မြန်မာပြည်အတွက်ကတော့ လက်ရှိအတိုင်းဆို ဂေါင်းကြိးတို့အကြီးအကျယ် ပြသနာတက်သွားနိုင်

မြန်မာပြည်အတွက်ကတော့ လက်ရှိအတိုင်းဆို ဂေါင်းကြိးတို့အကြီးအကျယ် ပြသနာတက်သွားနိုင်ပါတယ်

သူ့ကိုယ်သူ ဝန်ကြီးချုပ်ကြောငြာလိုက်တဲ့ MAHကို နိုင်ငံတကာက ဘယ်လိုတုံ့ပြန်လဲ

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ကြေငြာချက်ထုတ်လိုက်တယ် ။

” MAH က အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ၊ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေငြာလိုက်တာဟာ တရားမျှတမှု့မရှိဘူး ၊ အာဏာကိုခိုင်မာအောင် ဗြောင်ကျကျ ကြိူးပမ်းမှု့ဖြစ်တယ် ၊ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရရဲ့ အုပ်ချုပ်မှု့အောက်ကို ပြန်သွားရမယ် ” လို့ပြောထားပါတယ် ။

ကုလအဖွဲ့ရဲ့ ညေပာရေးဆိုခွင့်ရှိသူ Stephane Dujarric ကတော့ တနင်္လာနေ့က ဒီလိုပြောထားပါတယ် ။

” မြန်မာစစ်ကောင်စီရဲ့ အရေးပေါ်ကြေငြာခြင်းနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ စီစဉ်မှု့တွေဟာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာတောင်းဆိုမှု့ဘောင်အတွင်းမှ မှားယွင်းသော လမ်းကြောင်းဆီသို့ လျှောက်လှမ်းလိုက်တာပါ ။

“ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူပြီး ခြောက်လအကြာမှာ အာဏာသိမ်းခေါင်းဆောင်ဟာ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေငြာလိုက်တယ် ။ ရွေးကောက်ပွဲ ထပ်မံကျင်းပဖို့ ၂ နှစ် အချိန်ယူလိုက်တယ် ။ ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကို ပိုဝေးသွားစေဖို့ ကြံစီလိုက်တာပါ ”

ဒါတွေကတော့ မြန်မာစစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရ ကြေငြာအပြီးမှာ နိုင်ငံတကာရဲ့ တုန့်ပြန်မှု့နဲ့ သူတို့အမြင်တွေပါ ။

ဒီအခြေအနေမှာ ကုလအဖွဲ့က မြန်မာပြည်အတွင်းကို ကုလလက်အောက်ခံ လူသားချင်းဆိုင်ရာ အကူအညီပေးရေး အက်ရှင်အတွက် ကြေငြာလိုက်တယ် ။

အက်ရှင်ထဲမှာ စစ်ရေးအက်ရှင်တော့ မပါသေးပါဘူး ။ ဒီအထဲမှာ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ကြီးလည်း ပါဝင်လာပါမယ် ။ ဒီအဖွဲ့ကြီးက မြန်မာပြည်အတွင်းမှာ အခြေဆိုက်ရုံး ရှိထားပေမယ့်လည်း ၊ ပိုမိုအင်အားများတဲ့ အင်အားနဲ့ အကူအညီပေးဖို့ ဝင်လာမှာပါ ။

အရေးပေါ် အကူအညီတောင်းခံလွှာ အမှတ် MDRMM 016 ကို ကြေငြာလိုက်တယ် ။

မြန်မာပြည်အတွင်းကို အင်နဲ့အားနဲ့ ဝင်လာမယ့် ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့တွေကတော့ ဒိန်းမတ် ၊ ဂျာမနီ ၊ ဖင်လန် ၊ နော်ဝေး ၊ ဆွီဒင်ကြက်ခြေနီအဖွဲ့တွေနဲ့ တူရကီ ၊ ကာတာ လခြမ်းနီအဖွဲ့တွေပါ ။

မြန်မာဟာ မကြာသောကာလမှာ ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်သလို လတ်တလော ကပ်ရောဂါ ကာကွယ်ဖို့အတွက် အက်ရှင်ဝင်ရတယ်လို့ ပြောထားပါတယ် ။

