
ခြောက်ထပ်ကြီးပေါ်က စောက်တတ်ကြီးတွေကြောင့် လင်းလို့ရတာ လင်းဦးမယ် ဆိုတဲ့ပန်ဆယ်လို
အခုအချိန်မှာ ဘာတွေလုပ်နေတယ်၊ ဘာသဘောတွေလဲ၊ ဘယ်လိုလှုပ်ရှားတယ်ဆိုတာတွေ ပြောပြလို့ မဖြစ်ပါဘူး။ အခုလည်း ပြောမပြပါဘူး။ ဒါပေမယ့် ခြောက်ထပ်ကြီးပေါ်က သော က်တ တ်ကြီးတွေကြောင့် လင်းလို့ရတာ လင်းဦးမယ်။
ပြည်သူတွေကို သတင်းတွေ၊ ပေးချင်တဲ့ မက်ဆေ့ချ်တွေ ရောက်ဖို့ဆိုတာ နွေဦးတော်လှန်ရေးမှာ အဓိကအချက်မဟုတ်ရင်တောင် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။
တော်လှန်ရေးဘက်ခြမ်းမှာ ဒါကိုအားသွန်ခွန်စိုက် Volunteer အင်အားတွေ စုဖွဲ့လုပ်နေကြသလို စစ်အာဏာရူးတွေဘက်ကလည်း ငွေတွေသန်းချီရင်း လူအင်အားတွေသုံးပြီး လုပ်ဆောင်နေကြတာ မျက်မြင်ပါပဲ။
ဒီအပိုင်းမှာ တောင်လှန်ရေးဘက်ခြမ်းက Volunteer တွေထဲမှာ ကိုယ် ပါဝင်နေပါတယ်။ ရာထူး၊ တာဝန် ဘာမှမရှိပါဘူး။ (ကြိုရှင်းပြထားရတယ်။ တော်ကြာ စော က်တ တ်ကြီးတွေ NUGကို သွားဆူနေမှာစိုးလို့) ဒါပေမယ့် လိုအပ်တဲ့အပိုင်းတွေ ချိတ်ဆက်ဆောင်ရွက်ပါတယ်။
ဒီနေရာမှာ ကိုယ့်ရဲ့ စာဖတ်သူအနေအထားကို ခွဲခြမ်းစိတ်ဖြာရပါတယ်။ ကိုယ့် Audience က ဘယ်အသက်အရွယ်အပိုင်းအခြား၊ ဘယ်လိုလူမျိုးတွေ၊ သူတို့ရဲ့ Behavior တွေ၊ စသဖြင့်ပေါ့။ အဲ့အပေါ်မှာ မူတည်ပြီး ပေးသင့်တဲ့ Msgတွေ Goal တွေ ဆုံးဖြတ်ပြီး Presence လုပ်ရပါတယ်။
ကိုယ့်ရဲ့ Follower တွေထဲမှာ အသက်အရွယ်ပေါင်းစုံ၊ အမူအကျင့်ပေါင်းစုံ၊ တွေးခေါ်နိုင်စွမ်းပေါင်းစုံ ပါဝင်နေသလို ဆန့်ကျင်ဘက်ခြမ်းက စစ်အာဏာရူးဘက်သား ဘောမတွေ၊ စစ်တပ်အသိုင်းအဝိုင်းတွေ ပါဝင်ပါတယ်။ အဲ့တော့ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းသည် တော်လှန်သောပြည်သူကို စိတ်ခွန်အားပေးနိုင်ဖို့နဲ့ ဆန့်ကျင်ဘက်အနေနဲ့ တစ်ဖက်ခြမ်းကို စိတ်ပိုင်းဆိုင်ရာ အထိနာစေဖို့ပါပဲ။
စော က်တ တ်ကြီးတို့ ပြောနေကျ False Hope ဘလာဘလာတွေအတွက် ရှင်းပြစရာ ဥပမာတစ်ခုရှိပါတယ်။
ကျိုက်ထီးရိုးတောင်ကို ခြေကျင်တက်ဖူးလား။ တောင်ထိပ်က စေတီကို လှမ်းမြင်နေရတယ်။ ရောက်မှာလည်း သေချာတယ်။ ဒါပေမယ့် မတ်ဆောက်တဲ့ လမ်းအခြေအနေ၊ ကြမ်းတမ်းတဲ့ ဖြတ်သန်းမှုတွေနဲ့ ဆက်မတက်ချင်လောက်အောင် မောပန်းလာတဲ့အချိန်မျိုးတွေ ရှိပါတယ်။
ဒီအခြေအနေမှာ ခရီးက ဘယ်နှမိုင် ဝေးသေးတယ်ကွာ၊ ဘယ်လျှို ဘယ်မြောင် ဘယ်တောင်တွေကို ကျော်ရဦးမယ်ကွာ၊ အချိန်ဘယ်နှနာရီ လျှောက်ရဦးမယ်ကွာ၊ လမ်းမှာ ဘယ်လိုအခက်အခဲတွေ ရှိမယ်၊
အချိန်မမှီလို့ ညဘက်ရောက်ရင် မီးတုတ်က ဘယ်နှခုပဲပါမယ်၊ ဘယ်လိုဒုက္ခရောက်မယ်ကွာ စသဖြင့်တွေ ပြောတာမျိုး ကြားဖူးလား။ ဒါမှမဟုတ် သိပ်မဝေးတော့ဘူး၊ ရှေ့တစ်ကွေ့တင်ပဲ၊ ရှေ့နားဆိုရောက်ပြီနဲ့ အားပေးကြတာမျိုး ကြားဖူးလား။
