ကမ္ဘာ့ပထမဆုံး ဆိုင်ကယ်ပျံ လာပြီ

ကားပျံတွေ ၊ Jetpack အသုံးပြုပြီး ပျံသန်းနိုင်သော လူ (လူပျံ)တွေဟာ လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဆိုင်ကယ်ပျံ တွေလည်း လမ်းကြောင်းပေါ် ရောက်လာရမှာပေါ့။

ကလီဖိုးနီးအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Jetpack Aviation ဟာ ဂျက်အင်ဂျင်တပ်ဆင်ထားသော Speeder ဆိုတဲ့ ပျံသန်းနိုင်သော ဆိုင်ကယ် ရှေ့ပြေးပုံစံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Jetpack Aviation ဟာ Speeder ဆိုင်ကယ်ပျံ အတွက် လိုအပ်တဲ့ ပျံသန်းမှုဆိုင် ထိန်းချုပ်ဖို့ ၎င်းတို့ရဲ့ ကိုယ်ပိုင် ဆော့ဝဲ ပရိုဂရမ်တွေကို စောင့်ကြည့်ရန်နှင့်တွန်ကန်အားကို ချိန်ညှိရန်တို့ကို ၁၈ လကြာ စမ်းသပ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ပထမဆုံး ဆိုင်ကယ်ပျံ ရှေ့ပြေးပုံစံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ တာပဲဖြစ်ပါတယ်။

Speeder ဆိုင်ကယ်ပျံ ရှေ့ပြေးပုံစံ

၎င်းဆော့ဝဲများဟာ Speederကို လေ‌ပေါ်တွင် ပျံသန်းနေစဉ်အလိုအလျောက် တည်ငြိမ်စေပြီး၊ မြေပြင်‌ပေါ်သို့ ဆင်းသက်ရာတွင် ပုံမှန်မော်တော်ဆိုင်ကယ်အဖြစ် လုပ်ဆောင်ရန်ခွင့်ပြုထားပါတယ်။

ကုမ္ပဏီဟာ ဆိုင်ကယ်ပျံကို နေ့စဉ်အသုံးပြုသူများအတွက် ပုံစံနှစ်မျိုးနဲ့ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။အလွန်ပေါ့သော ပုံစံ နှင့် နောက်ပုံစံတစ်ခုကတော့ စမ်းသပ်နေဆဲ ဖြစ်ပါတယ်။

အလွန်ပေါ့ပါးသော ပုံစံ မှာတော့ FAA ရဲ့ ကန့်သတ်ထားတဲ့ ဉပဒေကြောင့် တစ်နာရီကို မိုင် ၆၀ နှုန်းနှင့်ပျံသန်းချိန်ကတော့ ၁၅ မိနစ်ပါ။ ပိုင်းလော့ လိုင်စင်‌တော့ မလိုအပ်ပါဘူး။

စမ်းသပ်နေဆဲ ပုံစံ မှာတော့ ပျံသန်းဖို့အတွက် အခြေခံ ပိုင်းလော့ လိုင်စင် လိုအပ်ပါတယ်။ဒီဗားရှင်းမှာတော့ ပျံသန်းချိန် ၃၅ မိနစ်ခန့်နှင့်အတူ အမြန်နှုန်းက တစ်နာရီကို မိုင် ၂၅၀ နီးပါးနှုန်းဖြင့် ပျံသန်းမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

Speeder ဆိုင်ကယ်ပျံ ရဲ့ မူလ ဒီဇိုင်းတွင် တာဘိုင်ဂျက်အင် ၄ လုံးတပ်ဆင်ထားသော်လည်း နောက်ဆုံး ထုတ်လုပ်မှုမှာတော့ ပိုပြီးဘေးကင်းလုံခြုံမှုရှိရန် အင်ဂျင် ၈ လုံးကို ဆိုင်ကယ်ရဲ့ ထောင့်လေးထောင့်မှာ ထောင့်တစ်ခုစီတွင် ၂ လုံးစီ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့် ပေါင် ၃၀၀ ခန့်ရှိသော Speeder ဟာ ပေါင် ၆၀၀ သယ်ဆောင်နိုင်ပြီး ထိန်းချုပ်ဖို့ လက်ကိုင်၊ ၁၂ လက်မရှိတဲ့ လမ်းကြောင်းပြ မျက်နှာပြင်တစ်ခု နှင့် ရေဒီယို စနစ်များလည်း ပါရှိမှာဖြစ်ပါတယ်။

