” နှောင်ကြိုးတွေဖြတ်ပြီးသားပါ”လို့ ဆိုသော ” ဂျီဟောသူ”ဇာတ်လမ်းတွဲထဲက ” ကိုရင်မောင်” အဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသား “ဟိန်းထက် “
“​နှောင်ကြိုး​တွေဖြတ်ပြီးသားပါ”လို့ ဆို​သော ” ဂျီ​ဟောသူ”ဇာတ်လမ်းတွဲထဲက ” ကိုရင်​မောင်” ဖြစ် သရုပ်​ဆောင် ခဲ့သူ မင်းသား “ဟိန်းထက် ”
၂၀၂၁ခုနှစ်၊သြဂုတ်လ ၁၂ရက်။
စစ်အာဏာသိမ်းပြီး​​နောက် ဖေ​ဖော်ဝါရီ ၂ရက်​နေ့ထဲက ​ပျောက်ကွယ်သွား​သော MRTV4 မင်းသား ဟိန်းထက် ကို ဒီက​နေ့မှာ PDFလက်နက် ကိုင်​ဆောင်ထား​သော ဓါတ်ပုံ တပုံနဲ့အတူ ပြန်လည်​တွေ့ရှိရတာပါ။ ​
ဖေ​ဖော်ဝါရီ(၂)ရက်​နေ့ထဲက ​ပျောက်ကွယ်သွားသည်မို့ ပရိတ်သတ်အချို့၏ အထင်အမြင်မှား ပြစ်တင်​ပြောဆိုခြင်း ခံရသူ ဟိန်း ထက် က (၆)လ အကြာ ဒီကနေ့မှာ မထင်မှတ်​လောက်​အောင် အံ့သြသင့်စရာ ဓါတ်ပုံ တခုနဲ့ အတူ ပြန်လည်​တွေ့ရှိခဲ့ခြင်ပင် ဖြစ်ပါတယ်။
ဟိန်းထက်က​တော့..
“နှောင်ကြိုး​တွေကိုဖြတ်ပြီးသားပါ…။ကျ​နော့်ရပ်တည်ချက်…
ကျ​နော့်ယုံကြည်မှုအတွက်​ရွေးခဲ့တဲ့လမ်း…မိသားစု​တောင်အသိမ​ပေးပဲလုပ်ခဲ့တဲ့အရာ…ကျ​နော်တစ်​ယောက်တည်းဆက်​လျှောက်မှာပါ.။””
ဆိုပြီး ၎င်း၏ ခိုင်မာ​သော ရပ်တည်ချက်တခုကို ဒီက​နေ့မှာ ထုတ်​ဖော်​ပြောဆိုလိုက်ခြင်း ပဲ ဖြစ်ပါတယ်။
လူကြိုက်များခဲ့​သော “ဂျီ​ဟောသူ “ဇာတ်လမ်း ထဲက ကိုရင်​​​မောင် အဖြစ် ပီပြင်စွာ သရုပ်​ဆောင်ခဲ့သူ မင်းသား ဟိန်းထက်က ​တော့ ပရိတ်သတ်​တွေကို ၎င်း၏ လက်ရှိဘဝ အ​ခြေအ​နေမှန်ကို ချပြခဲ့ခြင်းပဲ ဖြစ်ပါသည်။
Crd – Media9 #HeinHtet #MyanmarActor
————
ဟိန်းထက်က​တော့..