ထောက်လှမ်းရေး ဒရုန်းတွေက ဘယ်လိုအလုပ်လုပ်သလဲ တို့ပြည်သူတွေနဲ့ PDF တွေဘယ်လိုရှောင်တိမ်းလို့ရမလဲ

ထောက်လှမ်းရေး ဒရုန်းတွေက ဘယ်လိုအလုပ်လုပ်သလဲ တို့ပြည်သူတွေနဲ့ PDF တွေဘယ်လိုရှောင်တိမ်းလို့ရမလဲ…

ဒီတပတ်တော့ မြန်မာနိုင်ငံမှာ တွေ့နေရတဲ့ ထောက်လှန်းရေး၊ စောင့်ကြည့်ရေးနဲ့ ကင်းထောက်ရေး တွေမှာသုံးတဲ့ ISR (Intelligence, Surveillance and Reconnaissance) အမျိုးအစား ဒရုန်းယာဉ်တွေနဲ့ ဒီဒရုန်းတွေနဲ့ ထောက်လှန်းမှုကို ဘယ်လိုရှောင်နိုင်တယ် ဆိုတာတွေကို အမေရိကန် IT နည်းပညာရှင်တဦးဖြစ်တဲ့ ကို Stanley ဇေယျ ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

မကြာသေးခင်က မန္တလေးမြို့ပေါ်တဝိုက်မှာ တွေ့နေရတဲ့ ဒရုန်းယာဉ်တွေဟာ မြေပြင်က ဆန္ဒပြလှုပ်ရှားသူတွေရဲ့ အနေထားကိုသိဖို့ သုံးတာဖြစ်နိုင်ကြောင်း Asia Time ကို ကိုးကား ပြီး ANI သတင်းမှာဖော်ပြထားသလို မြန်မာစစ်တပ်သုံးနေတဲ့ ဒရုန်းတွေဟာ ထောက်လှန်းရေးသုံး တရုတ်လုပ် CH-3A တွေဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Janes International Defense Review နဲ့ ဝါရှင်တန်အခြေစိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့က အတည်ပြုထားပါတယ်။

မေး။။ မိတ္ထီလာမှာရှိတဲ့ ရှမ်းတဲလေတပ်စခန်းနားမှာ တရုတ်လုပ်တဲ့ CH 3 အမျိုးအစား ဒရုန်းတွေကို တွေ့ရတယ် ဆိုပြီး ဓါတ်ပုံနဲ့တကွ CSIS ကနေပြီး satellite ကောင်းကင်ဓါတ်ပုံတွေနဲ့တကွ ပြထားပါတယ်။ ဒီဒရုန်းတွေကို ဘယ်နေရာတွေမှာ အဓိက သုံးသလဲ ပြောပြပေးပါ။ဖြေ။။ ဟုတ်ကဲ့ သူတို့လက်ရှိ တရုတ်လုပ်ဒရုန်း ဘယ်နေရာမှာ သုံးသလဲဆိုရင် အခု နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ သပိတ်တွေ၊ နောက်ပြီးတော့ တိုင်းရင်းသားအဖွဲ့တွေ အတွက် သူတို့ စုံစမ်း ထောက်လှန်းတဲ့ နေရာမှာ အသုံးပြုလို့ ရတာပေါ့။

မေး။။ ဒီဒရုန်းတွေကို အဓိက က ထောက်လှန်းတဲ့နေရာမှာ သုံးနေတာ ပေါ့နော်။ဖြေ။။ ဟုတ်ကဲ့။ ဒီထောက်လှန်းတဲ့ နေရာမှာပဲ အဓိက သုံးတယ်။ တရုတ်ကထုတ်တဲ့ CH3 အမျိုးအစား ဒရုန်းက အခု မြန်မာပြည်က လက်ရှိ ရယူထားတာကတော့ surveillance ဒရုန်း ပေါ့နော်။ ထောက်လှန်းရေး ဒရုန်းလို့ပဲ။ အဲဒါကတောင် ဒေါ်လာ ၄ သန်းလောက် ရှိပါတယ်။ တစီးကို။ ၃ သန်းနဲ့ ၄ သန်းလောက် ရှိပါတယ်။