အဆင့်မြင့်တင်ထားတဲ့ Speeder 2.0 ဗားရှင်းရဲ့ ရှေ့ပြေးပုံစံကိုလည်း ၂၀၂၂ ခုနှစ် အစောပိုင်းတွင် စတင် စမ်းသပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း စမ်းသပ်ထုတ်လုပ်မှုများတွင် ၁၀၀ ရာခိုင်နှုန်း ကာဗွန် ထုတ်လွတ်မှုမရှိတဲ့ လောင်စာကို အသုံးပြုဖို့လည်း ရည်ရွယ်ထားပါတယ်။

Speeder ဆိုင်ကယ်ပျံ ရှေ့ပြေးပုံစံ

အနာဂါတ်မှာ စစ်တပ်နှင့်ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းများ အတွက် အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံတွေပါ ထုတ်လုပ်မည်ဟု ဆိုပါတယ်။၎င်းဗားရှင်းမှာတော့ တိုးမြင့်ထားသော အကွာအဝေး၊ မီးအားထိန်းရန်သိုလှောင်ခန်းများ၊ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်ပစ္စည်းများ သိုမဟုတ် ခရီးသည်များဒဏ်ရာရရှိမှုများအတွက် ဖြုတ်နိုင်တပ်နိုင်သော အတောင်ပံများ ပါရှိမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ Speeder ဆိုင်ကယ်ပျံ အတွက် ကနဦးဈေးနှုန်းကို ဒေါ်လာ ၃၈၁,၀၀၀ သတ်မှတ်ထားပြီး ကြိုတင်မှာယူမှုများကို စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ၂၀၂၃ မှာစတင်ဖြန့်ဖြူးဖို့ စီစဉ်ထားပါတယ်လို့ ဆိုပါတယ်။

Credit : Original Writer

————-

ကားပ်ံေတြ ၊ Jetpack အသုံးျပဳၿပီး ပ်ံသန္းႏိုင္ေသာ လူ (လူပ်ံ)ေတြဟာ လမ္းေၾကာင္းတစ္ခုေပၚ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ ဆိုင္ကယ္ပ်ံ ေတြလည္း လမ္းေၾကာင္းေပၚ ေရာက္လာရမွာေပါ့။

ကလီဖိုးနီးအေျခစိုက္ ကုမၸဏီတစ္ခုျဖစ္တဲ့ Jetpack Aviation ဟာ ဂ်က္အင္ဂ်င္တပ္ဆင္ထားေသာ Speeder ဆိုတဲ့ ပ်ံသန္းႏိုင္ေသာ ဆိုင္ကယ္ ေရွ႕ေျပးပုံစံကို ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္းႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

Jetpack Aviation ဟာ Speeder ဆိုင္ကယ္ပ်ံ အတြက္ လိုအပ္တဲ့ ပ်ံသန္းမႈဆိုင္ ထိန္းခ်ဳပ္ဖို႔ ၎တို႔ရဲ႕ ကိုယ္ပိုင္ ေဆာ့ဝဲ ပ႐ိုဂရမ္ေတြကို ေစာင့္ၾကည့္ရန္ႏွင့္တြန္ကန္အားကို ခ်ိန္ညႇိရန္တို႔ကို ၁၈ လၾကာ စမ္းသပ္ခဲ့တဲ့ အက်ိဳးေက်းဇူးေၾကာင့္ ပထမဆုံး ဆိုင္ကယ္ပ်ံ ေရွ႕ေျပးပုံစံကို ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္းႏိုင္ခဲ့ တာပဲျဖစ္ပါတယ္။

Speeder ဆိုင္ကယ္ပ်ံ ေရွ႕ေျပးပုံစံ

၎ေဆာ့ဝဲမ်ားဟာ Speederကို ေလ‌ေပၚတြင္ ပ်ံသန္းေနစဥ္အလိုအေလ်ာက္ တည္ၿငိမ္ေစၿပီး၊ ေျမျပင္‌ေပၚသို႔ ဆင္းသက္ရာတြင္ ပုံမွန္ေမာ္ေတာ္ဆိုင္ကယ္အျဖစ္ လုပ္ေဆာင္ရန္ခြင့္ျပဳထားပါတယ္။

ကုမၸဏီဟာ ဆိုင္ကယ္ပ်ံကို ေန႔စဥ္အသုံးျပဳသူမ်ားအတြက္ ပုံစံႏွစ္မ်ိဳးနဲ႔ထုတ္လုပ္ဖို႔ စီစဥ္ေနပါတယ္။အလြန္ေပါ့ေသာ ပုံစံ ႏွင့္ ေနာက္ပုံစံတစ္ခုကေတာ့ စမ္းသပ္ေနဆဲ ျဖစ္ပါတယ္။

