ရုရှားက တိုက်လေယာဉ်များ တရုတ်ကိုစေလွှတ်လိုက်ပြီ

တရုတ်ထံကို အနည်းဆုံး Su-30SM တိုက်လေယာဉ် ၄ စီး စေလွှတ်လိုက်တယ်လို့ Eastern Military District (VVO) ရဲ့
ထုတ်ပြန်ချက်အရသိရှိရပါတယ်။

အဆိုပါတိုက်လေယာဉ်တွေဟာ အရှေ့ဘက်စစ်ဌာနချုပ်ကဖြစ်ပြီး တရုတ်နဲ့ ပူးတွဲလေ့ကျင့်နေတဲ့ SIBU / Interaction-2021 အတွက်ဖြစ်တယ်လို့လည်းသိရှိရပါတယ်။

လေ့ကျင့်မှုအတွင်းမှာ စုံတွဲလိုက်ဆောင်ရွက်မှာဖြစ်ပြီး လေ့ကျင့်မှုအရ တိုက်ခိုက်ရေး လေ့ကျင့်မှု၊ မြေပြင်ပစ်လက်နက်စနစ်တွေကို ဗုံးကြဲဖို့နဲ့ ရန်သူ့လေကာစနစ်တွေကနေ အချိန်မီရှောက်ထွက်ဖို့တွေအထိပါဝင်ပါတယ်။

အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ စစ်သည်ပေါင်း ၁၃၀၀၀ နဲ့ လက်နက်စနစ်ပေါင်း ၅၀၀ ကျော်ပါဝင်လေ့ကျင့်မှာလည်းဖြစ်ပါတယ်။

တရုတ်ဘက်ကတော့ လေ့ကျင့်မှုအဖြစ် မြေပြင်တပ်ဖွဲ့နဲ့လေတပ်ဖွဲ့အဖြစ် ကိုယ်စားပြုလေ့ကျင့်မှာပါ။

———–