အခု ထောက်လှန်းရေးဒရုန်းမဟုတ်ပဲနဲ့ တခြား missile ဒုံးလက်နက် တပ်ပြီး ပစ်လို့ရတဲ့ ဒရုန်းတွေကိုလည်း သူတို့ ရယူကောင်း ရယူပြီးတော့ သူတို့အသုံးပြုနိုင်ပါတယ်။ ဒါကတော့ စစ်တပ်ကဆိုတော့ သူတို့ကို ဘယ်လိုမှ ခန့်မှန်းလို့ မရဘူး။ ဒါပေမယ့် တရုတ်နဲ့ အခုသူတို့ အဆင်ပြေနေတော့ သူတို့မှာ ရှိကောင်းရှိဖို့ ခန့်မှန်းရတယ် ပေါ့နော်။မေး။။ ဒီ ဒရုန်းတွေကို ထောက်လှန်းတဲ့နေရာမှာ သုံးတယ်ဆိုတော့ အခုဆိုရင် ဆန္ဒပြတဲ့ လူငယ်လေးတွေ၊ ထွက်ပြေးနေတာတွေရှိတယ်။ပုန်းအောင်းနေတာတွေရှိတယ်။ သူတို့တွေ ဒီလို ဒရုန်းတွေနဲ့ ထောက်လှန်းတာကို ရှောင်နိုင် တိမ်းနိုင်လို့များ ရပါသလား။

ဖြေ။။ဟုတ်ကဲ့ရပါတယ်။ ဒီထောက်လှန်းရေး ဒရုန်းတွေကို ရှောင်မယ်ဆိုရင် သူတို့ကဒီ thermal imaging လို့ခေါ်တဲ့ အပူလှိုင်းကို ရှာပြီးတော့ scan လုပ်တာပေါ့နော်။ image လုပ်ပြီးတော့ လူတွေ ထွက်ပြေးတဲ့ နေရာကို ရှာတာ။အဲဒီတော့ ပြောမယ် ဆိုရင်တော့ ကျနော်တို့ ခန္ဓာကိုယ်ထဲကနေ အပူငွေ့တွေ ထွက်တယ်။ အဲဒီလို အပူငွေ့တွေ ထွက်တာကို ကာကွယ်ဖို့ ခြုံလို့ရတဲ့ ပစ္စည်းတွေ ဥပမာ အားဖြင့် အရေးပေါ်သုံးစောင် emergency blanket လို့ခေါ်တယ်။ ကျနော်တို့ ကုလသမဂ္ဂ UN ကထုတ်တဲ့ အရေးပေါ်သုံးခြုံစောင် – မိုင်လာ Mylar blanket လို့ခေါ်တယ်။ အဲဒါမျိုးလေးတွေကို ခြုံပြီး သွားမယ်ဆိုရင်။

ဟို တချို့ စောင်တွေမှာလည်း ပါပါတယ်။ ၁၀၀ % ချည်ထည်မျိုးမှာ thermal heat protection အပူဒဏ် အကာကွယ်ပေးတာ ပါတဲ့ စောင်တွေ ရှိပါတယ်။ ဘယ်လိုခေါ်မလဲ ဆိုတော့ အလွယ်တကူနဲ့ ဈေးတွေမှာ ဝယ်လို့ရတာ ရှိပါတယ်။ အဲဒါမျိုးတွေ ခြုံပြီးတော့ ကာထားလို့ ရပါတယ်။

အဓိက ကတော့ ပြေးတဲ့အခါမှာ ပေါ့နော်၊ ခန္ဓာကိုယ်ကနေ heat က အပူက အရမ်းထုတ်ပေးတယ်။ ဆိုတော့ အပူငွေ့များများ ထွက်လေလေ၊ သူတို့ ဒရုန်းတွေကနေ ရှာနိုင်လေပဲ။

အဲဒီတော့ သာမန်လူ တယောက် ထိုင်နေတဲ့လူတယောက်နဲ့တော့ မတူဘူး ပေါ့နော်။ အဲဒီလို ပြေးလွှားပြီး အဲလို ပြေးနေတဲ့လူမှာဆိုရင် ကျနော်တို့ လူခန္ဒာကိုယ်တွေ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေ ဆိုရင် အပူငွေ့ များများထွက်တယ်။ အဲဒီတော့ အဲဒီလို အပူငွေ့ များများ မထွက်အောင် အကာကွယ်ပေးနိုင်မယ့် ပစ္စည်းအမျိုးအစားတွေသုံးပြီး ကာကွယ်နိုင် ဝတ်လို့ရနိုင်ပါတယ်။ thermal protection ဂျက်ကက်တွေ ဘာတွေလည်း ရှိပါတယ်။ ဈေးမှာ။ ဈေးပေါပေါနဲ့ ရနိုင်ပါတယ်။

