
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားအော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
လာမည့်စနေ၊တနင်္ဂနွေအားလပ်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
မိုးဇလ
————–
ေန႔စဥ္မိုးေလဝသသတင္း
(၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ (၁၃)ရက္ေန႔ည(၇:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)
ဘဂၤလားပင္လယ္ေအာ္အေျခအေန။ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားအသင့္အတင့္မွ အားေကာင္းေနၿပီး၊ က်န္ဘဂၤလားေအာ္တြင္ မုတ္သုံေလ အားအနည္းငယ္မွ အားအသင့္အတင့္ ရွိေနပါသည္။
မနက္ျဖန္မြန္းတည့္ခ်ိန္အထိခန႔္မွန္းခ်က္။ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊
စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ ရာႏႈန္းျပည့္ ျဖစ္ပါသည္။
ျမန္မာ့ပင္လယ္ျပင္။ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္ (၃၀)မွ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။
က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇)ေပမွ (၉)ေပခန႔္ႏွင့္ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၇)ေပခန႔္ ရွိႏိုင္ပါသည္။
ေနာက္(၂)ရက္အတြက္ခန႔္မွန္းခ်က္။တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးပိုလာႏိုင္ပါသည္။ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္မြန္းတည့္ခ်ိန္အထိခန႔္မွန္းခ်က္။ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။
ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္မြန္းတည့္ခ်ိန္အထိခန႔္မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္မြန္းတည့္ခ်ိန္အထိခန႔္မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။
လာမည့္စေန၊တနဂၤေႏြအားလပ္ရက္မ်ားအတြက္မိုးေလဝသခန႔္မွန္းခ်က္။ ေနျပည္ေတာ္ႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ ေနရာက်ဲက်ဲႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာမည္။
မိုးဇလ