
ဖေဖော်ဝါရီ(၁)ရက်နေ့မှာ အာဏာသိမ်းတော့ ..
အင်တာနက်တွေပျက် .. ဘဏ်တွေ ရပ်သွားတော့ ..သြော် .. ငါတို့ ၂၀၀၃ ခုနှစ်ကို ပြန်ရောက်သွားပြီလို့ ..မတ်လဆန်းမှာ နေ့/ည သပိတ်တွေကိုဖြိုခွင်းတဲ့အခါ …လူတွေဖမ်း၊ ကျည်အစစ်နဲ့ သေအောင်ပစ်တော့ …သြော် .. ငါတို့ ၁၉၉၆ လောက်ကို ပြန်ရောက်သွားပြီလို့ ..
မတ်လကုန်ပိုင်းလောက် သပိတ်စစ်ကြောင်းတွေထောင်းထောင်းကြေ၊ အသေအပျောက်များလာတဲ့အခါ ..သြော် .. ငါတို့ ၁၉၈၈ ကို ပြန်ရောက်နေပြီလို့ …
ဒီလိုနဲ့ တစ်လပြီးတစ်လ ကုန်ဆုံးလာလိုက်တာ …ဇူလိုင် လလယ်လည်းရောက်ရော ကိုဗစ်တတိယလှိုင်းမှာအောက်ဆီဂျင်ကို ကန့်သတ်လိုက်တော့မှောင်ခိုဖြစ်သွားတဲ့အခါ ..သြော် .. ငါတို့ ၁၉၇၀ ခုနှစ်များက မှောင်ခိုခေတ်ကိုပြန်ရောက်သွားပြီလို့ ..
ဇူလိုင် လကုန်ပိုင်းမှာ အောက်စီဂျင်စက်ရုံတွေကိုအပြင်ပေးမရောင်းတော့ပဲ ရဲအစောင့်ချ ပိတ်ပင်လိုက်တဲ့အခါသြော် .. ငါတို့ ၁၉၆၂ ကို ပြန်ရောက်သွားပြီလို့ …
ဟော .. ခု ဒီနေ့ သြဂုတ်လ(၁)ရက် …အိမ်စောင့် အစိုးရ ဖွဲ့လိုက်ပြီတဲ့ …
သြော် .. ငါတို့ ၁၉၅၈ အောက်တိုဘာ ၂၈ ကိုပြန်ရောက်သွားပြီလို့ …
ဒီလိုနဲ့ (၆)လအကြာမှာ မြန်မာနိုင်ငံဟာ နှစ်ပေါင်း(၆၃)နှစ်တိတိ နောက်ပြန်ဆုတ်သွားခဲ့ပြီ။
—————-
ေဖေဖာ္ဝါရီ(၁)ရက္ေန႔မွာ အာဏာသိမ္းေတာ့ ..
အင္တာနက္ေတြပ်က္ .. ဘဏ္ေတြ ရပ္သြားေတာ့ ..ေၾသာ္ .. ငါတို႔ ၂၀၀၃ ခုႏွစ္ကို ျပန္ေရာက္သြားၿပီလို႔ ..မတ္လဆန္းမွာ ေန႔/ည သပိတ္ေတြကိုၿဖိဳခြင္းတဲ့အခါ …လူေတြဖမ္း၊ က်ည္အစစ္နဲ႔ ေသေအာင္ပစ္ေတာ့ …ေၾသာ္ .. ငါတို႔ ၁၉၉၆ ေလာက္ကို ျပန္ေရာက္သြားၿပီလို႔ ..
မတ္လကုန္ပိုင္းေလာက္ သပိတ္စစ္ေၾကာင္းေတြေထာင္းေထာင္းေၾက၊ အေသအေပ်ာက္မ်ားလာတဲ့အခါ ..ေၾသာ္ .. ငါတို႔ ၁၉၈၈ ကို ျပန္ေရာက္ေနၿပီလို႔ …
ဒီလိုနဲ႔ တစ္လၿပီးတစ္လ ကုန္ဆုံးလာလိုက္တာ …ဇူလိုင္ လလယ္လည္းေရာက္ေရာ ကိုဗစ္တတိယလႈိင္းမွာေအာက္ဆီဂ်င္ကို ကန႔္သတ္လိုက္ေတာ့ေမွာင္ခိုျဖစ္သြားတဲ့အခါ ..ေၾသာ္ .. ငါတို႔ ၁၉၇၀ ခုႏွစ္မ်ားက ေမွာင္ခိုေခတ္ကိုျပန္ေရာက္သြားၿပီလို႔ ..
ဇူလိုင္ လကုန္ပိုင္းမွာ ေအာက္စီဂ်င္စက္႐ုံေတြကိုအျပင္ေပးမေရာင္းေတာ့ပဲ ရဲအေစာင့္ခ် ပိတ္ပင္လိုက္တဲ့အခါေၾသာ္ .. ငါတို႔ ၁၉၆၂ ကို ျပန္ေရာက္သြားၿပီလို႔ …
ေဟာ .. ခု ဒီေန႔ ၾသဂုတ္လ(၁)ရက္ …အိမ္ေစာင့္ အစိုးရ ဖြဲ႕လိုက္ၿပီတဲ့ …
ေၾသာ္ .. ငါတို႔ ၁၉၅၈ ေအာက္တိုဘာ ၂၈ ကိုျပန္ေရာက္သြားၿပီလို႔ …
ဒီလိုနဲ႔ (၆)လအၾကာမွာ ျမန္မာႏိုင္ငံဟာ ႏွစ္ေပါင္း(၆၃)ႏွစ္တိတိ ေနာက္ျပန္ဆုတ္သြားခဲ့ၿပီ။