မကွေးလေတပ်စခန်းထဲပေါက်ကွဲမှု တိုက်လေယာဉ်လေးစီး ပျက်စီး

မကွေးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေတပ်စခန်းထဲ ဗုံးပေါက်ကွဲမှုကြောင့် တိုက်လေယာဉ် ခြောက်စီး ထိခိုက်ခဲ့ပြီး အဲဒီအထဲက လေးစီးကတော့ သုံးလို့မရတော့အောင် ပျက်စီးသွားတယ်လို့ မကွေးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ဒီနေ့ ပြောပါတယ်။

မကွေးမြို့ ကံပြားလမ်းပေါ်မှာရှိတဲ့ မကွေးလေတပ်စခန်းဝင်းထဲက လက်နက်သိုလှောင်ရုံနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒီဖောက်ခွဲမှုကို ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံ ၃၃ နှစ်ပြည့်မှာ သွေးမအေးကြောင်းပြသတဲ့အနေနဲ့ မဟာမိတ်တပ်ပေါင်းစုနဲ့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က အဲ့ဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လ ၁၀ ရက်နေ့မှာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် မကွေးလေတပ်ကို ရောက်ရှိလာပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မကွေးဒေသခံက ပြောပါတယ်။

အဲဒီနောက်ပိုင်း ဩဂုတ်လ ၁၁ ရက်နေ့ကစလို့ မကွေးမြို့မှာ အရင်ကထက် လုံခြုံရေးတင်းကျပ်လာပြီး ဖမ်းဆီးစစ်ဆေးတာတွေ ပိုများလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြဝတီသတင်းဌာနကတော့ စစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ အရာရှိ၊ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောတာလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တိုက်လေယာဉ်တွေပျက်စီးသွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေက ဖုန်းဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မကွေးလေတပ်စခန်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်းကလည်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

————–

မေကြးၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဩဂုတ္လ ၈ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ စစ္ေကာင္စီတပ္ရဲ႕ ေလတပ္စခန္းထဲ ဗုံးေပါက္ကြဲမႈေၾကာင့္ တိုက္ေလယာဥ္ ေျခာက္စီး ထိခိုက္ခဲ့ၿပီး အဲဒီအထဲက ေလးစီးကေတာ့ သုံးလို႔မရေတာ့ေအာင္ ပ်က္စီးသြားတယ္လို႔ မေကြးၿမိဳ႕က လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ေယာက္က RFA ကို ဒီေန႔ ေျပာပါတယ္။

မေကြးၿမိဳ႕ ကံျပားလမ္းေပၚမွာရွိတဲ့ မေကြးေလတပ္စခန္းဝင္းထဲက လက္နက္သိုေလွာင္႐ုံနားမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၈ ရက္ေန႔ မနက္ ၄ နာရီဝန္းက်င္က ဗုံးႏွစ္လုံး ဆက္တိုက္ေပါက္ကြဲခဲ့တာ ျဖစ္ပါတယ္။

ဒီေဖာက္ခြဲမႈကို ရွစ္ေလးလုံးျပည္သူ႔အေရးေတာ္ပုံ ၃၃ ႏွစ္ျပည့္မွာ ေသြးမေအးေၾကာင္းျပသတဲ့အေနနဲ႔ မဟာမိတ္တပ္ေပါင္းစုနဲ႔ ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရးတပ္တို႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရးတပ္က အဲ့ဒီေန႔မွာပဲ ထုတ္ျပန္ခဲ့ပါတယ္။

ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ဩဂုတ္လ ၁၀ ရက္ေန႔မွာ ေလတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ မေကြးေလတပ္ကို ေရာက္ရွိလာၿပီး စစ္ေဆးတာေတြ လုပ္ခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ မေကြးေဒသခံက ေျပာပါတယ္။

အဲဒီေနာက္ပိုင္း ဩဂုတ္လ ၁၁ ရက္ေန႔ကစလို႔ မေကြးၿမိဳ႕မွာ အရင္ကထက္ လုံၿခဳံေရးတင္းက်ပ္လာၿပီး ဖမ္းဆီးစစ္ေဆးတာေတြ ပိုမ်ားလာတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

စစ္ေကာင္စီလက္ေအာက္ခံ ျမဝတီသတင္းဌာနကေတာ့ စစ္ေကာင္စီရဲ႕ ေလတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ဟာ အရာရွိ၊ စစ္သည္ေတြနဲ႔ တပ္မိသားစုဝင္ေတြကို သြားေရာက္ေတြ႕ဆုံၿပီး အားေပးစကား ေျပာတာလို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

တိုက္ေလယာဥ္ေတြပ်က္စီးသြားတယ္ဆိုတဲ့ ကိစၥနဲ႔ပတ္သက္လို႔ အတည္ျပဳႏိုင္ဖို႔ စစ္ေကာင္စီရဲ႕ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဒီေန႔ညေနက ဖုန္းဆက္သြယ္ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

မေကြးေလတပ္စခန္းဟာ ၿပီးခဲ့တဲ့ ဧၿပီလ ၂၉ ရက္ေန႔ မနက္ပိုင္းကလည္း ေရွာ့တိုက္ဒုံးနဲ႔ အပစ္ခံခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။