စစ်ပွဲကိုဦးတည်ပြီး တပ်တွင်း တော်လှန်ရေး စမည့်နေ့

မအလအာဏာသိမ်းတာဟာ နောက်ကွယ်မှာ ငရွှေရှိတယ် ငရွှေသိမ်းခိုင်းလို့ စနက်နဲ့ လုပ်နေတာလို့ အချို့ရေးပြောနေကြပေမယ့် ဒီလောက် ပရမ်းပတာနိုင်တဲ့ အာဏာသိမ်းမှုမျိုးနဲ့ တကိုယ်ကောင်းဆန်နေမှုမျိုးကို (ကြောက်လန့်နေ၍) ငရွှေမပါကြောင်း ငရွှေပါ ဖမ်းထိန်းပြီး လုပ်ချင်ရာလုပ်နေတာ ဖြစ်ကြောင်း စာရေးသူမှ ရေးထောက်ပြခဲ့ပါတယ်

ခုဆို သန်းရွှေသာ နေမကောင်း ဆေးရုံတတ် နေတာ မှန်ခဲ့ရင် ထိုအရေးသားနဲ့ ခန့်မှန်းချက် ပိုမှန်ပြီပေါ့ အကြောင်းက မအလလုပ်နေပုံဟာ သန်းရွှေကြီးပါ ဘာမှပြောမရလို့ ထိုင်ကြည့်နေရတဲ့ အနေထားဆိုတာနဲ့ ခြေချုပ်မိနေတယ်ဆိုတာ ယခုအရေးကလည်း တစိတ်တဒေသဖော်ပြနေတယ်

ဒီတော့ ယခုအရေးမှာ ဉာဏ်ရည်နိမ့်စွာနဲ့ပရမ်းပတာ တင်မက လုပ်ချင်ရာလုပ်နေတဲ့ မအလကို အခြားသူတွေ ဘာမှမလုပ်ပဲ ထိုင်ကြည့်နေသလားဆိုတာထက် အခြားသူတွေထက် စိုးဝင်းကို ပိုစိတ်ဝင်စား မိတာအမှန်ပဲ

ဒီတော့ သူတို့အကြောင်းကို အထူးသဖြင့် စိုးဝင်းနဲ့ အခြားသူတွေဟာ မအလကို လှန်လို့မရအောင် မအလဟာ သူ့လူတွေ အစားထိူးပြီး နေရာ ပြောင်းလဲ လုပ်ဆောင်ထားကြောင်းကို ပရိုကျစွာ ပညာရှင်တစ်ဦးမှ စိုးဝင်းအာဏာသိမ်းနိုင်လားဟူသော ပိုစ့်ဖြင့် တင်ထား၍ (ရှာဖတ်ကြပါရန်)

သို့ဖြင့် သမ္မတရာထူးပြုတ်၊ မပြုတ်မသေချာတဲ့ဦးမြင့်ဆွေဟာ မင်းအောင်လှိုင် သူမခန့်ပဲ ဝန်ကြီးချုပ်တက်လုပ်တာကို ၂၀၀၈ ခြေဥနှင့်ညီ၊ မညီ မေးခွန်းထုတ်လိုက်ပြီး မအလ လုပ်ချင်တာတွေ လျောက်လုပ်နေပြီး အာဏာဆက်ရူး မထူးဇာတ်ခင်းနေတဲ့ အနေထားကို သူ့က ဘာလုပ်ရမှာလည်းဟု ဒုစိုးဝင်းကို မေးတာ စိုးဝင်းက သူမသိလို့ ပြောတဲ့စကားဟာ ဂျင်းသတင်းဆိုဦးတော့

အမှန်တကယ် မြင့်ဆွေဟာ မအလအောက်မှာ သောက်ရူးလုံးလူံးဖြစ်နေရပြီး စောက်ဖက်မလုပ်ခံရတဲ့ သမ္မတအမည်ခံနဲ့ ချောင်ထဲရောက်နေသည့်အတွက် ထိုစကားကို သူ့စိတ်ထဲမှနေ အမှန်တကယ် မေးချင် ပြောချင်နေမည်ဆိုတာ ယုံမှားသံသယမရှိပါဘူး (တမင်ရှောင်ဖယ် ထွက်သွားရင်တော့ မပြောတတ်ဘူး မအလကိုကြောက်ပြီး သို့ ပူးပေါင်းပြီး)

