ မရွိၾကပါဘူး။ ၾကက္ဥလို အျမဲ ကိုယ့္နားမွာ

ရွိေနတတ္တဲ့ စားစရာမ်ိဳးက ေပါေပါပဲပဲ ရတယ္ဆိုေပမယ့္ သူ႔ရဲ့ က်န္းမာေရးကို အေထာက္အကူျပဳေနတဲ့ အခ်က္ေတြကေတာ့

အံ့ၾသေလာက္စရာေတြ ရွိေနတာပါ။ အလြယ္တကူ ဝယ္ယူလို႔ရၿပီး အျမဲ ျမင္ေတြ႕ေနတာေၾကာင့္ သတိမထားမိတတ္ၾကတဲ့ ၾကက္ဥရဲ့

ေကာင္းက်ိဳးေတြလည္း ရွိေနၿပီး ၾကက္ဥကို ေန႔တိုင္းသာ မွန္မွန္ေလး စားသုံးမယ္ဆိုရင္ေတာ့ ဒီလို ေျပာင္းလဲမႈေလးေတြကိုပါ ေတြ႕ရမွာ ျဖစ္ပါတယ္။

ကိုယ္အေလးခ်ိန္က်ေစတယ္

ၾကက္ဥမွာ အသားဓာတ္နဲ႔ အဆီဓာတ္ေတြက မၽွတစြာ ပါဝင္ေနပါတယ္။ ၾကက္ဥကို ေန႔တိုင္းသာ စားသုံးေပးမယ္ဆိုရင္

ဗိုက္ျပည့္ေစတာမ်ိဳး ျဖစ္ေစသလို ထူးျခားမႈအေနနဲ႔ ကိုယ္အေလးခ်ိန္ ေလ်ာ့က်သြားဖို႔ကိုပါ အေထာက္အပံ့ ျဖစ္ေစပါေသးတယ္။

ဒါေပမယ့္ သူ႔အခ်ိန္နဲ႔သူ စားမွသာ သင့္ေလ်ာ္တဲ့ ရလဒ္ေတြ ရေစတာ ျဖစ္ပါတယ္။ မနက္စာမွာ ၾကက္ဥကို ထည့္သြင္းစားသုံးရင္ေတာ့

ခႏၶာကိုယ္ရဲ့ ဇီဝစနစ္ကို အားေကာင္းေစၿပီး အလြန္အကၽြံ စားခ်င္စိတ္ မျဖစ္ေအာင္ အစားစားခ်င္စိတ္ကို ထိန္းညႇိေပးတတ္ပါတယ္။

ကိုယ္ခံအားစနစ္ကို ေကာင္းေစတယ္

ေဈးနည္းနည္းနဲ႔ အက်ိဳးေက်းဇူးမ်ားမ်ားေပးတဲ့ ကုန္ပစၥည္းထဲမွာ ၾကက္ဥလည္း ပါဝင္ပါတယ္။ အကုန္အက် နည္းသေလာက္ ျပန္ရတဲ့

အက်ိဳးေက်းဇူးက အံ့မခန္းပါပဲ။ ၾကက္ဥအႏွစ္မွာ ဗီတာမင္ D ပါဝင္တာေၾကာင့္ အေအးမိတာ၊ ႏွာေစးတာမ်ိဳးေတြကို အလ်င္အျမန္

သက္သာေစပါတယ္။ ဒါ့အျပင္ ကိုယ့္ခံအားကို ေကာင္းမြန္ေစတဲ့ အျခားေသာ ဗီတာမင္ေတြနဲ႔ သတၳဳဓာတ္ေတြလည္း ႂကြယ္ဝစြာ

ပါဝင္ေနပါေသးတယ္။ ဒါေၾကာင့္ ေန႔တိုင္းသာ ၾကက္ဥကို စားေပးေနမယ္ဆိုရင္ ကိုယ္ခံအားက ျပည့္ေနမွာ ျဖစ္ပါတယ္။

