ပူတင် ထက်တော်မလားဆိုပြီး ပူတင်ရဲ့ ပုံစံကိုခိုးပြီး လုပ်ပြလိုက်ပေမဲ့ …

ပူတင် ထက်တော်မလားဆိုပြီး ပူတင်ရဲ့ ပုံစံကိုခိုးပြီး လုပ်ပြလိုက်ပေမဲ့ ….

ပူတင်က ဥရောပမှာ လူသ တ်မှုတွေ ကျူးလွန်ပြီး အမေရိကမှာ ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်တယ်။ဒါတွေကို ဘိုင်ဒန်က ပူတင်နဲ့တွေ့တော့ လူယဉ်ကျေးတစ်ယောက် လေသံနဲ့ ပူတင်လည်း အရှက်မကွဲအောင် ငြင်သာယဉ်ကျေးပေမယ့် ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ကြိမ်းလွှတ်လိုက်တယ်။

ဒါကို ကေဂျီဘီဟောင်း ပူတင် ချက်ချင်း နားလည်တယ်။ အဲ့ဒါကြောင့် အမေရိကရဲ့ မဟာရန်သူ အဆင့်တောင် မရောက်သေးတဲ့ မအလကိုတောင် မတွေ့ဘူးဆိုတာ စာထုတ်ပြီး ကြေငြာခဲ့တယ်။ဒါကို နားမလည်တဲ့ မအလတို့တစ်ဖွဲ့ လုံးက ပူတင်ရဲ့ ပုံစံကိုခိုးပြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့လုပ်တယ်။

ပူတင်ထက် တော်သလို လုပ်ပြချင်ပေမယ့်အခုတော့ မအလတို့က ကြောက်ကြောက်နဲ့ အမေရိကန်ပြည်တွင်းရေးလို့ကာပြီး ပြောတယ်။အမေရိကန်ရဲ့ အမိမြေလုံခြုံရေးဟာ အမေရိကန်ပြည်တွင်းရေးကနေ ပြည်ပက အကြ မ်းဖ က် သမား နှိမ်နင်းရေး အထိ လက်တံရှည်တယ်ဆိုတာ မအလ မသိရှာတဲ့ပုံပဲ။

ဒါကို ကြည့်ပြီး ဦးနေဝင်းအကောင် အထည်ဖော်ခဲ့တဲ့ လူညံ့တွေ ချည်းရွေးပြီး ကာချုပ်ရာထူး လက်ဆင့်ကမ်း ပေးခဲ့တဲ့ အစဉ်အလာရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို မအလက ကောင်း ကောင်း သက်သေပြလိုက်တာပဲလို့မြင်မိတယ်။

အကျိုးဆက်ကတော့ ၁ လ ၂ လ လောက်ပဲ သင်တန်းတက်လာတဲ့ PDF တွေအောက်မှာ နယ်မြေခံတပ်ရင်းတွေဘဝက ခြံထဲက ကြက် ဘဝ ကို တဖြည်း ဖြည်းနဲ့ ရောက်လာကြပြီ။ဒီလို ခြံထဲက ကြက်ဘဝက နေ လွတ် မြောက်နိုင်ဖို့ကတော့ အချိန်တို တစ်ခု အ တွင်း မှာ မအလကို စွန့်ခွာနိုင်ဖို့ လိုတယ်။

တပ်တစ်ခုလုံး စွန့်ခွာမလား၊ တစ်ယောက်ချင်းစီပဲ စွန့်ခွာကြမလားဆိုတာကတော့ တပ်က မိတ်ဆွေတွေ အမြန်ရွေးချယ်နိုင်ကြဖို့တော့လိုတယ်။ ကြိုဆိုနေကြတဲ့သူတွေကလည်း နေရာတကာမှာ အပြည့်ပါ။နောက်ကျသွားခဲ့ရင်တော့ ခြံထဲကကြက်ဆိုတော့ ပိုင်ရှင်သဘောပဲ လက်ခံရတော့မှာ ဆိုတာ အချိန်မှီသိနိုင်ကြပါစေ။

————

ပူတင္ ထက္ေတာ္မလားဆိုၿပီး ပူတင္ရဲ႕ ပုံစံကိုခိုးၿပီး လုပ္ျပလိုက္ေပမဲ့ ….

