KIAနဲ့ ကချင်လူမျိုးတို့ပြောတဲ့ ​အောင်လအန်ဆိုင်းအ​ကြောင်း

KIAနဲ့ ကချင်လူမျိုး တို့ ​ပြောတဲ့ ​အောင်လအန်ဆိုင်းအ​ကြောင်း။

မြန်မာ့ဂုဏ်​ဆောင် ​အောင်လအန်ဆိုင်းကို ​ဝေဖန်တိုက်ခိုက်​နေတဲ့ သူတချို့ကို KIAတပ်မ​တော်သားများနဲ့ ကချင်လူမျိုးတို့က ထိုကဲ့သို့ မပြုလုပ်ကြပါရန် ယခုကဲ့သို့ ​တောင်းပန်စကား ဆိုခြင်း ပဲ ဖြစ်ပါတယ်။

” ​အောင်လအန်ဆိုင်း ကို မဆဲကြပါနဲ့ဗျ။ ကျနော် တို့ ကချင်လူမျိုး တွေက ​အောင်လအန်ဆိုင်း ကို အရမ်းချစ်ကြတာ။

ဟိုရက်က ​အောင်လ ပွဲ ခနလေးနဲ့ နိင်လို့ပျော်နေတဲ့အချိန် ဖုန်းဝင်လာလို့ ကြည့်မိတော့ ” ဟာ ဒီလူ တိုက်ပွဲ ကို ဦးစီး နေရမှာ မလားဘာ့ကြောင့် ဖုန်း ဆက်လာတာပါလိမ့် ” တွေးပြီး တော့ ဖုန်းကိုင်လိုက်တာနဲ့

” ​အောင်လ ပွဲ ဘယ်လို ဖြစ်နေ ပြီလဲ သူ နိင်မှ ဖြစ်မှာ ” ဆိုပြီး တန်းမေးတော့တာပဲ ။

” အင်း ​အောင်လ နိုင်သွားပြီ ညာလက်သီးကြီးနဲ့ကို ပွဲ သိမ်း လိုက်တာ ဒါနဲ့ ခင်ဗျားက ဘာလုပ်နေလဲစစ်မတိုက်သေးဘူးလား ” ဝေးး ဆိုတဲ့ အသံတွေနဲ့ အတူ ” ခုနတုန်းက ပစ်နေကြတယ်လေ။

သတင်းပေးပြီးသားပဲ အခု ​အောင်လ ပွဲ ရလဒ် သိချင်လို့၃ မိနစ်လောက် ဖုန်း စပီကာ ဖွင့် ပြီး ရဲဘော် တွေရော လာနားထောင် လို့ရအောင် မေးနေတာ ။

စိတ်ချလိုက် တော့ ဒီည ​အောင်လ အတွက် လက်ဆောင် အနေနဲ့မအလ တွေကို အသေဆော်ပြမယ် ” တဲ့. တကယ်လည်း အောင်ပွဲ ရလာပါတယ် ။

အဲ့ဒီ လောက် ထိ ​အောင်လ ကို ချစ်ကြတာ။တိုက်ပွဲ သတင်းကို Group ထဲ သွားပြောတော့လဲ ” ခင်ဗျား ကလဲ ဘာတွေ လာပြောနေတာတုန်း ဒီမှာ ​အောင်လ နိင်တဲ့ အကြောင်းကို ​ပြောနေကြတာကို ” ဆိုပြီး မိတ်ဆွေတွေက ဆဲလွတ်တယ်။

ဒါ့ကြောင့် ပြောတာ။ကျနော် တို့ ကချင် လူမျိုး တွေက ​အောင်လအန်ဆိုင်း ကို အရမ်းချစ်တာလို့။သူ့ကို ဆဲရင် ကျနော် တို့ ကို ဆဲတာထက် ပိုနာ တယ်ဗျ။

လူ အချို့ ဆဲနေတဲ့ ​အောင်လ ဆိုတဲ့ သူဟာ စစ်ရှောင်စခန်းက ကလေးငယ် တွေကို ပျော်ရွင်အောင် လုပ်ပေးနေသူ။

နှင်းတောထဲ မှာ ကင်းစောင့်နေတဲ့ KIA ရဲဘော် ဟာ ​အောင်လ နိုင်ပြီ လို့ကြားရင် ရင်ထဲမှာ နွေးထွေး သွားကြတာ။