အဓိကကတော့။ အလွယ်တကူဆိုရင်တော့ မြန်မာပြည်အတွက်ဆို ဒီလို အပူကာကွယ်နိုင်တဲ့ စောင်တွေ၊ တထပ် ဒါမှမဟုတ် ၂ ထပ် ခြုံပြီးတော့ သွားတာကောင်းတယ်။ နောက်ပြီးတော့ အဲဒီလို ဒရုန်းတွေ လာနေမယ် ဆိုရင် ပြေးနေမယ့်အစား မှန်တွေဘာတွေ ရှိတဲ့နေရာကနေ ကွယ်နေတာ ကောင်းတယ်။

မေး။. ။ ဘာကြောင့်မှန်တွေရှိတဲ့နေရာကို အကာကွယ်ယူရတာပါလဲ။ဖြေ။. ။ သူက မှန်ဆိုရင် သူက အပူက အပြင်ကို မထွက်ဖူး ပေါ့နော်။ ဒါပေမယ့် မှန်ကိုတော့ သူက လက်နဲ့သွားကိုင်လို့တော့ မရဘူး။ မှန်ကို လက်နဲ့သွားကိုင်လိုက်ရင်တော့ အဲဒီမှန်မှာ လူရဲ့ အပူက ကျန်ခဲ့တယ်။ တဖြေးဖြေးနဲ့ ရောက်လာတယ်။ ကျနော်တို့ thermal scanner နဲ့ကြည့်ရင် သေသေချာချာ မြင်တွေ့နိုင်ပါတယ်။အဲဒီ ကာကွယ်တဲ့ ပစ္စည်းတွေကတော့ Mylar blanket လို့ခေါ်တဲ့ ကုလသမဂ္ဂက နိုင်ငံတကာမှာ လှုပေးနေတဲ့ Thermal blanket တွေ သုံးလို့ရတယ်။

အဲဒါက သေးသေးလေးတွေပဲ။ ပေါ့ပေါ့လေးတွေ၊ တဒေါ်လာတောင် မပေးရပါဘူး။ အဲဒါမျိုးလေးတွေ၊ ဝယ်ပြီးတော့ သုံးပြီးတော့ ကာကွယ်ထားလို့ရတယ်။ ဒါမှမဟုတ်ရင်၂ ခု ၃ ခုလောက်ဝယ်ထားပြီးတော့ ကာကွယ်ပြီတော့ ပြေးလို့လွှားလို့ ရတယ်။ ဒါပေမယ့် မပြေးတာလဲ ကောင်းတာပေါ့နော်။ အဲဒီလို ဒရုန်းတွေ ဘာတွေ လာတဲ့ အချိန်မှာ ငြိမ်နေပြီးတော့ ကာကွယ်ရမယ့် ပစ္စည်းတွေနဲ့ကာကွယ်ပြီးတော့ ရပ်နေတာ ကောင်းတယ်ပေါ့နော်။ တကယ်လို့ ပြေးမယ် ဆိုရင်တောင်မှ အုပ်စု တစုထဲ မပြေးပဲနဲ့ ခွဲပြေးတာ ကောင်းတယ်။ ဘာလို့လည်း ဆိုတော့ ခွဲပြေးရင် သူတို့ ရှာရတာ ခက်တာ ပေါ့နော်။ ဒရုန်းတင် မဟုတ်ဖူးပေါ့။

