မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသူများ လက်မှတ်ထိုးပေးကြပါ

NUG အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသောအွန်လိုင်း လက်မှတ်များ စုဆောင်း၊ ပြည်သူများ ပါဝင်လက်မှတ်ထိုးကြရန် နှိုးဆော်

အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံအသိအမှတ်ပြုရေး လက်မှတ်ပေါင်း တစ်သိန်းခွဲ စုဆောင်းလျက်ရှိပြီး ပြည်သူများ အနေဖြင့် ပါဝင်ကြရန် တက်ကြွလှုပ်ရှားသူများက နှိုးဆော်လိုက်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်း တွင် ကမ္ဘာ့ကုလသမဂ္ဂ ၏ ၇၆ ကြိမ်မြောက် ပုံမှန် ညီလာခံကိုကျင်းပမည်ဖြစ်ပြီး အထွေထွေညီလာခံ သမ္မတ မှ အဖွဲ့ဝင် နိုင်ငံများ၏ ကိုယ်စားပြု ကိုယ် စားလှယ်များကို စိစစ်လက်ခံသည့် ကော်မတီ ၏ အဖွဲ့ဝင်များကို ရွေးချယ်တာဝန်ပေးမည်ဖြစ် ကြောင်း၊ စိစစ်လက်ခံရေးကော်မတီ ၏ အဓိကတာဝန်မှာ နိုင်ငံ့ကိုယ်စားပြုကိုယ်စားလှယ်များ၏အချက်အလက် များကိုစီစစ်၍ ညီလာခံသို့ တင်ပြရမည်ဖြစ်ကြောင်း၊

ယခုနှစ်တွင် စိစစ်ရေးကော်မတီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံ အမျိုးသားညီ ညွတ်ရေး အစိုးရ (NUG) နှင့် အာဏာသိမ်းစစ်တပ် (SAC) တို့တွင် မည်သည့် အဖွဲ့သည် မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုမှုရှိသည်ကို စိစစ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အွန်လိုင်းလက်မှတ်များ ပါဝင်ထိုးကြခြင်းဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ၏ ရလဒ်များကို ပယ်ဖျက်၍ အပြစ်မဲ့ ပြည်သူ ၁၀၀၀ နီးပါးကိုအကြမ်းဖက် သတ်ဖြတ်ခဲ့ ပြီး သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေသော၊ ထောင်နှင့်ချီသော ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးထားကာ အကျဥ်းထောင်များတွင် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်သတ်ဖြတ်နေသော၊

အရပ်သားကျေးရွာများကို မတရားလေကြောင်းမှတိုက်ခိုက်၍ ပြည်သူရာကျော်သေဆုံးပြီး အိုးအိမ်မဲ့ပြည်သူ တသန်းကျော် မှာ ဘေးလွတ်ရာသို့ ပြေးဝင်ခိုလှုံနေရသော၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးနှင့် ကုသရေးလုပ်ငန်းများကို မြန်မာပြည်သူများထံမှ လုယူပြီး စစ်ဗိုလ်ချုပ်များ၊ အရာရှိများနှင့် ၎င်းတို့၏ လက်အောက် ခံ များကိုသာ ကုသစောင့်ရှောက်မှုပေးနေသော မြန်မာစစ်တပ်ကို ကိုယ်စားပြုသူ အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုသော အဖွဲ့အစည်း မဟုတ်ကြောင်း ပြသရန် နှိုးဆော်ထားသည်။

ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည်သာ မြန် မာနိုင်ငံသားများ၏ တရားဝင် ကိုယ်စားပြု အစိုးရဖြစ်ကြောင်းစိစစ်ရေးကော်မတီ သည် ကမ္ဘာကုလသမဂ္ဂ ၏ အထွေထွေညီလာခံ ကို အစီရင်ခံတင်ပြရန် အွန်လိုင်းလက်မှတ်ပါဝင်ရေးထိုးကြစေလိုကြောင်း တိုက်တွန်းထားသည်။

ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေး အွန်လိုင်းလက်မှတ်ထိုးလိုပါက http://chng.it/PgsF2kQkxF တွင်ပါဝင်လက်မှတ်ထိုးနိုင်ကြောင်း သိရှိရသည်။

အွန်လိုင်းလက်မှတ်များကို ဩဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး လက်ရှိတွင် လက်မှတ်ပေါင်း ၈၂၀၀၀ ကျော် စုစည်းရရှိထားကြောင်း သိရှိရသည်။

———–

NUG အစိုးရ၏ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ေထာက္ခံေသာအြန္လိုင္း လက္မွတ္မ်ား စုေဆာင္း၊ ျပည္သူမ်ား ပါဝင္လက္မွတ္ထိုးၾကရန္ ႏႈိးေဆာ္

အမ်ိဳးသားညီၫြတ္ေရးအစိုးရNUG ၏ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ေထာက္ခံအသိအမွတ္ျပဳေရး လက္မွတ္ေပါင္း တစ္သိန္းခြဲ စုေဆာင္းလ်က္ရွိၿပီး ျပည္သူမ်ား အေနျဖင့္ ပါဝင္ၾကရန္ တက္ႂကြလႈပ္ရွားသူမ်ားက ႏႈိးေဆာ္လိုက္သည္။

