
အခုမျိုးသစ် ဒယ်တာမျိုးကွဲဟာ ရေကျောက်ကူးစက်မှုလိုပဲ အလွန်မြန်တယ်။
ဖြစ်ပြီးသားသူတွေလည်း တစ်ဖန်ပြန်ကူးနေပြီး ပိုးကူးစက်မှုကို ဖြစ်နေစေတယ်။
ကာကွယ်ဆေးကို အပြည့်အဝ ထိုးပြီးသားသူတွေဟာလည်း mask တွေ တပ်ထားဖို့လိုတယ်။
ဘာကြောင့်ဆိုတော့ ဆေးထိုးပြီးသားသူတွေဟာ ပိုးကို သယ်ဆောင်ပြန့်ပွားစေနိုင်နေတယ်။
တစ်ကမ္ဘာလုံးမှာ ဂရုစိုက်မှဖြစ်တော့မယ်လို့ ဆိုတယ်။ ဒယ်တာမျိုးကွဲဟာ ၁၃၂ နိုင်ငံမှာဖြစ်နေပြီလို့ WHO က သတိပေးထားလိုက်ပါပြီ။
ကိုဗစ်တိုက်ပွဲဟာ ပုံစံပြောင်းသွားပါပြီ။ပိုးက အရင်ပိုးပေမယ့် သူက ပိုသန်မာလာနေပြီး အကူးအစက်မြန်နေတယ်။
Viral load ကလည်း အရင်က ၁၀၀ ဆိုရင် အခု ၁၀၀၀ ဖြစ်နေပြီလို့ ဆိုပါတယ်။
အာရှနိုင်ငံတွေမှာ ပိုပြီး ပြန့်ပွားနှုန်းများနေတာမို့ ဂရုပြုဖို့ WHO က ဆော်သြနေတယ်။ ဒီပိုးကို ပဉ္စလက်နည်းနဲ့ ပျောက်စေ လုပ်လို့မရဘူး။
#အကောင်းဆုံးနည်းက #ကာကွယ်ဆေးထိုးခြင်းဖြစ်ပါတယ်။
ဆေးထိုးပြီးလည်း ကူးစက်ခံရနိုင်တာ ရှိနေဦးမှာဆိုပေမယ့် ဆေးရုံတက်ရတာ၊ ခံစားရတာ၊ သေဆုံးတာတွေ လျော့ပါးစေနိုင်မယ်လို့ ကြေညာပါတယ်။
မကူးစက်စေဖို့ အသေချာဆုံး အကာအကွယ်ကိုလည်း WHO က ထုတ်ပြန်ကြေညာပါတယ်။ ရိုးရိုးလေးပါပဲ၊ မလိုက်နာရင် ကူးမယ်တဲ့။
Mask နှစ်ထပ်တပ်ပါ။
လူချင်း အကွာအဝေး သတ်မှတ်ချက်ထက် မနီးစေနဲ့။
လက်ကို သန့်ရှင်းနေပါစေ။ မကြာခဏ ဆေးကြောပါ။
အလုံပိတ်အခန်းတွေမှာ အကြာကြီး ဝင်မနေမိပါစေနဲ့။
ဒါပါပဲတဲ့လိုက်နာရင် မဖြစ်ဘူးတဲ့။ မလိုက်နာလို့ ဖြစ်သွားရင် ပြန်ကောင်းလာလည်း ဒဏ်ရာကျန်တယ်။
ဓာတ်မှန်ပြန်စစ်ရ သွေးဖောက်ပြန်စစ်ရ လုပ်ကြရသေတာတဲ့။ ရာနှုန်းပြည့် လူကောင်းပကတိပြန်ဖြစ်မယ်လို့ အပိုင်ကြီးမထင်ပါနဲ့တဲ့။
ဆီးချိုတွေ၊ သွေးပျစ်တာတွေ၊ အဆုတ်ဝေဒနာတွေနဲ့ ဖြစ်သွားပါလိမ့်မယ်တဲ့။
———–
