တော်လှန်လက်နက်မျိုးစုံပိုင်ဆိုင်ထားတဲ့ အခွင့်ထူးခံလူသားများ (သို့မဟုတ်) ဟားငါးကောင်

တော်လှန်လက်နက်မျိုးစုံပိုင်ဆိုင်ထားတဲ့ အခွင့်ထူးခံလူသားများ (သို့မဟုတ်) ဟားငါးကောင်

စစ်အာဏာရှင်ကို မုန်းတီးတဲ့ ပရိသတ်တိုင်းရဲ့ အချစ်တော် ဟားငါးကောင်အဖွဲ့ဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းနေစဉ်ကတည်းက နိုင်ငံတွင်းလိုအပ်ချက်တွေကို အမြဲတမ်းထောက်ပြပြီး နိုင်ငံရေး ပျက်လုံးများကို ပျက်ခဲ့ကြတဲ့ နိုင်ငံကိုချစ်တဲ့ အနုညာရှင်များဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ မင်းအောင်လှိုင်ဉီးဆောင်တဲ့ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်ပိုင်းမှာလဲ ပြည်သူတွေနဲ့ တစ်သားထဲ လမ်းပေါ်ကို ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အကြမ်းဖက် စစ်ကောင်စီမှ နိုင်ငံဝန်ထမ်းတွေ အနုပညာရှင်တွေနဲ့ ဆရာဝန်တွေ ပရဟိတသမားတွေကိုပါမချန် ဖမ်းဆီးနှိပ်စက်နေချိန်မှာတော့ ဟားငါးကောင်အဖွဲ့ဟာ G-Z လူငယ်များနည်းတူ အကြမ်းဖက် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ လွတ်မြှောက်နယ်မြေတစ်ခုမှာ စစ်ပညာသင်ကြားရန်အတွက် သွားရောက် ပြင်ဆင်နေခဲ့ကြတာ ယနေ့ထက်တိုင်ပါပဲ။

ယခင်က နိုင်ငံအစိုးရတိုင်းကို အနုပညာလက်နက်နဲ့ မတရားတာမှန်သမျှကို တော်လှန်တိုက်ထုတ်ခဲ့တဲ့ ဟားငါးကောင်ဟာ ယခုအခါမှာတော့ အကြမ်းဖက် အိမ်စောင့်ဂုတ်ကျားတို့ အုပ်စုကို အမြစ်ပျက်တော်လှန်ဖို့အတွက် သေနတ်အစစ်တွေကို ကိုင်ဆောင်၍ပါ တိုက်ထုတ်ဖို့ မကြာခင်အချိန်မှာ အသင့်အနေအထားကို ရောက်ရှိလာပါတော့မယ်။

ယခု လက်ရှိမှာလဲ ပြည်သူလူထုက တင်မြှောက်ထားတဲ့ တရားဝင် NUGအစိုးရရဲ့ ထောက်ပံ့မှုနဲ့အတူ အိမ်စောင့်ဂုတ်ကျားတို့ကို အနုပညာ တော်လှန်လက်နက်နဲ့ ထိုးနှက်ရန်အတွက် “ဟဒယသပိတ် တော်လှန်ရေးအငြိမ့်” အပိုင်း (၁) ထွက်ရှိပြီးဖြစ်ပါတယ်။ ဆက်လက်ကျန်ရှိနေတဲ့ အပိုင်းတွေကိုလဲ စောင့်မျှော်အားပေးကြပါအုံးလို့ မေတ္တာရပ်ခံပါတယ်ဗျာ။

ဒီနေ့ဟာ အာဏာရူးတစ်စု ပြည်သူ့အာဏာကိုလုယူထားတာ (၁၉၅) ရက်မြောက်နေ့ လည်းဖြစ်ပါတယ်။

August – 16 – 2021 (11:20)
Zin Min

————

ေတာ္လွန္လက္နက္မ်ိဳးစုံပိုင္ဆိုင္ထားတဲ့ အခြင့္ထူးခံလူသားမ်ား (သို႔မဟုတ္) ဟားငါးေကာင္