အလြန္ေပါ့ပါးေသာ ပုံစံ မွာေတာ့ FAA ရဲ႕ ကန္႔သတ္ထားတဲ့ ဉပေဒေၾကာင့္ တစ္နာရီကို မိုင္ ၆၀ ႏႈန္းႏွင့္ပ်ံသန္းခ်ိန္ကေတာ့ ၁၅ မိနစ္ပါ။ ပိုင္းေလာ့ လိုင္စင္‌ေတာ့ မလိုအပ္ပါဘူး။

စမ္းသပ္ေနဆဲ ပုံစံ မွာေတာ့ ပ်ံသန္းဖို႔အတြက္ အေျခခံ ပိုင္းေလာ့ လိုင္စင္ လိုအပ္ပါတယ္။ဒီဗားရွင္းမွာေတာ့ ပ်ံသန္းခ်ိန္ ၃၅ မိနစ္ခန္႔ႏွင့္အတူ အျမန္ႏႈန္းက တစ္နာရီကို မိုင္ ၂၅၀ နီးပါးႏႈန္းျဖင့္ ပ်ံသန္းေမာင္းႏွင္ႏိုင္မွာျဖစ္ပါတယ္။

Speeder ဆိုင္ကယ္ပ်ံ ရဲ႕ မူလ ဒီဇိုင္းတြင္ တာဘိုင္ဂ်က္အင္ ၄ လုံးတပ္ဆင္ထားေသာ္လည္း ေနာက္ဆုံး ထုတ္လုပ္မႈမွာေတာ့ ပိုၿပီးေဘးကင္းလုံၿခဳံမႈရွိရန္ အင္ဂ်င္ ၈ လုံးကို ဆိုင္ကယ္ရဲ႕ ေထာင့္ေလးေထာင့္မွာ ေထာင့္တစ္ခုစီတြင္ ၂ လုံးစီ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

အၾကမ္းဖ်င္းအားျဖင့္ ေပါင္ ၃၀၀ ခန္႔ရွိေသာ Speeder ဟာ ေပါင္ ၆၀၀ သယ္ေဆာင္ႏိုင္ၿပီး ထိန္းခ်ဳပ္ဖို႔ လက္ကိုင္၊ ၁၂ လက္မရွိတဲ့ လမ္းေၾကာင္းျပ မ်က္ႏွာျပင္တစ္ခု ႏွင့္ ေရဒီယို စနစ္မ်ားလည္း ပါရွိမွာျဖစ္ပါတယ္။

အဆင့္ျမင့္တင္ထားတဲ့ Speeder 2.0 ဗားရွင္းရဲ႕ ေရွ႕ေျပးပုံစံကိုလည္း ၂၀၂၂ ခုႏွစ္ အေစာပိုင္းတြင္ စတင္ စမ္းသပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္လို႔ ဆိုပါတယ္။ ေနာက္ပိုင္း စမ္းသပ္ထုတ္လုပ္မႈမ်ားတြင္ ၁၀၀ ရာခိုင္ႏႈန္း ကာဗြန္ ထုတ္လြတ္မႈမရွိတဲ့ ေလာင္စာကို အသုံးျပဳဖို႔လည္း ရည္႐ြယ္ထားပါတယ္။

Speeder ဆိုင္ကယ္ပ်ံ ေရွ႕ေျပးပုံစံ

အနာဂါတ္မွာ စစ္တပ္ႏွင့္ျပည္သူ႔လုံၿခဳံေရး အဖြဲ႕အစည္းမ်ား အတြက္ အသုံးျပဳႏိုင္မည့္ ဒီဇိုင္းပုံစံေတြပါ ထုတ္လုပ္မည္ဟု ဆိုပါတယ္။၎ဗားရွင္းမွာေတာ့ တိုးျမင့္ထားေသာ အကြာအေဝး၊ မီးအားထိန္းရန္သိုေလွာင္ခန္းမ်ား၊ေဆးဘက္ဆိုင္ရာပုဂၢိဳလ္မ်ားႏွင့္ပစၥည္းမ်ား သိုမဟုတ္ ခရီးသည္မ်ားဒဏ္ရာရရွိမႈမ်ားအတြက္ ျဖဳတ္ႏိုင္တပ္ႏိုင္ေသာ အေတာင္ပံမ်ား ပါရွိမွာ ျဖစ္ပါတယ္။

ကုမၸဏီဟာ Speeder ဆိုင္ကယ္ပ်ံ အတြက္ ကနဦးေဈးႏႈန္းကို ေဒၚလာ ၃၈၁,၀၀၀ သတ္မွတ္ထားၿပီး ႀကိဳတင္မွာယူမႈမ်ားကို စတင္လက္ခံေနၿပီ ျဖစ္ပါတယ္။ ၂၀၂၃ မွာစတင္ျဖန္႔ျဖဴးဖို႔ စီစဥ္ထားပါတယ္လို႔ ဆိုပါတယ္။

Credit : Original Writer