ဒီတော့ ယခုအခြေနေတွေမှာ မအလတကောင်တည်း ချွန်ပြီး စိတ်ကူးတည့်ရာ လျောက်လုပ်နေသည်ကို ဘာပါဝါမှ မရှိပဲ ထိုင်ကြည့်နေတဲ့ သူတွေထဲမှာ ဒုစိုးဝင်းကို အမှန်တကယ်စိတ်ဝင်စားမိပြီး ချည်းကပ်ကြည့်မိတာ အမှန်ပါပဲ

ဒီတော့ ယခုလို အခြေနေမှာ (စစ်ပွဲကိုဦးတည်ပြီး ၊ သေဆုံးနိုင်) တဲ့ စစ်တပ်နဲ့ ဒုစိုးဝင်းဟာ ဘာသံမှမထွက်ပဲ မအလ လုပ်သမျှ ခေါင်းငုံ့ခံအဆင့်နဲ့ ဆန့်ကျင်ကန့်ကွက်မှု ရှိခြင်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိပဲ သီးခြားနေနေခြင်းဟာ

– မအလက သူ့အာဏာပါဝါကို ထိန်းချုပ်ထားပြီ လား– သို့တည်းမဟုတ် ဟန်ပြဒုချုပ်သာ ရှိနေပြီလား ဆို တာပါပဲ …ထိုအခြေနေမှာ စိုးဝင်းဟာ ထွက်လည်းမထွက်ပဲ ထိူအတိုင်းပဲ ရှိနေခြင်းဟာ

– မူလ သူ့ပုံစံအတိုင်း အာဏာရူးမှုနဲ့ – သူ ယခုလိူ ပုံစံ ရာထူးအရှိန်ဝါ ရှိနေမှ

မအလက သူ့ကို လက်စဖျောက် ရှင်းမရဘူးဟူသော (စိုးဝင်းက မအလထက် တပ်တွင်း ထောက်ခံသူ များ) အနေထားကြောင့် ရာထူးမှ နှုတ်မထွက်ပဲ ကာချုပ်ရာထူးအတွက် ဂွင်ကောင်းကိူ စောင့်နေဟန် ရှိလေသည်

သိူ့အတွက် မအလမှလည်း လည်သည် နိုင်ငံရေးအရ အသာစီးရဖို့နဲ့ ယတြာအတွက် အိမ်စောင့်အစိုးရပူံစံပြောင်း ဝန်ကြီးဟန်ပန်ဖြင့်နေပေမယ့် ကာချုပ်ရာထူးကိုလက် ဆက်လျက်ယူထားလေသည် ထိူအတွက် စိုးဝင်းဘယ်လောက်တင်းမလဲ တွေးဆကြည့်နိုင်လေသည်

အများအမြင်မှာတော့ ပုလင်းတူဗူးစို့ တကြိတ်တကြံထဲ ဆိူပေမယ့် အပြင်မှာလည်း သာပေါင်း ညာစားဟန်နဲ့ နေနေကြပြီး နောက်ကွယ်မှာ နှစ်ယောက်လူံးဟာ တစ်ယောက်ကိုတစ်ယောက် လက်ဦးဖိူ့ ချောင်းနေမှာ သေချာလှသည် (နှစ်ယောက်လုံးက တကြိတ်တကြံတည်းသမားတွေ)

အကြောင်းက စိုးဝင်းက တပည့်တပန်းနဲ့ ထောက်ခံသူ ပေါများတယ် မအလကို တပ်တွင်းထောက်ခံသူနည်းပြီး ဆင်းခိုင်းစေချင်သူများနေတယ်ဒီအတွက် မအလဟာ သူ့အတွက်စိုးရိမ်ပြီး စိုးဝင်းကို အာမခံနိုင်အောင် ချောင်ပိတ်ပြီး နေရာမပေး ရွေးထားခြင်းဖြင့် သူ့လူတွေ အစားထိုး ကျားကန် ကာဗာလုပ်ထားတယ်

