တရုတ်အလယ်ပိုင်းကို မိုးမင်းကြီးက ထပ်မံနှိပ်စက်လိုက်ပြန်ပြီ

တရုတ်အလယ်ပိုင်းတွင် မိုးမင်းကြီးကထပ်မံနှိပ်စက်လိုက်သဖြင့် လူ ၂၁ ဦးသေဆုံး ၊ လူ ၄ ဦးပျောက်ဆုံး ၊ ၆၀၀၀ နီးပါးအရေးပေါ်ရွှေ့ပြောင်းရ

ဩဂုတ်လ ၁၃ ရက် ၊ ဟူဘေး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေး Hubei ပြည်နယ်တွင် ဩဂုတ်လ ၁၁ ရက်နေ့ကတည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မနေ့က Suizhou , Yunmeng , Xiaogan မြို့နယ်များတွင် သဘာဝဘေးအန္ထရာယ်ဖြစ်သည့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့တဲ့အတွက် လူ ၂၁ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေကြောင်း ယနေ့ AFP သတင်းတွင်ဖော်ပြထားသည် ။

တရုတ်အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနမှ ကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ရဲ ၊ စစ်တပ်ပူးပေါင်းအင်း ထောင်ကျော်ကို ရေဘေးသင့်ဒေသသို့ အမြန်စေလွှတ်ပေးခဲ့ရသည်ဟုဆိုသည် ။

မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုဖြစ်ကာနောက်ဆက်တွဲ မြေပြိုမှုများ ၊ လျှပ်စစ်မီးပြတ်တောက်မှုများ ၊ ရာနဲ့ချီတဲ့လူနေအိမ်တွေထိခိုက်ပျက်စီးကာ လူပေါင်း ၆၀၀၀ နီးပါး ဘေးလွတ်ရာကိုရှောင်တိမ်းခဲ့ရသည် ။

နောက်ထပ်ရေလှောင်ကန်များလည်းပြည့်လျှံနေပြီဖြစ်တဲ့အတွက်အချိန်မရွေးအန္တရာယ်နှင့်ရင်ဆိုင်နိုင်ရကြောင်းထုတ်ပြန်ကြေညာထားသည် ။ပြီးခဲ့တဲ့လက Henan ပြည်နယ် မြို့တော် Zhengzhou မြို့နယ်တွင် ယခုကဲ့သို မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အကြီးမာဆုံးရေကြီးရေလျှံမှုဖြစ်ကာ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့သည် ။

အလားတူပြီးခဲ့တဲ့အပတ်ကလည်း တရုတ်နိုင်ငံအနောက်တောင်ဘက် Sichuang ပြည်နယ်တွင် အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၁ သိန်းနီးပါးကိုဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရသည် ။

ယခုအခါ တရုတ်မိုးလေဝသအေဂျင်စီဌာနကနောက်အပတ်အထိမိုးသည်းထန်စွာရွာသွန်းနိုင်ခြေရှိသည့်အတွက် ယန်စီမြစ်ကမ်းနံဘေးမှာရှိတဲ့ ရှန်ဟိုင်းမြို့တော်အပါအဝင် ရေကြီးမှုအန္တရာယ် များနှင့်ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း သတိပေးထားပါတယ် ။

SiThuMaung

————-

တ႐ုတ္အလယ္ပိုင္းတြင္ မိုးမင္းႀကီးကထပ္မံႏွိပ္စက္လိုက္သျဖင့္ လူ ၂၁ ဦးေသဆုံး ၊ လူ ၄ ဦးေပ်ာက္ဆုံး ၊ ၆၀၀၀ နီးပါးအေရးေပၚေ႐ႊ႕ေျပာင္းရ

ဩဂုတ္လ ၁၃ ရက္ ၊ ဟူေဘး

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဟူေဘး Hubei ျပည္နယ္တြင္ ဩဂုတ္လ ၁၁ ရက္ေန႔ကတည္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ မေန႔က Suizhou , Yunmeng , Xiaogan ၿမိဳ႕နယ္မ်ားတြင္ သဘာဝေဘးအႏၴရာယ္ျဖစ္သည့္ ေရလႊမ္းမိုးမႈမ်ားျဖစ္ေပၚခဲ့တဲ့အတြက္ လူ ၂၁ ဦးေသဆုံးၿပီး ၄ ဦးေပ်ာက္ဆုံးေနေၾကာင္း ယေန႔ AFP သတင္းတြင္ေဖာ္ျပထားသည္ ။

တ႐ုတ္အေရးေပၚစီမံခန႔္ခြဲမႈဝန္ႀကီးဌာနမွ ကယ္ဆယ္ေရးမီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူ႔ရဲ ၊ စစ္တပ္ပူးေပါင္းအင္း ေထာင္ေက်ာ္ကို ေရေဘးသင့္ေဒသသို႔ အျမန္ေစလႊတ္ေပးခဲ့ရသည္ဟုဆိုသည္ ။

မိုးသည္းထန္စြာ႐ြာသြန္းၿပီးေနာက္ ေရႀကီးေရလွ်ံမႈျဖစ္ကာေနာက္ဆက္တြဲ ေျမၿပိဳမႈမ်ား ၊ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ား ၊ ရာနဲ႔ခ်ီတဲ့လူေနအိမ္ေတြထိခိုက္ပ်က္စီးကာ လူေပါင္း ၆၀၀၀ နီးပါး ေဘးလြတ္ရာကိုေရွာင္တိမ္းခဲ့ရသည္ ။

ေနာက္ထပ္ေရေလွာင္ကန္မ်ားလည္းျပည့္လွ်ံေနၿပီျဖစ္တဲ့အတြက္အခ်ိန္မေ႐ြးအႏၲရာယ္ႏွင့္ရင္ဆိုင္ႏိုင္ရေၾကာင္းထုတ္ျပန္ေၾကညာထားသည္ ။ၿပီးခဲ့တဲ့လက Henan ျပည္နယ္ ၿမိဳ႕ေတာ္ Zhengzhou ၿမိဳ႕နယ္တြင္ ယခုကဲ့သို မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ အႀကီးမာဆုံးေရႀကီးေရလွ်ံမႈျဖစ္ကာ လူေပါင္း ၃၀၀ ေက်ာ္ေသဆုံးခဲ့သည္ ။

အလားတူၿပီးခဲ့တဲ့အပတ္ကလည္း တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ဘက္ Sichuang ျပည္နယ္တြင္ အဆက္မျပတ္မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ေျမၿပိဳမႈမ်ားျဖစ္ေပၚခဲ့တဲ့အတြက္ ေဒသခံျပည္သူ ၁ သိန္းနီးပါးကိုေဘးကင္းရာသို႔ေ႐ႊ႕ေျပာင္းေပးခဲ့ရသည္ ။

ယခုအခါ တ႐ုတ္မိုးေလဝသေအဂ်င္စီဌာနကေနာက္အပတ္အထိမိုးသည္းထန္စြာ႐ြာသြန္းႏိုင္ေျခရွိသည့္အတြက္ ယန္စီျမစ္ကမ္းနံေဘးမွာရွိတဲ့ ရွန္ဟိုင္းၿမိဳ႕ေတာ္အပါအဝင္ ေရႀကီးမႈအႏၲရာယ္ မ်ားႏွင့္ရင္ဆိုင္ႀကဳံေတြ႕ႏိုင္ေၾကာင္း သတိေပးထားပါတယ္ ။

SiThuMaung