
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိပြီး International Institute of Social Studies မှ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအထူးပြု မဟာဘွဲ့နှင့် စာပေဆိုင်ရာ ဒေါက်တာဘွဲ့ရရှိထားသူ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်ကမြေ ၁ ပေကို ၃၀၀၀၀ ကျပ်ကုန်ကျလျှင် ၁ ကိုက်ကို ၁၂၀၀၀၀ ကျပ်ကုန်ကျမည်ဟု ပြောကြားခဲ့သည်။
” ဒါက ရိုးရိုးရှင်းရှင်းလေးပဲ။ မြေအလျား ၁ ပေကို ၃၀၀၀၀ ကျပ်နဲ့တွက်မယ်ဆို ၁ ကိုက်မှာ ၁၂၀၀၀၀ ကျပ်ကုန်ကျမယ်။ ဟုတ်တယ်မလား။ ငယ်ငယ်က ကျောင်းမှာသင်လာတာ ဘာတဲ့။ ၁၂ လက်မ ၁ ပေ၊ ၄ ပေ ၁ ကိုက်၊ ၂၂ ကိုက် ၁ သံကြိုး၊ ၁၀ သံကြိုး ၁ ဖာလုံ၊ ၈ ဖာလုံ ၁ မိုင်။ ဒါက သူငယ်တန်းကလေးတောင်သိတဲ့ကိစ္စပဲ။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘာလို့မသိရတာလဲ။ ၁ ကိုက်အတွက် အစိုးရဆီကနေ သူတို့က ၉၀၀၀၀ ကျပ်တောင်းတယ်၊ ဒါပေမယ့် တွက်ကြည့်လိုက်ရင် တစ်ပေကို သုံးသောင်း၊ တစ်ကိုက်ကို တစ်သိန်းနှစ်သောင်းကျတယ်။
လက်တွေ့မှာ လိုအပ်နေတဲ့ ၃၀၀၀၀ ကပျောက်သွားမယ်။ အဲ့တော့ စီမံကိန်းထဲကအတိုင်း မဖြစ်တော့ဘူး။ ဒါက ၁ ကိုက်နဲ့ ပြောတာ။ ဆောက်လုပ်ရေးမှာ ကိုက်ထောင်ချီတဲ့အထိ ပြဿနာဖြစ်မှာ။
ဒီလိုမျိုး အမှားအယွင်းတွေကို ဝန်ကြီးဌာနက ဂရုမစိုက်တဲ့အခါ အောက်မှာလုပ်ရတဲ့သူတွေက ဘက်ဂျက် မလုံလောက်လို့ အခက်အခဲတွေဖြစ်စေတယ် “ဟု ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ဝေဖန်ပြောကြားခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်မှခွဲဝေထုတ်ပေးသော အစိုးရဘက်ဂျက် မလုံလောက်မှုများမဖြစ်ပေါ်စေရန် မြေစာရင်းနှင့်အသုံးစရိတ်များမှားယွင်းမှုကို ဝန်ကြီးဌာနအနေဖြင့် ထိရောက်စွာ ဂရုစိုက်စစ်ဆေးသင့်ကြောင်း၊
စာရင်းချုပ်ဌာနများအထိရောက်ရှိပြီးမှ အောက်ခြေတွင်ဖြစ်ပေါ်ထားသော အခက်အခဲများကို ပြေလည်စေရန် မလွယ်ကူကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်မှ ဆက်လက်ပြောကြားခဲ့သည်။
⚖️ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ⚖️
————–
၁ ေပကို ၃၀၀၀၀ က်လွ်င္ ၁ ကိုက္ကို ၁၂၀၀၀၀ က်မည္ဟု စီးပြားေရးဘြဲ႕ရ စာရင္းစစ္ခ်ဳပ္ေျပာၾကာ