ဦးေႏွာက္ကို အေထာက္အကူျပဳတယ္

ၾကက္ဥကို ေန႔တိုင္း စားေပးမယ္ဆိုရင္ ဉာဏ္ေကာင္းတဲ့ သူတစ္ေယာက္ ျဖစ္လာေစနိုင္ပါတယ္။ လြယ္လြယ္ကူကူ နားလည္နိုင္စြမ္း၊

ရွင္းရွင္းလင္းလင္း ေတြးေတာနိုင္စြမ္းနဲ႔ ေခါင္းရႈပ္တာမ်ိဳးေတြ လြယ္လြယ္ မျဖစ္ေစဖို႔အတြက္ ၾကက္ဥက အေထာက္အကူျပဳေနပါတယ္။

အေၾကာင္းအရင္းကေတာ့ ၾကက္ဥမွာ အာ႐ုံစူးစိုက္မႈနဲ႔ မွတ္ဉာဏ္စြမ္းရည္ကို တိုးတက္ေစတဲ့ ဗီတာမင္ B12 , ဗီတာမင္ B6, Choline နဲ႔ Folate

တို႔လည္း ပါဝင္ေနပါတယ္။ ဒါ့အျပင္ အမ်ိဳးသမီး တစ္ေယာက္ ေန႔စဥ္ လိုအပ္ေနတဲ့ Choline ဓာတ္ရဲ့ ၂၆ ရာႏႈန္းကိုလည္း ၾကက္ဥကေန ရရွိပါေသးတယ္။

ေကာင္းတဲ့ ကိုလက္စထေရာေတြကို တိုးပြားလာေစတယ္

ၾကက္ဥစားသုံးတာကေန ရရွိလာနိုင္တာေတြထဲက အေရးပါတဲ့တစ္ခုကေတာ့ ကိုလက္စထေရာပမာဏကို တိုးပြားလာေစတာပဲ ျဖစ္ပါတယ္။

ခႏၶာကိုယ္အတြက္ လိုအပ္ၿပီး ေကာင္းတဲ့ HDL ကိုလက္စထေရာေတြကို တိုးပြားလာေစတာပဲျဖစ္ပါတယ္။ ဒီအခ်က္ကိုလည္း

ေဆးသုေတသနေပါင္းမ်ားစြာရဲ့ ေတြ႕ရွိခ်က္ေတြက ေထာက္ခံခ်က္ျပဳထားပါတယ္။ ဒါေၾကာင့္ ေန႔စဥ္မွန္မွန္ ၾကက္ဥစားေပးမယ္ဆိုရင္ ဒီထူးျခားမႈကို ရရွိမွာပါ။

အေရျပား က်န္းမာေရးအတြက္ ေကာင္းတယ္

Selenium ဆိုတာ အေရျပားက်န္းမာေရးအတြက္ မျဖစ္ေနလိုအပ္တဲ့ဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ၾကက္ဥကေတာ့ ဒီဓာတ္ကို

မ်ားမ်ားစားစား ရရွိနိုင္တဲ့ အဓိက အရင္းအျမစ္ပဲ ျဖစ္ပါတယ္။ ၾကက္ဥတစ္လုံးမွာ လူတစ္ေယာက္အတြက္ တစ္ေန႔တာ Selenium

လိုအပ္ခ်က္ရဲ့ ၂၈ ရာခိုင္ႏႈန္းအထိ ပါဝင္လို႔ေနပါတယ္။ ၾကက္ဥကို တစ္ေန႔တစ္ခါ ပုံမွန္စားေပးရင္ေတာ့ အေရျပားအတြက္ လိုအပ္တဲ့ အစာအာဟာရကို ရေစၿပီး

အေရးျပားက်န္းမာေရးကို ပိုမိုေကာင္းမြန္လာေစမွာပဲ ျဖစ္ပါတယ္။ ေျပာရရင္ အသားအေရအလွအတြက္ ထူးျခားမႈ ရွိေစတာ ျဖစ္ပါတယ္။

Credit