သုံးသပ်ရရင် ၊ အိမ်စောင့်အစိုးရကြေငြာပြီး သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ဘယ်သူမှအသိအမှတ်မပြုပဲ ကြေငြာလိုက်တဲ့ စစ်ကောင်စီကို တုန့်ပြန်ဖို့ ကုလအဖွဲ့ဟာ မြန်မာပြည်အတွင်းကို စစ်ရေးအက်ရှင်မဟုတ်တဲ့ ကူညီ ၊ စောင့်ကြည့်ဖို့ စိမ့်ဝင်လာတယ်လို့ ခန့်မှန်းရပါတယ် ။

အာဆီယံအစည်းအဝေးမှာတော့ ကိုယ်စားလှယ်လက်ခံဖို့ အစနေ့မှာပဲ အင်ဒိုက တောင်းဆိုထားပါတယ် ။

ပြည်သူတွေကို နားရွက်တံတွေးစွတ်လိုက်တဲ့ စစ်ကောင်စီအပေါ်မှာ PDF တွေရဲ့ တုန့်ပြန်မှု့နဲ့ နိုင်ငံတကာရဲ့ တုန့်ပြန်မှု့က အရှိန်ပြင်းလာပါတယ် ။

ဘကြီးအောင် LA

COVID နဲ့ လုံးပန်းနေရတုန်းမှာပဲ အင်ဒိုပစိဖိတ်ဒေသမှာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ငြိမ်သက်နေတဲ့ ဗြိတိန်ရဲ့ စစ်သင်္ဘောအုပ်စုကြီး တောင်တရုတ် ပင်လယ်ထဲဝင်လာတာ တရုတ်ကို ဒေါပွစေပါတယ်။

ဗြိတိန်၊အမေရိကန်နဲ့ Quad တပ်တွေနဲ့ လက်ရှိ ကမ္ဘာပေါ်မှာ စစ်အင်အား အများဆုံးရောက်နေတဲ့ဒေသက အင်ဒိုပစိဖတ်ဒေသပါ။

အခုနောက်ဆုံး ဂျာမနီစစ်သင်္ဘောပါ အင်ဒိုပစိဖိတ်ဒေသကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ရှားပါးဖြစ်စဉ်ပါ။

စင်ကာပူ၊ ဩဇီတို့မှာ ရပ်နားထားဖွယ်ရှိပါတယ်။ ဂျာမန်တို့ဟာ စစ်နဲ့ ဝေးဝေးနေတာ ကြာပါပြီ။

ဒုတိယကမ္ဘာစစ်ရဲ့ ဘီလူးကြီးတွေဖြစ်တဲ့ ဂျာမနီနဲ့ ဂျပန်တို့ဟာ ဒီဘက်နှစ်တွေမှာ စစ်အင်အားကို အလျင်အမြန်ပြန်လည်တိုးချဲ့နေပါတယ်။

မတူညီတာကတော့ အခုအခါမှာ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ဂျပန် အားလုံးဟာ ဘက်တဖက်တည်းကနေ အတူတူရပ်တည်နေတာပါပဲ။

ကမ္ဘာစစ်ရဲ့ ဘီလူးကြီးတွေ လက်ရုံးပြန်ဆန့်လာတာဟာ အာရှတိုက်အတွက်တော့ ရင်ခုန်စရာပါ။

ဒီတပတ်လုံး ကျင်းပမည့် အာဆီယံအစည်းအဝေးတွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က နေ့တိုင်းတက်ရောက်မှာပါ။

ဘိုင်ဒန်ကတော့ အာဆီယံဒေသကို အထူးဂရုစိုက်ခြင်းနဲ့အတူ စိနကို soft power နဲ့ Hard power ညှပ်ပြီး ကိုင်တွယ်ဖို့ ပြငိဆင်နေပါပြီ။

မြန်မာပြည်အတွက်ကတော့ လက်ရှိအတိုင်းဆို ဂေါင်းကြိးတို့အကြီးအကျယ် ပြသနာတက်သွားန်ိုင်ပါတယ်။ စောင့်ကြည့်ကြပါစို့။

Nay Thway