မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံဒုနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ပြီ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံဒုနိုင်ငံခြားရေး၀န်ကြီးကို ခန့်အပ်

သြဂုတ်-၄-၂၀၂၁

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး Erywan Yusof ကိုအာဆီယံအဖွဲ့က ခန့်အပ်လိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်လေးဦးက ရိုက်တာကိုပြောပါတယ်။

ဒါပေမယ့် မြန်မာအာဏာပိုင်တွေကတော့ အထူးသံတမန်အဖြစ် ထိုင်းလက်ထောက်နိုင်ငံခြားရေး၀န်ကြီးဟောင်း Virasakdi Futrakul ကိုခန့်အပ်ဖို့လိုလားနေတာကြောင့် Erywan Yusof ကိုခန့်အပ်ရေး နှောင့်နှေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ခန့်အပ်ရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်းမှာလည်း မတူကွဲပြားမှုတွေ လအတန်ကြာဖြစ်ပေါ်ခဲ့ပါတယ်။

အထူးသံတမန်ဟာ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ အတိုက်အခံတွေကြားမှာ အကြမ်းဖက်မှုတွေလျှော့ချဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ပေးဖို့ အားထုတ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိဖို့အတွက် အဖွဲ့၀င် ၁၀ နိုင်ငံပါ၀င်တဲ့ အာဆီယံအဖွဲ့က သံတမန်ရေးရာအားထုတ်မှုတွေကို ဦးဆောင်မှုပြုဖို့ တရုတ်၊ အမေရိကန်အပါအ၀င် ကုလသမဂ္ဂနဲ့ နိုင်ငံအများအပြားက တိုက်တွန်းထားပါတယ်။

Photo: ST Crd – vom

————-

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးသံတမန္အျဖစ္ ဘ႐ူႏိုင္းႏိုင္ငံဒုႏိုင္ငံျခားေရး၀န္ႀကီးကို ခန႔္အပ္

ၾသဂုတ္-၄-၂၀၂၁

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးသံတမန္အျဖစ္ ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Erywan Yusof ကိုအာဆီယံအဖြဲ႕က ခန႔္အပ္လိုက္တယ္လို႔ သံတမန္သတင္းရင္းျမစ္ေလးဦးက ႐ိုက္တာကိုေျပာပါတယ္။

ဒါေပမယ့္ ျမန္မာအာဏာပိုင္ေတြကေတာ့ အထူးသံတမန္အျဖစ္ ထိုင္းလက္ေထာက္ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း Virasakdi Futrakul ကိုခန႔္အပ္ဖို႔လိုလားေနတာေၾကာင့္ Erywan Yusof ကိုခန႔္အပ္ေရး ေႏွာင့္ေႏွးေနတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးသံတမန္ခန႔္အပ္ေရးနဲ႔ပတ္သက္ၿပီး အာဆီယံအဖြဲ႕အတြင္းမွာလည္း မတူကြဲျပားမႈေတြ လအတန္ၾကာျဖစ္ေပၚခဲ့ပါတယ္။

အထူးသံတမန္ဟာ ျမန္မာစစ္ဘက္တာ၀န္ရွိသူေတြနဲ႔ အတိုက္အခံေတြၾကားမွာ အၾကမ္းဖက္မႈေတြေလွ်ာ့ခ်ဖို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးေရး လမ္းဖြင့္ေပးဖို႔ အားထုတ္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ တည္ၿငိမ္ေအးခ်မ္းမႈျပန္လည္ရရွိဖို႔အတြက္ အဖြဲ႕၀င္ ၁၀ ႏိုင္ငံပါ၀င္တဲ့ အာဆီယံအဖြဲ႕က သံတမန္ေရးရာအားထုတ္မႈေတြကို ဦးေဆာင္မႈျပဳဖို႔ တ႐ုတ္၊ အေမရိကန္အပါအ၀င္ ကုလသမဂၢနဲ႔ ႏိုင္ငံအမ်ားအျပားက တိုက္တြန္းထားပါတယ္။

Photo: ST Crိ – vom