အာဆီယံဝန်ကြီးများအစည်းအဝေးက သိမှတ်စရာများနှင့် ဥရောပသမဂ္ဂ အီးယူရဲ့ သဘောထား

အာဆီယံဝန်ကြီးများအစည်းအဝေးက သိမှတ်စရာများ

(၄ ဩဂုတ် ၂၀၂၁)

မြန်မာ စကစဘက်က အချိန်ဆွဲထားတဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ရေးကို အခုအစည်းအဝေးမှာ အတည်မပြုရင် မြန်မာ့ပြဿနာကို အာဆီယံက မကိုင်ပဲ အဓိက အလှူရှင်တွေဖြစ်တဲ့ တရုတ် အမေရိကန် ဂျပန်နဲ့ ဥရောပသမဂ္ဂကို ပြန်လွှဲပေးမယ်ဆိုတဲ့ အင်ဒိုနီးရှား စင်္ကာပူ နဲ့ မလေးရှားနိုင်ငံတွေက သတိပေးခဲ့သည့်အတွက် စကစ က အထူးကိုယ်စားလှယ်ကို လက်ခံခဲ့ရသည်။

အထူးကိုယ်စားလှယ် လက်ခံပေးတဲ့အတွက် အစည်းအဝေးဆုံးဖြတ်ချက်မှာ ”နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် ” ဆိုသည့် စကားစုအား ဖြုတ်ချပေးရန် စကစ မှ တောင်းဆိုခဲ့သည်။

စကစ တောင်းဆိုချက်ကို အင်ဒိုနီးရှားနဲ့ စင်္ကာပူက လက်မခံပေမဲ့ ကျန်အဖွဲ့ဝင်နိုင်ငံတချို့က လက်ခံပေးခဲ့သည်။

သို့သော် အဆိုပါအသုံးအနှုန်းကို ဖြုတ်ချပေးသည့်အတွက် စကစ မှ ပြန်သဘောတူပေးရသည့်အချက်တွေကတော့ အာဆီယံကတဆင့်ပေးမဲ့ လူသားချင်းဆိုင်ရာအကူအညီတွေကို လွတ်လပ်တဲ့အဖွဲ့အစည်းများကတဆင့်သာ ပေးမည်ဆိုသည့်အချက်ကို စကစ က သဘောတူပေးခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းမြင့် အပါအဝင် တွေ့ချင်သူတိုင်းကို အထူးကိုယ်စားလှယ်နှင့် လွတ်လပ်စွာပေးတွေ့ရန်သဘောတူခဲ့ရသည်။

အထူးကိုယ်စားလှယ်ကို မည်သည့်အချိန်လာခွင့်ပြုမည်ကို စကစ မှ ရက်ပိုင်းအတွင်းအကြောင်းပြန်ရမည်။

*

အထူးကိုယ်စားလှယ် CRPH / NUG အစိုးရနဲ့ပါ တွေ့ရမယ်

အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်နိုင်တာကိုကြိုဆိုပေမဲ့ သဘောတူထားတဲ့အတိုင်း အမြန်ဆုံးအကောင်အထည်ဖေါ်ခွင့်ရဖို့လိုမယ်လို့ ဥရောပသမဂ္ဂ အီးယူကပြောပါတယ်။

မြန်မာ့နိုင်ငံရေးအဖြေရှာဖို့ ဘုံသဘောတူထားတဲ့အတိုင်း CRPH နဲ့ NUG အပါအဝင် သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရှိရမယ်လို့ အီးယူကပြောပါတယ်။ ဘုံသဘောတူထားတဲ့အတိုင်း အာဏာသိမ်းပြီးနောက်ဖမ်းထားသူအားလုံး စစ်တပ်ကပြန်လွှတ်ပေးဖို့လိုမယ်လို့လည်း အီးယူကပြောပါတယ်။

လူသားချင်းစာနာတဲ့အကူအညီတွေကို တကယ်လိုအပ်နေတဲ့ ပြည်သူတွေလက်ထဲ လုံခြုံစိတ်ချစွာရောက်ဖို့ မြန်မာစစ်တပ်က အာမခံရမယ်လို့ ဥရောပသမဂ္ဂ က သတင်းထုတ်ပြန်ထားပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ အာဏာသိမ်းပြီး ဆက်စပ်ပေါ်လာမဲ့ မည်သည့်အုပ်ချုပိရေးအဖွဲ့ ကိုမှ အသိအမှတ်မပြုနိုင်ကြောင်း ပြောဆိုထားပြီးလည်းဖြစ်ပါတယ်။

Crd : Burma News Network