ရန္ကုန္စီးပြားေရးတကၠသိုလ္မွ စီးပြားေရးဘြဲ႕ရရွိၿပီး International Institute of Social Studies မွ ေဒသဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းအထူးျပဳ မဟာဘြဲ႕ႏွင့္ စာေပဆိုင္ရာ ေဒါက္တာဘြဲ႕ရရွိထားသူ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ေဒါက္တာကံေဇာ္ကေျမ ၁ ေပကို ၃၀၀၀၀ က်ပ္ကုန္က်လွ်င္ ၁ ကိုက္ကို ၁၂၀၀၀၀ က်ပ္ကုန္က်မည္ဟု ေျပာၾကားခဲ့သည္။
” ဒါက ႐ိုး႐ိုးရွင္းရွင္းေလးပဲ။ ေျမအလ်ား ၁ ေပကို ၃၀၀၀၀ က်ပ္နဲ႔တြက္မယ္ဆို ၁ ကိုက္မွာ ၁၂၀၀၀၀ က်ပ္ကုန္က်မယ္။ ဟုတ္တယ္မလား။ ငယ္ငယ္က ေက်ာင္းမွာသင္လာတာ ဘာတဲ့။ ၁၂ လက္မ ၁ ေပ၊ ၄ ေပ ၁ ကိုက္၊ ၂၂ ကိုက္ ၁ သံႀကိဳး၊ ၁၀ သံႀကိဳး ၁ ဖာလုံ၊ ၈ ဖာလုံ ၁ မိုင္။ ဒါက သူငယ္တန္းကေလးေတာင္သိတဲ့ကိစၥပဲ။
ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဘာလို႔မသိရတာလဲ။ ၁ ကိုက္အတြက္ အစိုးရဆီကေန သူတို႔က ၉၀၀၀၀ က်ပ္ေတာင္းတယ္၊ ဒါေပမယ့္ တြက္ၾကည့္လိုက္ရင္ တစ္ေပကို သုံးေသာင္း၊ တစ္ကိုက္ကို တစ္သိန္းႏွစ္ေသာင္းက်တယ္။
လက္ေတြ႕မွာ လိုအပ္ေနတဲ့ ၃၀၀၀၀ ကေပ်ာက္သြားမယ္။ အဲ့ေတာ့ စီမံကိန္းထဲကအတိုင္း မျဖစ္ေတာ့ဘူး။ ဒါက ၁ ကိုက္နဲ႔ ေျပာတာ။ ေဆာက္လုပ္ေရးမွာ ကိုက္ေထာင္ခ်ီတဲ့အထိ ျပႆနာျဖစ္မွာ။
ဒီလိုမ်ိဳး အမွားအယြင္းေတြကို ဝန္ႀကီးဌာနက ဂ႐ုမစိုက္တဲ့အခါ ေအာက္မွာလုပ္ရတဲ့သူေတြက ဘက္ဂ်က္ မလုံေလာက္လို႔ အခက္အခဲေတြျဖစ္ေစတယ္ “ဟု ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္မွ ေဝဖန္ေျပာၾကားခဲ့သည္။
ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ႏိုင္ငံေတာ္မွခြဲေဝထုတ္ေပးေသာ အစိုးရဘက္ဂ်က္ မလုံေလာက္မႈမ်ားမျဖစ္ေပၚေစရန္ ေျမစာရင္းႏွင့္အသုံးစရိတ္မ်ားမွားယြင္းမႈကို ဝန္ႀကီးဌာနအေနျဖင့္ ထိေရာက္စြာ ဂ႐ုစိုက္စစ္ေဆးသင့္ေၾကာင္း၊
စာရင္းခ်ဳပ္ဌာနမ်ားအထိေရာက္ရွိၿပီးမွ ေအာက္ေျခတြင္ျဖစ္ေပၚထားေသာ အခက္အခဲမ်ားကို ေျပလည္ေစရန္ မလြယ္ကူေၾကာင္း ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ေဒါက္တာကံေဇာ္မွ ဆက္လက္ေျပာၾကားခဲ့သည္။
⚖️ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံး ⚖️