
မြိုင်မြို့နယ်ဗဟင်းကျေးရွာတိုက်ပွဲတွင်(1.8.21)နေ့ညနေ6.00ခန့်မှာကြဆုံးသွားသောမြိုင်PDFခေါင်းဆောင်ကိုဖိုးဌေး၏သမီးလေးမှသူ့ဖခင်နဲ့ပတ်သက်ပီးသူမရဲ့အကောင့်မှာခုလိုရေးသားထားပါတယ်..
အော်ဦးဖိုးဌေးတဲ့နော်၂၀၁၂NLDပါတီထဲစဝင်ကထဲကလုပ်လိုက်တဲ့ပါတီနိုင်ငံရေး၂၀၁၅ကိုယ့်အစိုးရလက်ထပ်မှာလဲလုပ်လိုက်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ
ရပ်ကွက်အတွက်ရောမြို့နယ်အတွက်ပါဖွံ့ဖြိုးဖို့လုပ်လိုက်တာကိုယ့်အိမ်ကိုယ့်စီးပွားတောင်အဲ့လောက်စိတ်ဝင်တစားမလုပ်ဖူးတဲ့ ငါ့ဖေဖေ
သူ့အိတ်ထဲကနေတောင်ထုပ်ထုပ်ပြီးလုပ်တာအတိုက်အခံတွေကလဲများလိုက်တာခိုင်းကောင်းလို့ခိုင်းနေတာကိုအဟုတ်ကြီးထင်နေတယ်ပြောတဲ့သူနဲ့
လူမိုက်ငှားထားတာလို့ပြောတဲ့သူတွေနဲ့ငါ့ဖေဖေလေးပင်ပန်းခဲ့ပါတယ်အများအကျိုးအတွက်ဖေဖေလုပ်ခဲ့တဲ့အရာတွေ မနည်းပါဘူး
အာဏာစသိမ်းတဲ့Feb1ရက်နေ့ကထဲကပြောသွားတဲ့စကားလေး”သမီးရေဖေဖေကအခုမှတကယ့်နိုင်ငံရေးကိုလုပ်တာ
တကယ့်နိုင်ငံ့အရေးကိုလုပ်တော့မှာသမီးတို့အဆိုးဆုံးထိတွေးထားကြ“တဲ့နဖူးလေးကိုနမ်းပြီးပြောတဲ့စကား အဲ့အချိန်ကထဲက
အိမ်မှာမနေပဲဟိုပြေးဒီပြေးနဲ့နေခဲ့ရတာသပိတ်တွေမှောက်ဆန္ဒတွေပြတော့လဲရှေးဆုံးကနေမားမားမတ်မတ်ရပ်တည်ပြီး အားတက်သရောနဲ့
ဘသူတွေဘလိုတိုက်ခိုက်တိုက်ခိုက်ကိုယ်ကခံပြင်းရင်တောင်ဂရုမစိုက်နဲ့ကိုယ့်ဦးတည်ချက်ကိုရောက်အောင်သွားရမှာတဲ့
မိသားစုတစ်ကွဲတစ်ပြားနဲ့နေရတော့လဲအရမ်းသံယောဇဉ်ကြီးတဲ့ငါ့အဖေဘလောက်ခံစားလိုက်ရမလဲ ဒီကြားထဲ သူ့ညီအရင်းသေတယ်
သူတော်တော်ခံစားသွားရတယ်နောက်ထပ်သူ့ညီလိုအားကိုးရတဲ့ညီတစ်ယောက်ထပ်သေတော့ ဖုန်းပြောတာတောင်ဆုံးအောင်မပြောနိုင်ဘူး
အသံတွေဝင်အောင်ငိုလိုက်တာအဲ့လောက်သံယောဇဉ်ကြီးရသလားငါ့အဖေရယ်အမြဲပြောနေကျစကားလေး
“ဖေဖေကဖေဖေ့ကိုယ်ကိုသရဏဂုံတည်ထားတာဖေဖေအဆုံးထိတိုက်မှာတဲ့ဖေဖေအဖမ်းခံရရင်တောင်ဘသူ့မှာဒုက္ခမပေးဘူးကိုယ့်ကိုကို
သက်သေလိုက်မှာတဲ့ခေါင်းဆောင်လုပ်နေပြီးရှေ့ကမထွက်ပဲဖေဖေမနေနိုင်ဘူးတဲ့လိပ်ပြာမလုံဘူးတဲ့ဖေဖေ့ရဲဘော်တွေကိုဖေဖေအ
ထိခိုက်မခံဘူးတဲ့”အပြောနဲ့အလုပ်နဲ့တစ်ထပ်ထဲပါပဲဖေဖေရယ်မနေ့ကကြားရတဲ့သတင်းကတော့သူမကျခင်လေးမှာ “မင်းတို့နောက်ဆုတ်တော့”
တဲ့သူ့ရဲဘော်တွေကလဲနောက်မဆုတ်တော့“ငါအမိန့်ပေးတာအခုချက်ချင်းနောက်ဆုတ်”ဆိုပြီးတစ်ယောက်ထဲကာပစ်ပေးရင်းနဲ့
ရင်ဘက်ကိုထိသွားတယ်တဲ့ကျဆုံးသွားတာတောင်သေနတ်လေးကိုရင်ဘက်မှာပိုက်သွားရှာတာတဲ့ရင်တွေနာရပါတယ် ဖေဖေရယ်
တစ်မျိုးလုံးကဖေဖေ့ကိုအားကိုးနေရတာလေအခုသမီးတို့့လိုရှေ့ဆက်ကြရတော့မှာလဲ
ဖေဖေကျဆုံးသွားတာနဲ့တင်ဒီတော်လှန်ရေးကြီးကိုအဆုံးထိတိုက်ပေးကြမယ်အပျော်အပါးတွေလျော့ပြီး တော်လှန်ရေးကိုပဲတစ်စိုက်မတ်မတ်
လုပ်ဆောင်ပေးကြမယ်ဆိုရင်ကျွန်မအဖေအသက်ကိုပေးလိုက်ရတာကျေနပ်ပါတယ်ဖေဖေ့အတွက်အမြဲ ဂုဏ်ယူနေမှာပါ
စိတ်ချလက်ချသာအေးချမ်းတဲ့နေရာမှာရှိနေပေးပါဖေဖေရယ်သမီးဘဝရဲ့အကြီးမားဆုံးဆုံးရှုံးမှုကြီးပါပဲ
ဖေဖေ့ရဲဘော်ရဲဘက်တွေကိုမသိပေမယ့်ဖေဖေ့အတွက်ပိုပြီးတိုက်ပွဲဝင်ပေးကြပါလို့တောင်းဆိုပါတယ်။နွေဦးနှင်းမောင်accမှကူးယူဖေါ်ပြသည်။
လေးစားစွာဖြင့်- ခရက်ဒစ်