အခုက တောင်ပေါ်က ပန်းတိုင်ကိုလည်း မြင်နေရတယ်။ လျှောက်ပြီးသားလမ်းမို့ ရောက်အောင်လျှောက်မှာလည်း သေချာတယ်။ လမ်းတစ်ဝက်မှာ ထိုင်ချအချိန်ဖြုန်း အားလျော့လိုက်မယ့် Audience တွေရှိနေနိုင်တဲ့ ကိုယ့်စာဖတ်သူအနေအထားမှာ ကိုယ်ဘယ်ဘက်ကို ရွေးချယ်သင့်လဲ ရှင်းလင်းမှာပါ။
ကိုယ့်အိမ်ရှေ့မှာ ဝုန်းဒိုင်းပစ်ခတ်ကြပြီ၊ D-Day ဆိုတာကြီး ရောက်လာပြီဆိုရင်တောင် ကုတင်အောက်ဝင်ပုန်းမယ့် ကြောက်အင်အားစုကြီးကို မမေ့ကြပါနဲ့။ ဒီအင်အားစုကြီးက တော်လှ န်ချင်စိတ်ရှိနေသေးရင် သူတို့ဆီက လူအင်အားမရရင်တောင် ထောက်ပံ့မှု အင်အား ရနိုင်ပါတယ်။ရနေပါတယ်။
အခု လူငယ်တွေကို ထောက်ပံ့မှုအင်အားတွေ စီးဝင်နေနိုင်တာက လူကိုယ်တိုင်ဝင်မတိုက်နိုင်ပေမယ့် ထောက်ပံ့မှု အင်အားနဲ့ ဝင်တိုက်နေတဲ့ ဒီအင်အားစုဆီက ကြီးကြီးမားမားပါဝင်နေပါတယ်။
တကယ့်မြေပြင်က လူငယ်တွေက ဒီတော်လှန်ရေးရဲ့ ပကတိအခြေအနေကို မသိဘဲ မနက်ဖြန် D- D ay ဆိုပြီး ဝင်တက်ကြွနေတဲ့ လူငယ်တစ်ယောက်မှ မပါဘူးဆိုတာပဲ။ တော်လှန်ရေးထဲ ထဲထဲဝင်ဝင်ဖြစ်သွားရင် မသိချင်ဘူးလို့ နားပိတ်ထားရင်တောင် မရပါဘူး။
ဒါဆို နင်က လူတွေကို လိမ်ပြောနေတာလားလို့ စကားကပ်စရာ ရှိပါတယ်။ လိမ်မပြောပါဘူး။ နိုင်မှာမို့ နိုင်မှာလို့ ပြောတာ။ နိုင်တယ်မို့ နိုင်တယ် ပြောတာ။ နိုင်တဲ့အထိ တိုက်ကြမှာမို့ နိုင်ကိုနိုင်မယ်လို့ ပြောတာ။
ကိုယ့်မှာလည်း စောက်တတ်ကြီးများကဲ့သို့ စော က်တ တ်ကြီးများထက် မလျော့သောချိတ်ဆက်တွေ၊ မလျော့သော သတင်းအချက်အလက်တွေ၊ ပကတိတရားတွေ၊ မြေပြင်အခြေအနေတွေ အစုံရှိပါတယ်။
အချို့အရာတွေဟာ ရေးလို့မရသလို အချို့အရာတွေဟာ ရေးဖို့ မသင့်ပါဘူး။ အချို့အရာတွေဟာ ရေးစရာမလိုပါဘူး။ လူတစ်ထောင်ရှိတဲ့ အကောင့်နဲ့ ရေးလို့ရတဲ့စာက လူတစ်သန်းရှိတဲ့အကောင့်နဲ့ ရေးလို့ရတဲ့စာ မတူပါဘူး။ Audience မတူရင် Presentation မတူပါဘူး။
Audience Behavior မတူရင် ပေးရမယ့် Msg မတူပါဘူး။ Strategy တွေ ဘာတွေညာတွေ ယှဉ်ပြောကြစတမ်းဆိုရင် ယှဉ်ပြောနိုင်တဲ့ စွမ်းရည်ရှိပြီးသား Digital Marketing Agency ပိုင်ရှင်ဟောင်းဆိုတာ သိစေချင်တာပါ။
ပန်တိုင်ကို မြင်နေရပြီ။ ပန်းတိုင်ဆီရောက်အောင် လျှောက်မှာ သေချာနေပြီအချိန်မှာ ရောက်တော့မယ်လို့ အားပေးတဲ့ဘက်မှာ မရပ်တည်စေချင်ဘဲ ဘယ်လိုဝေးတယ်ဆိုတာ ပြောမှ ကျေနပ်မယ်ဆိုရင်တော့ ဆောရီးပါ…. မလုပ်နိုင်ပါဘူး။
အဲ့လိုပြောရမယ်ဆိုရင်လည်း ဆက်မလျှောက်တဲ့အပြင် နေရာမှာတင် လဲသေသွားအောင်လည်း စိတ်ဆင်းရဲအောင် ရေးတတ်တယ်ဆိုတာ ပြောပြတာ။
နောက်ဆို စာအရှည်ကြီး ရေးပြီး ရှင်းပြမနေချင်ဘူး။ ဘဝကို မတ်မတ်သင်ဇာလိုပဲ ဖြတ်သန်းချင်နေပြီ။
ဘာတွေ ဘယ်လိုပြောပြောဖျင်ပဲ လှန်ပြသင့်တဲ့ လူတန်းစားက ရှိကိုရှိတာ။
ပန်ဆယ်လို