၂၀၂၁ ခုႏွစ္ စက္တင္ဘာလဆန္း တြင္ ကမာၻ႔ကုလသမဂၢ ၏ ၇၆ ႀကိမ္ေျမာက္ ပုံမွန္ ညီလာခံကိုက်င္းပမည္ျဖစ္ၿပီး အေထြေထြညီလာခံ သမၼတ မွ အဖြဲ႕ဝင္ ႏိုင္ငံမ်ား၏ ကိုယ္စားျပဳ ကိုယ္ စားလွယ္မ်ားကို စိစစ္လက္ခံသည့္ ေကာ္မတီ ၏ အဖြဲ႕ဝင္မ်ားကို ေ႐ြးခ်ယ္တာဝန္ေပးမည္ျဖစ္ ေၾကာင္း၊ စိစစ္လက္ခံေရးေကာ္မတီ ၏ အဓိကတာဝန္မွာ ႏိုင္ငံ့ကိုယ္စားျပဳကိုယ္စားလွယ္မ်ား၏အခ်က္အလက္ မ်ားကိုစီစစ္၍ ညီလာခံသို႔ တင္ျပရမည္ျဖစ္ေၾကာင္း၊

ယခုႏွစ္တြင္ စိစစ္ေရးေကာ္မတီသည္ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမာက္ခံ အမ်ိဳးသားညီ ၫြတ္ေရး အစိုးရ (NUG) ႏွင့္ အာဏာသိမ္းစစ္တပ္ (SAC) တို႔တြင္ မည္သည့္ အဖြဲ႕သည္ ျမန္မာျပည္သူမ်ားကို တရားဝင္ကိုယ္စားျပဳမႈရွိသည္ကို စိစစ္ရမည္ျဖစ္ေၾကာင္း သိရွိရသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ အြန္လိုင္းလက္မွတ္မ်ား ပါဝင္ထိုးၾကျခင္းျဖင့္ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ပြဲ ၏ ရလဒ္မ်ားကို ပယ္ဖ်က္၍ အျပစ္မဲ့ ျပည္သူ ၁၀၀၀ နီးပါးကိုအၾကမ္းဖက္ သတ္ျဖတ္ခဲ့ ၿပီး သတ္ျဖတ္မႈမ်ား ဆက္လက္က်ဴးလြန္ေနေသာ၊ ေထာင္ႏွင့္ခ်ီေသာ ျပည္သူမ်ားကို ဥပေဒမဲ့ မတရားဖမ္းဆီးထားကာ အက်ဥ္းေထာင္မ်ားတြင္ ႏိုင္ငံေရးအက်ဥ္းသားမ်ားအား ဖိႏွိပ္သတ္ျဖတ္ေနေသာ၊

အရပ္သားေက်း႐ြာမ်ားကို မတရားေလေၾကာင္းမွတိုက္ခိုက္၍ ျပည္သူရာေက်ာ္ေသဆုံးၿပီး အိုးအိမ္မဲ့ျပည္သူ တသန္းေက်ာ္ မွာ ေဘးလြတ္ရာသို႔ ေျပးဝင္ခိုလႈံေနရေသာ၊ ကိုဗစ္-၁၉ ကူးစက္ေရာဂါ ကာကြယ္ေဆးႏွင့္ ကုသေရးလုပ္ငန္းမ်ားကို ျမန္မာျပည္သူမ်ားထံမွ လုယူၿပီး စစ္ဗိုလ္ခ်ဳပ္မ်ား၊ အရာရွိမ်ားႏွင့္ ၎တို႔၏ လက္ေအာက္ ခံ မ်ားကိုသာ ကုသေစာင့္ေရွာက္မႈေပးေနေသာ ျမန္မာစစ္တပ္ကို ကိုယ္စားျပဳသူ အၾကမ္းဖက္စစ္ေကာင္စီသည္ ျမန္မာျပည္သူမ်ားကို တရားဝင္ကိုယ္စားျပဳေသာ အဖြဲ႕အစည္း မဟုတ္ေၾကာင္း ျပသရန္ ႏႈိးေဆာ္ထားသည္။

ျပည္သူမ်ားအေနျဖင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရသည္သာ ျမန္ မာႏိုင္ငံသားမ်ား၏ တရားဝင္ ကိုယ္စားျပဳ အစိုးရျဖစ္ေၾကာင္းစိစစ္ေရးေကာ္မတီ သည္ ကမာၻကုလသမဂၢ ၏ အေထြေထြညီလာခံ ကို အစီရင္ခံတင္ျပရန္ အြန္လိုင္းလက္မွတ္ပါဝင္ေရးထိုးၾကေစလိုေၾကာင္း တိုက္တြန္းထားသည္။

ဦးေက်ာ္မိုးထြန္းကို အသိအမွတ္ျပဳေရး အြန္လိုင္းလက္မွတ္ထိုးလိုပါက http://chng.it/PgsF2kQkxF တြင္ပါဝင္လက္မွတ္ထိုးႏိုင္ေၾကာင္း သိရွိရသည္။

အြန္လိုင္းလက္မွတ္မ်ားကို ဩဂုတ္လ ၂၁ ရက္ေန႔ ေနာက္ဆုံးထား လက္မွတ္ေရးထိုးရမည္ျဖစ္ၿပီး လက္ရွိတြင္ လက္မွတ္ေပါင္း ၈၂၀၀၀ ေက်ာ္ စုစည္းရရွိထားေၾကာင္း သိရွိရသည္။