​အောင်လအန်ဆိုင်း ဆိုတာ ကျနော်တို့ အတွက် အရမ်းကို ရင်းနှီးတဲ့ သူ တစ်ဦး ဗျ။ ကိုယ်နဲ့ အရမ်း ရင်းနှီးတဲ့ သူကို ဆဲရင်ဘယ်သူတွေ ကမှ မကြိုက်ပါဘူး။ ဒါ့ကြောင့် ​’အောင်လ’ ကြီးကို မဆဲ ကြပါနဲ့ နော်။ သူက ကျနော်တို့အတွက် မိသားစုတစ်ဦးဖြစ်လို့ပါ။

​အောင်လအန်ဆိုင်း က လက်သုံးချောင်း မထောင်တာက ခင်ဗျားတို့ဒုက္ခကို မစာနာလို့ မဟုတ်ပါဘူး။ကချင်တို့ရဲ့ စရိုက်တမျိုးပါ။

ကိုယ်က မကူညီနိင်သေးရင် စိတ်ထဲမှာပဲထားပြီး ကူညီဖို့ ကြိုးစားနေတတ်တာမျိုး။ သူ့အနေနဲ့ facebook ပေါ်ကနေ “စာနာ ပါတယ်နော်” ဘာညာတွေကို လက်တွေ့မကူညီနိင်သေးပဲ ပြောချင်ပုံမရဘူး။

ကချင်လူမျိုးတွေ အရမ်းကို ဒုက္ခရောက်နေချိန်မှာတောင် သူကဘာမှ သိပ်ပြောတာမရှိဘူး။ လက်တွေ့ပဲ ကူညီခဲ့တာ။

“ပါးစပ်နဲ့ပဲ ပြောတတ်တာ လက်တွေ့က ဘာမှမလုပ်ဘူးဆိုတာမျိုး အပြောခံရမှာ ကချင် တွေ ရှက်တယ် “သူ ကူညီနိင်တဲ့အနေအထားမှာ ကူညီဖို့ အဆင်သင့် ရှိနေပြီးသားဆိုတာကိုတော့ယုံကြည်ပါတယ်၊ ​အောင်လ လက်သုံးချောင်းမထောင်လို့ စိတ်ဆိုး နေတယ်ဆိုရင်လဲ ကျနော်တို့တွေ လက်ပေါင်းများစွာ ထောင်ပေးပါ့မယ်။

နွေဦးတော်လှန်ရေး အမြန်ဆုံး အနိင်ရဖို့ အသေခံကိစ္စ တွေ လုပ်စရာ ရှိရင်လည်းနောက် မတွန့် ပါဘူး ​အောင်လ ကြီး ကိုတော့ မဆဲ ကြပါနဲ့။

သူ့ကိုဆဲရင်ကျနော်တို့ စိတ်ထဲ မှာ ငါတို့ ကို အခုထိ လူအုပ်ကြီး နဲ့ အနိင်ကျင့် နေတုန်းပဲ လို့ခံစားနေရတယ် ဗျ။

ဒီနိင်ငံကြီးအတွက် ကျနော်တို့တွေ အစွမ်းကုန် ကြိုးစားပြီး ဖယ်ဒရယ် ပြည်ထောင်စုကြီး ဖြစ်လာအောင် ကြိုးစားပါ့မယ် ။

ကျနော်တို့ ဗဟိုအစိုးရမှာလဲ အာဏာတက် မယူပါဘူး ကျနော်တို့ ပြည်နယ ထဲမှာ ငြိမ်းချမ်းစွာနေရရင်ကို ကျေနပ်ပါပြီ။နှစ်ပေါင်းများစွာ အတူတူ နေလာတဲ့ ခင်ဗျားတို့ ကို သံယောဇဉ် ရှိပြီး သားပါ။ လိုအပ်ရင်ခေါ်လိုက်ပါ။

အပြန်အလှန် အနေနဲ့ ကျနော်တို့အချစ်တော်, ကျနော်တို့ မိသားစုတစ်ဦးလို သဘောထားတဲ့သူကို တော့ အပြစ်မရှိပဲ မဆဲကြပါနဲ့နော်။

ဒီနေ့အထိ ​အောင်လအန်ဆိုင်း ကို ဆဲနေတာတွေ့လို့ ကျနော်တို့ဘက်က ဘယ်လို ခံစားရတယ် ဆိုတာ ကို ရှင်းပြတာပါ။

#AungLaNSang#KIA
Source: #kachinliberationmedia