အမေရိကန်အပါအဝင် ၄ နိုင်ငံ QUAD အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေး ( မြန်မာနိုင်ငံအတွက် ဘာတွေထူးခြားလာမလဲ)

မြန်မာ့အရေး အမေရိကန်အပါအဝင် ၄ နိုင်ငံ QUAD အစည်းအဝေးမှာမြန်မာနိုင်ငံအတွက် အရေးပါတဲ့အချက်အလက်တွေဆွေးနွေး(မြန်မာနိုင်ငံအတွက် ဘာတွေထူးခြားလာမလဲ)

အမေရိကန်နဲ့ အာရှ ၃ နိုင်ငံ ကြာသပတေးနေ့က ဆွေးနွေးရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန် ၄ နိုင်ငံ ပါဝင်တဲ့ QUAD အဖွဲ့ရဲ့ အဆင့်မြင့်အရာရှိတွေ အွန်လိုင်းကနေ ဆွေးနွေးရာမှာ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့သလို၊

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ အရေးပါမှုကိုလည်း အခိုင်အမာ ထောက်ခံကြောင်း ထပ်လောင်းကတိပြုခဲ့တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို အာဆီယံ ခေါင်းဆောင်တွေ ဖြေရှင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဒေသတွင်းနိုင်ငံတွေနဲ့ အွန်လိုင်းက တွေ့ဆုံရာမှာ တိုက်တွန်းထားပါတယ်။

အာဆီယံ အသင်းကတော့ မြန်မာနိုင်ငံအရေး ကူညီဖြေရှင်းပေးဖို့ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို တာဝန်ပေးခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာထားတာပါ။

အာဆီယံက အထူးကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးလိုက်တဲ့ အပေါ်မှာတော့ အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဒေသတွင်း နိုင်ငံတွေက ကြိုဆိုခဲ့ကြပေမဲ့

အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ နိုင်ငံတွင်းမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပြုဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းထားကြပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံ ခရီးစဉ်မှာ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ရလိုကြောင်း ပြောဆိုထားပါတယ်။

—————-

ျမန္မာ့အေရး အေမရိကန္အပါအဝင္ ၄ ႏိုင္ငံ QUAD အစည္းအေဝးမွာျမန္မာႏိုင္ငံအတြက္ အေရးပါတဲ့အခ်က္အလက္ေတြေဆြးေႏြး(ျမန္မာႏိုင္ငံအတြက္ ဘာေတြထူးျခားလာမလဲ)

အေမရိကန္နဲ႔ အာရွ ၃ ႏိုင္ငံ ၾကာသပေတးေန႔က ေဆြးေႏြးရာမွာ ျမန္မာႏိုင္ငံက ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။

အေမရိကန္၊ ၾသစေၾတးလ်၊ အိႏၵိယနဲ႔ ဂ်ပန္ ၄ ႏိုင္ငံ ပါဝင္တဲ့ QUAD အဖြဲ႕ရဲ႕ အဆင့္ျမင့္အရာရွိေတြ အြန္လိုင္းကေန ေဆြးေႏြးရာမွာ ျမန္မာႏိုင္ငံက လက္ရွိအေျခအေနေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့သလို၊

အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) ရဲ႕ အေရးပါမႈကိုလည္း အခိုင္အမာ ေထာက္ခံေၾကာင္း ထပ္ေလာင္းကတိျပဳခဲ့တယ္လို႔လည္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ၾကာသပေတးေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြကို အာဆီယံ ေခါင္းေဆာင္ေတြ ေျဖရွင္းဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ေဒသတြင္းႏိုင္ငံေတြနဲ႔ အြန္လိုင္းက ေတြ႕ဆုံရာမွာ တိုက္တြန္းထားပါတယ္။

အာဆီယံ အသင္းကေတာ့ ျမန္မာႏိုင္ငံအေရး ကူညီေျဖရွင္းေပးဖို႔ အထူးကိုယ္စားလွယ္အျဖစ္ ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ကို တာဝန္ေပးခဲ့ေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ေၾကညာထားတာပါ။

အာဆီယံက အထူးကိုယ္စားလွယ္ ခန႔္အပ္တာဝန္ေပးလိုက္တဲ့ အေပၚမွာေတာ့ အေမရိကန္၊ ဥေရာပသမဂၢ (EU) နဲ႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းနဲ႔ ေဒသတြင္း ႏိုင္ငံေတြက ႀကိဳဆိုခဲ့ၾကေပမဲ့

အထူးကိုယ္စားလွယ္ရဲ႕ လုပ္ငန္းေတြမွာ ပူးေပါင္း ေဆာင္႐ြက္ဖို႔ ႏိုင္ငံတြင္းမွာ လြတ္လပ္စြာ သြားလာလႈပ္ရွားခြင့္ ျပဳဖို႔လည္း ျမန္မာစစ္အာဏာပိုင္ေတြကို တိုက္တြန္းထားၾကပါတယ္။

အာဆီယံ အထူးကိုယ္စားလွယ္ကေတာ့ ျမန္မာႏိုင္ငံ ခရီးစဥ္မွာ သက္ဆိုင္သူေတြ အားလုံးနဲ႔ ေတြ႕ဆုံခြင့္ရလိုေၾကာင္း ေျပာဆိုထားပါတယ္။

ခရက္ဒစ္ – ဗြီအိုေအဗားမိစ္