ပူတင္က ဥေရာပမွာ လူသ တ္မႈေတြ က်ဴးလြန္ၿပီး အေမရိကမွာ ဆိုက္ဘာ တိုက္ခိုက္မႈေတြ လုပ္တယ္။ဒါေတြကို ဘိုင္ဒန္က ပူတင္နဲ႔ေတြ႕ေတာ့ လူယဥ္ေက်းတစ္ေယာက္ ေလသံနဲ႔ ပူတင္လည္း အရွက္မကြဲေအာင္ ျငင္သာယဥ္ေက်းေပမယ့္ ျပင္းထန္တဲ့ စကားလုံးေတြနဲ႔ ႀကိမ္းလႊတ္လိုက္တယ္။

ဒါကို ေကဂ်ီဘီေဟာင္း ပူတင္ ခ်က္ခ်င္း နားလည္တယ္။ အဲ့ဒါေၾကာင့္ အေမရိကရဲ႕ မဟာရန္သူ အဆင့္ေတာင္ မေရာက္ေသးတဲ့ မအလကိုေတာင္ မေတြ႕ဘူးဆိုတာ စာထုတ္ၿပီး ေၾကျငာခဲ့တယ္။ဒါကို နားမလည္တဲ့ မအလတို႔တစ္ဖြဲ႕ လုံးက ပူတင္ရဲ႕ ပုံစံကိုခိုးၿပီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံဖို႔လုပ္တယ္။

ပူတင္ထက္ ေတာ္သလို လုပ္ျပခ်င္ေပမယ့္အခုေတာ့ မအလတို႔က ေၾကာက္ေၾကာက္နဲ႔ အေမရိကန္ျပည္တြင္းေရးလို႔ကာၿပီး ေျပာတယ္။အေမရိကန္ရဲ႕ အမိေျမလုံၿခဳံေရးဟာ အေမရိကန္ျပည္တြင္းေရးကေန ျပည္ပက အၾက မ္းဖ က္ သမား ႏွိမ္နင္းေရး အထိ လက္တံရွည္တယ္ဆိုတာ မအလ မသိရွာတဲ့ပုံပဲ။

ဒါကို ၾကည့္ၿပီး ဦးေနဝင္းအေကာင္ အထည္ေဖာ္ခဲ့တဲ့ လူညံ့ေတြ ခ်ည္းေ႐ြးၿပီး ကာခ်ဳပ္ရာထူး လက္ဆင့္ကမ္း ေပးခဲ့တဲ့ အစဥ္အလာရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္ကို မအလက ေကာင္း ေကာင္း သက္ေသျပလိုက္တာပဲလို႔ျမင္မိတယ္။

အက်ိဳးဆက္ကေတာ့ ၁ လ ၂ လ ေလာက္ပဲ သင္တန္းတက္လာတဲ့ PDF ေတြေအာက္မွာ နယ္ေျမခံတပ္ရင္းေတြဘဝက ၿခံထဲက ၾကက္ ဘဝ ကို တျဖည္း ျဖည္းနဲ႔ ေရာက္လာၾကၿပီ။ဒီလို ၿခံထဲက ၾကက္ဘဝက ေန လြတ္ ေျမာက္ႏိုင္ဖို႔ကေတာ့ အခ်ိန္တို တစ္ခု အ တြင္း မွာ မအလကို စြန႔္ခြာႏိုင္ဖို႔ လိုတယ္။

တပ္တစ္ခုလုံး စြန႔္ခြာမလား၊ တစ္ေယာက္ခ်င္းစီပဲ စြန႔္ခြာၾကမလားဆိုတာကေတာ့ တပ္က မိတ္ေဆြေတြ အျမန္ေ႐ြးခ်ယ္ႏိုင္ၾကဖို႔ေတာ့လိုတယ္။ ႀကိဳဆိုေနၾကတဲ့သူေတြကလည္း ေနရာတကာမွာ အျပည့္ပါ။ေနာက္က်သြားခဲ့ရင္ေတာ့ ၿခံထဲကၾကက္ဆိုေတာ့ ပိုင္ရွင္သေဘာပဲ လက္ခံရေတာ့မွာ ဆိုတာ အခ်ိန္မွီသိႏိုင္ၾကပါေစ။

Crd..Q Media