
“ကျွန်မတို့ ရဲဘော်တွေ အတွက် လူသားချင်း အထောက်အကူပြု ပစ္စည်းများ ကူညီထောက်ပံ့ပေးဖို့ ဇွန်လ နဲ့ ဇူလိုင်လများမှာ အလှူခံခဲ့တာ ပြီးခဲ့တဲ့ရက်ပိုင်းအထိ ဆက်လက်လှူဒါန်းပေးခဲ့ကြတဲ့ အလှူငွေများအရ အားလုံး စုစုပေါင်း ကျပ်သိန်း ၂၁၀၀ ကျော်ရရှိခဲ့ပါတယ်”ဟုထားထက်ထက်မှ ရှင်းလင်းစွာ ပြောကြားထားခြင်း ဖြစ်ပါသည်။
ထားထက်ထက်မှာ မကြာသေးခင်ကမှ ဖခင်ဖြစ်သူကို ဆုံးရှုံးထားရသူတယောက်လည်း ဖြစ်သည်။”ဆိုးရွားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေသိက္ခာပိုင်းတိုက်ခိုက်မှုတွေ အပြင် နှလုံးသားတွေ တစစီ ဖြစ်သွားလောက်တဲ့ စိတ်ပိုင်းဆိုင်ရာကြေကွဲစရာ ကိစ္စတွေလဲ ဒီရက်ပိုင်းထဲ ဖြစ်ပျက်ခဲ့ပြီးပါပြီ။
နှုတ်ဆက်စရာ ရှိတာတွေ နှုတ်ဆက်ပြီးပြီမို့ ဆက်လျှောက်ရမယ့်လမ်းကို ရင်ကော့ ခေါင်းမော့လို့ အဖေ့သွေးအပြည့်ပါတဲ့ သမီးအနေနဲ့ အဖေဖြစ်စေချင်တဲ့အတိုင်း ဆက်လျှောက်ပါဦးမယ်.”ဟု သူမရဲ့ ခံယူချက် စိတ်ထားကိုပါ ထပ်မံပြောကြားသွားခဲ့ ပါသည်။
Source – Htar Htet Htet
———–
Source – Htar Htet Htet