ဒီနေ့ အင်းစိန်ထောင်မှာ မင်းသမီးတစ်ယောက်သေဆုံးသည်ဆိုသောသတင်းထွက်ပေါ်

ဒီနေ့ အင်းစိန်ထောင်မှာ မင်းသမီးတစ်ယောက်သေဆုံးသည်ဆိုသောသတင်းထွက်ပေါ်

သတင်းတင်သူသည် ပြည်သူများစိုးရိမ်သောကရောက်ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်အောင် အကြံအစည်ဖြင့် သတင်းအတု / သတင်းအမှားတင်ခြင်းသာဖြစ်ဟု ထောင်ဝန်ထမ်းတစ်ဦး ရှုံ့ချပြောဆို

အင်းစိန်ထောင်သို့ရောက်ရှိနေသည့် တစ်ဦးတည်းသောအနုပညာရှင် သူမ၏ ကျန်းမာရေးသည် ဒေါင်ဒေါင်မြည်ကောင်းမွန်လျှက်ရှိနေ

ပြီးခဲ့သည့် တစ်နာရီခန့်က linn linn maung အကောင့်ပိုင်ရှင်တင်ထားသည့် ပို့စ်ကို zarni linn အကောင့်ပိုင်ရှင်မှ ပြန်လည်မျှဝေထားသည့် * ဒီနေ့ အင်းစိန်ထောင်မှာ မင်းသမီးတစ်ယောက်သေဆုံးကြောင်း ကနဦးသိရ ၊ မည်သူဆိုတာသတင်းအတည်ပြုပြီးရင် ပြန်ပြောမယ် * ဆိုသည့် ပို့စ်တစ်ခုအပေါ် အင်းစိန်ထောင်ဝန်ထမ်းတစ်ဦးက ရှုံချပြောဆိုလိုက်ခြင်းဖြစ်သည်။

* တော်တော်မလွယ်တဲ့လူတွေပဲ။ ထောင်ထဲမှာ ဗုံးပေါက်ခိုင်းလို ပေါက်ခိုင်း ၊ ခုလဲ လာပြန်ပြီ မင်းသမီးတစ်ယောက်သေတယ်ဆိုပြီး။ဒီလို ပြည်သူကို ဆူပူလာအောင်လုပ်နိုင်မယ့်သတင်းတင်မှ သူတို့ ပိုက်ဆံရကြတယ်ထင်တယ်။

အနုပညာရှင်ထဲက မင်းသမီးဆိုလို့ အိန္ဒြာကျော်ဇင် တစ်ယောက်ပဲ အင်းစိန်ထောင်မှာရှိတာပါ။သေတဲ့သူ ဘယ်သူဆိုတာ အတည်ပြုပြီးရင် ပြန်ပြောပေးမယ်ဆိုတော့ ၊ စဉ်းစားသာကြည့်ပေါ့။

တော်တော်ကို သောက်သုံးမကျတဲ့ပို့စ်ကို တင်ထားတယ်ဆိုတာသိသာနေပြီ * လို့လည်း ထို ထောင်ဝန်ထမ်းက ပြင်းပြင်းထန်ထန် ရှုံချသွားသည်။လက်ရှိအချိန်၌ အင်းစိန်ထောင်တွင် အမျိုးသမီးအနုပညာရှင်လောကမှ အိန္ဒြာကျော်ဇင် တစ်ယောက်တည်းသာရှိနေကြောင်း နှင့် သူမ၏ ကျန်းမာရေးသည် ဒေါင်ဒေါင်မြည်ကောင်းမွန်လျှက်ရှိကြောင်း ၎င်းက ပြောသွားသည်။

————

ဒီေန႔ အင္းစိန္ေထာင္မွာ မင္းသမီးတစ္ေယာက္ေသဆုံးသည္ဆိုေသာသတင္းထြက္ေပၚ

သတင္းတင္သူသည္ ျပည္သူမ်ားစိုးရိမ္ေသာကေရာက္ၿပီး ဝမ္းနည္းစိတ္မေကာင္းျဖစ္ေအာင္ အႀကံအစည္ျဖင့္ သတင္းအတု / သတင္းအမွားတင္ျခင္းသာျဖစ္ဟု ေထာင္ဝန္ထမ္းတစ္ဦး ရႈံ႕ခ်ေျပာဆို

အင္းစိန္ေထာင္သို႔ေရာက္ရွိေနသည့္ တစ္ဦးတည္းေသာအႏုပညာရွင္ သူမ၏ က်န္းမာေရးသည္ ေဒါင္ေဒါင္ျမည္ေကာင္းမြန္လွ်က္ရွိေန

ၿပီးခဲ့သည့္ တစ္နာရီခန႔္က linn linn maung အေကာင့္ပိုင္ရွင္တင္ထားသည့္ ပို႔စ္ကို zarni linn အေကာင့္ပိုင္ရွင္မွ ျပန္လည္မွ်ေဝထားသည့္ * ဒီေန႔ အင္းစိန္ေထာင္မွာ မင္းသမီးတစ္ေယာက္ေသဆုံးေၾကာင္း ကနဦးသိရ ၊ မည္သူဆိုတာသတင္းအတည္ျပဳၿပီးရင္ ျပန္ေျပာမယ္ * ဆိုသည့္ ပို႔စ္တစ္ခုအေပၚ အင္းစိန္ေထာင္ဝန္ထမ္းတစ္ဦးက ရႈံခ်ေျပာဆိုလိုက္ျခင္းျဖစ္သည္။

* ေတာ္ေတာ္မလြယ္တဲ့လူေတြပဲ။ ေထာင္ထဲမွာ ဗုံးေပါက္ခိုင္းလို ေပါက္ခိုင္း ၊ ခုလဲ လာျပန္ၿပီ မင္းသမီးတစ္ေယာက္ေသတယ္ဆိုၿပီး။ဒီလို ျပည္သူကို ဆူပူလာေအာင္လုပ္ႏိုင္မယ့္သတင္းတင္မွ သူတို႔ ပိုက္ဆံရၾကတယ္ထင္တယ္။

အႏုပညာရွင္ထဲက မင္းသမီးဆိုလို႔ အိျႏၵာေက်ာ္ဇင္ တစ္ေယာက္ပဲ အင္းစိန္ေထာင္မွာရွိတာပါ။ေသတဲ့သူ ဘယ္သူဆိုတာ အတည္ျပဳၿပီးရင္ ျပန္ေျပာေပးမယ္ဆိုေတာ့ ၊ စဥ္းစားသာၾကည့္ေပါ့။

ေတာ္ေတာ္ကို ေသာက္သုံးမက်တဲ့ပို႔စ္ကို တင္ထားတယ္ဆိုတာသိသာေနၿပီ * လို႔လည္း ထို ေထာင္ဝန္ထမ္းက ျပင္းျပင္းထန္ထန္ ရႈံခ်သြားသည္။လက္ရွိအခ်ိန္၌ အင္းစိန္ေထာင္တြင္ အမ်ိဳးသမီးအႏုပညာရွင္ေလာကမွ အိျႏၵာေက်ာ္ဇင္ တစ္ေယာက္တည္းသာရွိေနေၾကာင္း ႏွင့္ သူမ၏ က်န္းမာေရးသည္ ေဒါင္ေဒါင္ျမည္ေကာင္းမြန္လွ်က္ရွိေၾကာင္း ၎က ေျပာသြားသည္။