ဒီ ကွန်ပြူတာ guided missile ( ကွန်ပြူတာသုံး ပစ်ခတ်တဲ့ဒုံးကျည်) ပါတဲ့ ဒရုန်းတွေဆိုလည်း အဲဒီလိုမျိုး ပြေးတာ အကောင်းဆုံး ပါပဲ။ ဒါကတော့ အခြေခံ ကာကွယ်တဲ့ နည်းလေး ပေ့ါနော်။မေး။. ။ နောက် လူရဲ့ ကိုယ်ထဲက electromagnetic (field ) လ ျှပ်စစ်သံလိုင်း လှိုင်း တွေက ထွက်ပါတယ်။ ဒါကိုရော ဒရုန်းတွေက ဖမ်းလို့ ရပါသလား။ဖြေ။. ။ဟုတ်ကဲ့ ။ ရပါတယ်။ အဲဒါတွေကို ကာကွယ်ဖို့ အတွက် ခုနပြောတဲ့ ပစ္စည်းအမျိုးအစား သုံးရမယ်။ လ ျှပ်စစ်သံလိုက်နဲ့ အပူ ကာကွယ်တဲ့ electromagnetic – thermal protection ဖြစ်တဲ့ စောင်တွေရှိတယ်။ မိုင်လာ blanket လိုမျိုး emergency blanket လိုမျိုး ဟာတွေရှိတယ်။

အဲဒါတွေကို သုံးလို့ရပါတယ်။ နောက် အလွယ်တကူ ပြောရင်တော့ တချို့ ထီးတွေ ဘာတွေမှာဆိုရင်လည်း ထီးအရွက် အကာ အသားက အဲဒီလို ကာကွယ်လို့ ရတာ မျိုးတွေ ရှိပါတယ်။ အမှန်ဆိုရင်တော့ အဲဒီအသားက နိုင်လွန်နဲ့ ခပ်ဆင်ဆင်ပဲ။ diamong foil လေးလို ဟာမျိုး ပေါ့နော်။ သူက ခပ်ပျော့ပျော့ လေးပဲ။ ကျွတ်ကျွတ်-အိတ်လို အသားကတော့။ အဲဒါလေးတွေရှိပါတယ်။ အဲဒါလေးတွေက တော်တော် ကာကွယ်ပါတယ်။ တော်တော်များများသုံးနေတာပါ။

မေး။. ။ မြန်မာနိုင်ငံမှာက ဒရုန်းနဲ့ပတ်သက်ပြီး သိပ်မယဉ်ပါး ကြသေးဘူး။ အဲဒီတော့ ဒရုန်းပျံနေတယ်၊ မပျံဘူး။ အဲဒါကို မြေပြင်ကနေပြီးတော့ ဒရုန်းလာနေတယ်။ မလာဘူး၊ ဆိုတာ ဘယ်လိုလုပ် သိနိုင်မလဲ။

ဖြေ။. ။ဒရုန်းကို ဖမ်းရင်တော့ ဒရုန်း scanner တွေနဲ့ ရေဒီယို frequency scanner တွေနဲ့ပေါ့နော်၊ သုံးမှ ရပါမယ်။ သူတို့က အခု CH3 လိုမျိုး ဒရုန်းကတော့ သူတို့က မီတာ တသောင်း အထက်မှာ ပျံတော့။ သူတို့ကို တော်ရုံ တန်ရုံနဲ့တော့ ဖမ်းလို့ မရဘူး ပေါ့နော်။ကို Stanley ဇေယျရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။ဒီတရုတ်ဒရုန်းယာဉ်တွေကို မိတ္ထီလာ ရှမ်းတဲ လေတပ်အခြေစိုက်စခန်းမှာ တွေ့ရတယ်လို့ CSIS က ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေနဲ့ အတည်ပြုထားသလို CH-3A ဒရုန်းတွေကို တရုတ်အစိုးရ အာကာသသိပ္ပံနဲ့ နည်းပညာဌာန CASC လက်အောက်က လေကြောင်းဆိုင်ရာဌာန China Aerospace Long-March International က တည်ဆောက်တာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၀ ကနေ ၂၀၁၉ အတွင်း လက်နက်တင်ပို့မှုမှာ တရုတ်က ၅၆ ရာခိုင်နှုန်း၊ ရုရှားက ၃၁.၆ ရာခိုင်နှုန်းနဲ့ ကျန်တာကို ယူကရိန်း၊ မြောက်ကိုရီးယားနဲ့ အစ္စရေး အပါအဝင် တခြားနိုင်ငံတွေက တင်ပို့တာဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသိပ္ပံ SIPRI ကရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး Asia Times မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၁၀ ကနေ ၂၀၁၉ အတွင်း လက်နက်ဝယ်ယူတဲ့ ငွေပမာဏ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
Cetdit – ဗွီအိုအေ