စစ်ကောင်စီ လက်ပါးစေများကို ဧရာရစ်ဝိုင်းမိုးကြိုးမုန်တိုင်းအဖွဲ့ သတိပေးပြီ

စစ်ကိုင်းဒေသရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးများ၊ အခွန်အကောက် ဝန်ထမ်းများ၊ သတင်းပေးဒလန်များအနေနှင့် ၎င်းတို့လုပ်ရက်များကို အမြန်ဆုံးရပ်တန့်ကြရန် ဧရာရစ်ဝိုင်းမိုးကြိုးမုန်တိုင်းအဖွဲ့က ယနေ့ သတိပေးစာထုတ်ပြန်သည်။

ဧရာရစ်ဝိုင်းမိုးကြိုးမုန်တိုင်းအဖွဲ့သည် စစ်ကိုင်းမြို့နယ်အတွင်းမှ လူငယ်များဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့၏ မူဝါဒ၊

ရပ်တည်ချက်များအတိုင်း စစ်ကောင်စီသတင်းပေး ဒလန်များကို အပြစ်ပေးသုတ်သင်ရန် ယနေ့ ဖွဲ့စည်းလိုက်သည့်အဖွဲ့ဖြစ်သည်။

နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့သည် မြို့နယ် ၉မြို့နယ်တွင် အထူးတပ်ဖွဲ့ ၂၃ဖွဲ့ဖြင့် ဖွဲ့စည်းပြီး ထိခိုက်မှုအနည်းဆုံးစနစ်ဖြင့် စစ်ကောင်စီ၏ သတင်းပေး ဒလန်များ၊

လူထုကို ဒုက္ခပေးသည့် ပျူစောထီးများကို အင်တိုက်အားတိုက်ဖယ်ရှားရှင်းလင်းနေသည့် လက်သံပြောင်အဖွဲ့တစ်ခုဖြစ်သည်။

စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ် (SPDF) ကမူ ဧရာရစ်ဝိုင်းမိုးကြိုးမုန်တိုင်းအဖွဲ့နှင့် ၎င်းတို့ PDF သက်ဆိုင်ခြင်းမရှိသော်လည်း အလျဉ်းသင့်သလို အပြန်အလှန်သတင်းအချက်ဖလှယ် လုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်က အသိပေးသည်။

—————

စစ္ကိုင္းေဒသရွိ အၾကမ္းဖက္စစ္ေကာင္စီ၏ လက္ပါးေစ အုပ္ခ်ဳပ္ေရးမႉး၊ ရပ္ေက်းစာေရးမ်ား၊ အခြန္အေကာက္ ဝန္ထမ္းမ်ား၊ သတင္းေပးဒလန္မ်ားအေနႏွင့္ ၎တို႔လုပ္ရက္မ်ားကို အျမန္ဆုံးရပ္တန္႔ၾကရန္ ဧရာရစ္ဝိုင္းမိုးႀကိဳးမုန္တိုင္းအဖြဲ႕က ယေန႔ သတိေပးစာထုတ္ျပန္သည္။

ဧရာရစ္ဝိုင္းမိုးႀကိဳးမုန္တိုင္းအဖြဲ႕သည္ စစ္ကိုင္းၿမိဳ႕နယ္အတြင္းမွ လူငယ္မ်ားျဖင့္ဖြဲ႕စည္းထားသည့္ အဖြဲ႕ျဖစ္ၿပီး နယ္စည္းမျခား မိုးႀကိဳးမုန္တိုင္းအဖြဲ႕၏ မူဝါဒ၊

ရပ္တည္ခ်က္မ်ားအတိုင္း စစ္ေကာင္စီသတင္းေပး ဒလန္မ်ားကို အျပစ္ေပးသုတ္သင္ရန္ ယေန႔ ဖြဲ႕စည္းလိုက္သည့္အဖြဲ႕ျဖစ္သည္။

နယ္စည္းမျခားမိုးႀကိဳးမုန္တိုင္းအဖြဲ႕သည္ ၿမိဳ႕နယ္ ၉ၿမိဳ႕နယ္တြင္ အထူးတပ္ဖြဲ႕ ၂၃ဖြဲ႕ျဖင့္ ဖြဲ႕စည္းၿပီး ထိခိုက္မႈအနည္းဆုံးစနစ္ျဖင့္ စစ္ေကာင္စီ၏ သတင္းေပး ဒလန္မ်ား၊

လူထုကို ဒုကၡေပးသည့္ ပ်ဴေစာထီးမ်ားကို အင္တိုက္အားတိုက္ဖယ္ရွားရွင္းလင္းေနသည့္ လက္သံေျပာင္အဖြဲ႕တစ္ခုျဖစ္သည္။

စစ္ကိုင္းျပည္သူ႔ကာကြယ္ေရးတပ္ (SPDF) ကမူ ဧရာရစ္ဝိုင္းမိုးႀကိဳးမုန္တိုင္းအဖြဲ႕ႏွင့္ ၎တို႔ PDF သက္ဆိုင္ျခင္းမရွိေသာ္လည္း အလ်ဥ္းသင့္သလို အျပန္အလွန္သတင္းအခ်က္ဖလွယ္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း စစ္ကိုင္းျပည္သူ႔ကာကြယ္ေရးတပ္က အသိေပးသည္။