ဒါကို သိရဲ့ ရာထူးက အနားယူရင် လုပ်ကြံခံရနိုင်လို့ရယ် ကာချုပ်နေရာမက်အာဏာရူးမှုနဲ့ သူ့ထောက်ခံသူတပည့်များအရှိန်နဲ့ လုပ်ကြံမခံရလေအောင်အတွက် အခွင့်အခါဂွင်ကြုံရင် မအလကိုဖြုတ်ချ ကာချုပ်နေရာဖမ်းယူပြီး အာဏာဆက်ရူးနိုင်ဖို့ ခုထိ ပေခံတောင့်ခံပြီး မအလအောက် ခေ့ါင်းငုံ့သီးခံ ဟန်ဖို့ နေပုံရပါတယ်ဆိုတာ

ထိုအတွက် ဖြစ်နိုင်ချေက ယခုလို မအလတစ်ကောင် တကိုယ်ကောင်းဆန် ရမ်းချီးပန်း လျောက်လုပ်နေမှုက တပ်တွင်းနဲ့ ခေါင်ချုပ်တွေပါ ထိခိုက်လာနိုင်ပြီး နောက်ဆုံး စစ်ရေးထိ သွားစေအုံးတော့ သူနဲ့အတူ အသေ အပါမခံလိုတဲ့ သူတွေကတော့ မအလကို ဖြုတ်ချပြီး သူတိူ့ အသက်ရှင် လွတ်မြောက်ဖို့အတွက် NUG နဲ့ အပေးယူလုပ်ပြီး သို့ သူတို့ဘာသာ ရပ်တည်ဖို့ လုပ်ဆောင်လာကြတော့မည်ဆိုတာ

မအလ ကောင်းကောင်း ရိပ်မိ သိရှိနေ၍ တပ်တွင်း ပုန်ကန်မှုနဲ့ သူ့အား မလုပ်ကြံနိုင်အောင် ခုကတည်းက သေချာပြင်ဆင်ပြီး စိုးဝင်းနဲ့ အခြားသူတွေကိူ သေချာကိုင်တွယ် ချုပ်ထားတော့မည်ဆိုတာ လုံးဝကိူ သေချာလှ၍ စိုးဝင်းနဲ့ မအလကြားက အငြိုးတေးနဲ့ ယှဉ်ပြိုင်မှု လက်ဦးမှုဟာလည်း ကြာလာတာနဲ့အမျှ ပိုမိုကြီးထွားလာလိမ့်မည်ဆိုတာ ယုံမှားသံသယမရှိ ခန့်မှန်း ယူဆမိ၍

အရင်ချိန်က တကြိတ်ထဲတဉာဏ်ထဲ လုပ်ခဲ့ကြပေမယ့် ခုထိ အုပ်ချုပ်၍မရယုံမက ရှုံးတော့မည့်အခြေနေနဲ့ ကြုံတွေ့နေရပြီး စစ်တပ်ပါပြိုလဲမည့် စစ်ရေးနဲ့ပါ ရင်ဆ်ူင်ရဖွယ် ရှိနေသောကြောင့် ယခုလို အချိန်နဲ့ ကြာလာသည်နဲ့အမျှ တပ်တွင်း ပြိုကွဲမှု ပုန်ကန်မှုဟာ ကြိမ်းသေ ဖြစ်ပေါ်လာတော့မည်ဆိုတာနဲ့

အဓိကက အထူးသဖြင့် ယခုပွဲမှာ မအလကြောင့် မည်သူမျှ ပြိုကွဲ အသေခံနိုင်ကြမှာ မဟုတ်သည့်အတွက် အကယ်၍ ပြည်သူ့ဘက်က D Day စခေါ်တာနဲ့ မအလစကစတပ်ဟာ မတိုက်ရသေးဘူး ဖရိုဖရဲ ပြေးမည့်သူနဲ့ မအလအား ဖြုတ်ချပြီး စစ်ရေးကိူ ရှောင်လွဲမည့်သူနဲ့ သူတို့အသက်ရှင်လွတ်မြောက်ဖို့ ကိူယ်တိုင်ဖန်တီး လာကြမည်ဆိုတာ

