
ထိုင်း မှာဆန္ဒပြသူတွေကို ရဲက ထိန်းမနိုင်လို့တပ်ကို အကူအညီတောင်းတော့
ကာချုပ်က ဆန္ဒပြမှုတွေကို နှိမ်နင်းတာတပ်အလုပ် မဟုတ်ဘူး..
တပ်က တိုင်းပြည် ကာကွယ်ရေးနဲ့တော်ဝင်နန်းတော် ကိုကာကွယ်ရေးသာ အဓိကကျန်တာ ဝင်မပါနိုင်ဘူးလို့ တရားဝင် ထုတ်ပြောတယ်။
တပ်က သူခိုင်းသလို မလုပ်တော့ရဲကို ကျည်စစ်တွေနဲ့ ခပ်ကြမ်းကြမ် းနှိမ်နင်းခိုင်းတော့ ရဲချုပ်ကလည်းရဲတွေကို မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်က လွဲပီး ကျည်အစစ် အသုံးပြုခွင့် မပေးဘူးလို့ပြောလာပြန်တယ်။
အဲ့ဒါတွေ အဆင်မပြေတော့ဆန္ဒပြသူတွေ ကို အင်တာနက်ကလှုံ့ဆော်တာမို့ အင်တာနက် ကို ထိန်းချုပ်ဖို့ လုပ်တာလည်းတရားရုံးချုပ် က ဥပဒေနဲ့မညီဘူးဆိုပြီး ပယ်ချလိုက်ပြန်တယ်။
ထိုင်းတွေ တိုးတက်တာလည်း မပြောနဲ့ အမိန့်ပေးတိုင်း လိုက်မရူးတဲ့ လူကြီးတွေရှိနေတယ် ဒို့ဆီမှာ က လုပ်သင့်လား မလုပ်သင့်လား
ကိုယ်ပိုင် ဦးနှောက်နဲ့ မစဉ်းစားရဲတဲ့ ကောင်တွေကြောင့် သူများကို လိုက်မမှီအောင် တို့တိုင်းပြည်က အရမ်း နစ်နာခဲ့ရပြီ..
————