အခုမ်ိဳးသစ္ ဒယ္တာမ်ိဳးကြဲဟာ ေရေက်ာက္ကူးစက္မႈလိုပဲ အလြန္ျမန္တယ္။
ျဖစ္ၿပီးသားသူေတြလည္း တစ္ဖန္ျပန္ကူးေနၿပီး ပိုးကူးစက္မႈကို ျဖစ္ေနေစတယ္။
ကာကြယ္ေဆးကို အျပည့္အဝ ထိုးၿပီးသားသူေတြဟာလည္း mask ေတြ တပ္ထားဖို႔လိုတယ္။
ဘာေၾကာင့္ဆိုေတာ့ ေဆးထိုးၿပီးသားသူေတြဟာ ပိုးကို သယ္ေဆာင္ျပန႔္ပြားေစႏိုင္ေနတယ္။
တစ္ကမာၻလုံးမွာ ဂ႐ုစိုက္မွျဖစ္ေတာ့မယ္လို႔ ဆိုတယ္။ ဒယ္တာမ်ိဳးကြဲဟာ ၁၃၂ ႏိုင္ငံမွာျဖစ္ေနၿပီလို႔ WHO က သတိေပးထားလိုက္ပါၿပီ။
ကိုဗစ္တိုက္ပြဲဟာ ပုံစံေျပာင္းသြားပါၿပီ။ပိုးက အရင္ပိုးေပမယ့္ သူက ပိုသန္မာလာေနၿပီး အကူးအစက္ျမန္ေနတယ္။
Viral load ကလည္း အရင္က ၁၀၀ ဆိုရင္ အခု ၁၀၀၀ ျဖစ္ေနၿပီလို႔ ဆိုပါတယ္။
အာရွႏိုင္ငံေတြမွာ ပိုၿပီး ျပန႔္ပြားႏႈန္းမ်ားေနတာမို႔ ဂ႐ုျပဳဖို႔ WHO က ေဆာ္ၾသေနတယ္။ ဒီပိုးကို ပၪၥလက္နည္းနဲ႔ ေပ်ာက္ေစ လုပ္လို႔မရဘူး။
#အေကာင္းဆုံးနည္းက #ကာကြယ္ေဆးထိုးျခင္းျဖစ္ပါတယ္။
ေဆးထိုးၿပီးလည္း ကူးစက္ခံရႏိုင္တာ ရွိေနဦးမွာဆိုေပမယ့္ ေဆး႐ုံတက္ရတာ၊ ခံစားရတာ၊ ေသဆုံးတာေတြ ေလ်ာ့ပါးေစႏိုင္မယ္လို႔ ေၾကညာပါတယ္။
မကူးစက္ေစဖို႔ အေသခ်ာဆုံး အကာအကြယ္ကိုလည္း WHO က ထုတ္ျပန္ေၾကညာပါတယ္။ ႐ိုး႐ိုးေလးပါပဲ၊ မလိုက္နာရင္ ကူးမယ္တဲ့။
Mask ႏွစ္ထပ္တပ္ပါ။
လူခ်င္း အကြာအေဝး သတ္မွတ္ခ်က္ထက္ မနီးေစနဲ႔။
လက္ကို သန႔္ရွင္းေနပါေစ။ မၾကာခဏ ေဆးေၾကာပါ။
အလုံပိတ္အခန္းေတြမွာ အၾကာႀကီး ဝင္မေနမိပါေစနဲ႔။
ဒါပါပဲတဲ့လိုက္နာရင္ မျဖစ္ဘူးတဲ့။ မလိုက္နာလို႔ ျဖစ္သြားရင္ ျပန္ေကာင္းလာလည္း ဒဏ္ရာက်န္တယ္။
ဓာတ္မွန္ျပန္စစ္ရ ေသြးေဖာက္ျပန္စစ္ရ လုပ္ၾကရေသတာတဲ့။ ရာႏႈန္းျပည့္ လူေကာင္းပကတိျပန္ျဖစ္မယ္လို႔ အပိုင္ႀကီးမထင္ပါနဲ႔တဲ့။
ဆီးခ်ိဳေတြ၊ ေသြးပ်စ္တာေတြ၊ အဆုတ္ေဝဒနာေတြနဲ႔ ျဖစ္သြားပါလိမ့္မယ္တဲ့။
Credit Myat