မယုံရင် စောင့်ကြည့်ပေါ့ဗျာ ဒီကောင်တွေ ဇရှိရင် ခုထဲက ပြည်သူကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီ လက်နက်အသာစီးနဲ့ (UN US တောင် ဂရုမစိုက်တာပဲ) ချီးနားကြောင့် မလုပ်မှန်းသိလို့ ဖိန့်ဖြဲပြတာလည်း ပါမှာပေါ့ သူ့တပ်တွင်း အထင်ကြီးအောင်နဲ့ ပြည်သူတွေကို လှည့်ကွက်တွေ လုပ်ပြတာ

ဒီတော့ ခြုံကြည့်ရရင် ခုဖြစ်စဉ်မှာ မလုပ်ရဲတာ မရှိဘူးပြောထားတာက မအလသာလျင် ဖြစ်ပြီး (အခြေနေမဆိုးလို့ သူတို့သာနေတယ်ထင်ပြီး မအလ အမိန့်နာခံနေတာ) ထိုအထဲမှာ တကယ်ပြည်တွင်းစစ်နဲ့ D Day သာ စခဲ့ရင် အရင်ဦးဆူံး ထွက်ပြေးမှာက ခေါင်ချုပ်စစ်ဗိုလ်နဲ့ တပ်တွင်းသူတွေသာဆိူတာ သိရင်

အောက်ခြေ အမဲရိုးပစ်ကြွေးအဆင့်လေးတွေကလည်း မသိခင် တုံ့ပြန်ပြီး သိတာနဲ့ ပြေးမယ်ဆိုတာ ခုကို ထိုအခြေနေတွေက ရှေ့တန်းနဲ့ နောက်တန်း တပ်တွင်း အခြေနေ သတင်းတွေက ဖော်ပြပေးနေပြီ မဟုတ်ပါလားဒါကြောင့် မအလ သူ့တပ်ကိုစည်းရုံးမည့် အားပေး မြှင့်တင်မည့် ဆိုက်ဝါးသတင်းနဲ့ လုပ်ကွက်တွေ လျောက်ဖိန့် ဟောပြော လုပ်ပြနေတာ

ဒီတော့ D Day သာစ နှစ်လတိုက်ရမည့်ပွဲက နှစ်ပတ်အတွင်းနဲ့တင် ပွဲပြတ်ပြီး ပြည်သူနိုင်တယ် အကြောင်းက အောက်ခြေစခွေးတွေဟာ အထက်ခေ့ါင်တွေ စောက်ကြောင်း မသိလို့သာ အစပိုင်းတိုက်မယ် သိသွားရင်တော့ သူတင်ကိူယ်တင် ထွက်‌ပြေး သိူ့ လက်နက်ချ ပြောင်းလှည့် ပူးပေါင်းလာပြီး ပြည်သူနဲ့အတူရှိမည်ဆိုတာ ယုံကြည်ပြီး ထိူနေ့အချိန်ခါကိူ စိတ်ကူးနဲ့တင် အပြတ်သတ် အလဲထိုး အနိုင်ယူထားပြီဆိူတာ အသိပေးရင်း

တပ်တွင်းတော်လှန်ရေး စမည့်နေ့ဟာ ဘယ်နေ့လည်းဆို ပြည်သူ့ D Day နေ့ ဖြစ်ပြီး ထိုနေ့မှစ ပြည်သူ့တော်လှန်ရေးနဲ့ အရေးတော်ပုံ အဆုံးသတ်ပြီး အောင်ရမည်ဟု !!

မင်းကြည်ညိုနေ

Credit ကူးယူမျှဝေခြင်းသာ ဖြစ်ပါသည်။