စစ္အာဏာရွင္ကို မုန္းတီးတဲ့ ပရိသတ္တိုင္းရဲ႕ အခ်စ္ေတာ္ ဟားငါးေကာင္အဖြဲ႕ဟာ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေနစဥ္ကတည္းက ႏိုင္ငံတြင္းလိုအပ္ခ်က္ေတြကို အၿမဲတမ္းေထာက္ျပၿပီး ႏိုင္ငံေရး ပ်က္လုံးမ်ားကို ပ်က္ခဲ့ၾကတဲ့ ႏိုင္ငံကိုခ်စ္တဲ့ အႏုညာရွင္မ်ားျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၁ရက္ေန႔မွာ မင္းေအာင္လႈိင္ဉီးေဆာင္တဲ့ စစ္တပ္က တိုင္းျပည္အာဏာကို သိမ္းယူၿပီးေနာက္ပိုင္းမွာလဲ ျပည္သူေတြနဲ႔ တစ္သားထဲ လမ္းေပၚကို ထြက္ကာ ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

အဲ့ဒီေနာက္ပိုင္းမွာေတာ့ အၾကမ္းဖက္ စစ္ေကာင္စီမွ ႏိုင္ငံဝန္ထမ္းေတြ အႏုပညာရွင္ေတြနဲ႔ ဆရာဝန္ေတြ ပရဟိတသမားေတြကိုပါမခ်န္ ဖမ္းဆီးႏွိပ္စက္ေနခ်ိန္မွာေတာ့ ဟားငါးေကာင္အဖြဲ႕ဟာ G-Z လူငယ္မ်ားနည္းတူ အၾကမ္းဖက္ စစ္ေကာင္စီကို လက္နက္ကိုင္ေတာ္လွန္ဖို႔ လြတ္ေျမႇာက္နယ္ေျမတစ္ခုမွာ စစ္ပညာသင္ၾကားရန္အတြက္ သြားေရာက္ ျပင္ဆင္ေနခဲ့ၾကတာ ယေန႔ထက္တိုင္ပါပဲ။

ယခင္က ႏိုင္ငံအစိုးရတိုင္းကို အႏုပညာလက္နက္နဲ႔ မတရားတာမွန္သမွ်ကို ေတာ္လွန္တိုက္ထုတ္ခဲ့တဲ့ ဟားငါးေကာင္ဟာ ယခုအခါမွာေတာ့ အၾကမ္းဖက္ အိမ္ေစာင့္ဂုတ္က်ားတို႔ အုပ္စုကို အျမစ္ပ်က္ေတာ္လွန္ဖို႔အတြက္ ေသနတ္အစစ္ေတြကို ကိုင္ေဆာင္၍ပါ တိုက္ထုတ္ဖို႔ မၾကာခင္အခ်ိန္မွာ အသင့္အေနအထားကို ေရာက္ရွိလာပါေတာ့မယ္။

ယခု လက္ရွိမွာလဲ ျပည္သူလူထုက တင္ေျမႇာက္ထားတဲ့ တရားဝင္ NUGအစိုးရရဲ႕ ေထာက္ပံ့မႈနဲ႔အတူ အိမ္ေစာင့္ဂုတ္က်ားတို႔ကို အႏုပညာ ေတာ္လွန္လက္နက္နဲ႔ ထိုးႏွက္ရန္အတြက္ “ဟဒယသပိတ္ ေတာ္လွန္ေရးအၿငိမ့္” အပိုင္း (၁) ထြက္ရွိၿပီးျဖစ္ပါတယ္။ ဆက္လက္က်န္ရွိေနတဲ့ အပိုင္းေတြကိုလဲ ေစာင့္ေမွ်ာ္အားေပးၾကပါအုံးလို႔ ေမတၱာရပ္ခံပါတယ္ဗ်ာ။

ဒီေန႔ဟာ အာဏာ႐ူးတစ္စု ျပည္သူ႔အာဏာကိုလုယူထားတာ (၁၉၅) ရက္ေျမာက္ေန႔ လည္းျဖစ္ပါတယ္။

August – 16 – 2021 (11:20)
Zin Min