တဘောင်၊အတိတ်နမိတ်တွေ မှန်တော့မလား (တရုတ်ကစတဲ့ပိုး တရုတ်ကြီးပြန်ကြောက်နေ)

ကိုဗစ်-၁၉၏ Delta မျိုးကွဲဗိုင်းရပ်စ်တစ်နိုင်ငံလုံးတွင် တစ်ဟုန်ထိုးမြင့်တက်လာစဉ် တရုတ်အရာရှိများက ဒေသခံများအား ၎င်းတို့ နေအိမ်များတွင် သော့ခတ်ပိတ်ထားသည်ကို ဖော်ပြသည့် ဗီွဒီယိုအမြောက်အများ လူမှုကွန်ရက်များပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

ဝူဟန်မြို့၌ ကပ်ရောဂါစတင်ချိန်တွင် တွေ့မြင်ခဲ့ရသည့် အစွန်းရောက် နည်းလမ်းတစ်ခုကို ထပ်မံ လုပ်ဆောင်ခြင်း ပင် ဖြစ်ကြောင်း ကိုနီအဲဗားရင်းတန်က Taiwan News တွင် ရေးသားခဲ့သည်။

တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထား သော ဝန်ထမ်းများက အိမ်တံခါးများပေါ်တွင် သံတိုင်များ ကာရန်ထားခြင်းဖြင့် အိမ်ပြင်ထွက်မသွားစေရန် တားဆီးခြင်းများ ပြုလုပ်ခဲ့သည်ကို ဗီဒီယိုများစွာသည် Weibo၊ Twitter နှင့် YouTube တို့တွင် တွေ့မြင်ခဲ့ရသည်။

တွစ်တာပို့စ်တစ်ခုတွင် လေရှုရန်ထွက်လာသော အမျိုးသားတစ်ဦးသည် သူ၏ တိုက်ခန်း သို့ မပြန်ခင် အပြင်မထွက်ရအမိန့်ကို ဖောက်ဖျက်မှုဖြင့် စွပ်စွဲဖမ်းဆီးခံခဲ့ရပုံပေါ်သည်။

တစ်ရက်လျှင် သုံးကြိမ်ထက် ပို၍ တံခါးဖွင့်သည်ကို တွေ့ရှိခဲ့ပါက အာဏာပိုင်များက သော့ခတ်ပိတ်ထား လိမ့်မည်ဟု YouTube ဗီဒီယိုအာ တည်းဖြတ်တင်ပြသူ တစ်ဦးက ပြောကြားခဲ့သည်။

တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံအပြည့်အစုံဝတ်ထားသော လူများက တံခါးပေါက်တစ်ခုတွင် ကြီးမားသောသတ္ထုချောင်းများကို ကြက်ခြေခတ်ပုံစံအတိုင်း တူဖြင့် ရိုက်နေသည်ကို တွေ့မြင်ရကြောင်း Taiwan News က ဖော်ပြသည်။

Weiboတွင် မူလတင်ထားသော အခြားဗီဒီယိုတစ်ခု၏ အဆုံးနှင့် နောက်ပိုင်း တွစ်တာနှင့် YouTube သို့ တင်ထားသော ဗီဒီယိုများတွင် တံခါးများစွာကို အလုံပိတ်ထားပြီး၊” လူတွေ အပြင်ထွက်လို့မရပါဘူး။

အဖမ်းခံရရင်၊ တံခါးတွေကို အလုံပိတ်ပစ်မယ်”ဟု ဒေသခံများအား အသံလွှင့်ကြေညာနေသည်။ အစစ်အမှန်ဟု အတည်မပြုနိုင်သည့် ဗီဒီယိုတစ်ခုတွင် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံဝတ်ထားသည့် အလုပ်သမားများရှေ့၌ မိန်းကလေးငယ်တစ်ဦးက သော့ခတ်မခံရမီ ကပြနေကြောင်း တွစ်တာသုံးစွဲသူများက ရေးသားထားသည်။

———-

ကိုဗစ္-၁၉၏ Delta မ်ိဳးကြဲဗိုင္းရပ္စ္တစ္ႏိုင္ငံလုံးတြင္ တစ္ဟုန္ထိုးျမင့္တက္လာစဥ္ တ႐ုတ္အရာရွိမ်ားက ေဒသခံမ်ားအား ၎တို႔ ေနအိမ္မ်ားတြင္ ေသာ့ခတ္ပိတ္ထားသည္ကို ေဖာ္ျပသည့္ ဗီြဒီယိုအေျမာက္အမ်ား လူမႈကြန္ရက္မ်ားေပၚတြင္ ေပၚထြက္လာခဲ့သည္။

ဝူဟန္ၿမိဳ႕၌ ကပ္ေရာဂါစတင္ခ်ိန္တြင္ ေတြ႕ျမင္ခဲ့ရသည့္ အစြန္းေရာက္ နည္းလမ္းတစ္ခုကို ထပ္မံ လုပ္ေဆာင္ျခင္း ပင္ ျဖစ္ေၾကာင္း ကိုနီအဲဗားရင္းတန္က Taiwan News တြင္ ေရးသားခဲ့သည္။

တစ္ကိုယ္ေရ ကာကြယ္ေရးဝတ္စုံ ဝတ္ဆင္ထား ေသာ ဝန္ထမ္းမ်ားက အိမ္တံခါးမ်ားေပၚတြင္ သံတိုင္မ်ား ကာရန္ထားျခင္းျဖင့္ အိမ္ျပင္ထြက္မသြားေစရန္ တားဆီးျခင္းမ်ား ျပဳလုပ္ခဲ့သည္ကို ဗီဒီယိုမ်ားစြာသည္ Weibo၊ Twitter ႏွင့္ YouTube တို႔တြင္ ေတြ႕ျမင္ခဲ့ရသည္။

တြစ္တာပို႔စ္တစ္ခုတြင္ ေလရႈရန္ထြက္လာေသာ အမ်ိဳးသားတစ္ဦးသည္ သူ၏ တိုက္ခန္း သို႔ မျပန္ခင္ အျပင္မထြက္ရအမိန႔္ကို ေဖာက္ဖ်က္မႈျဖင့္ စြပ္စြဲဖမ္းဆီးခံခဲ့ရပုံေပၚသည္။

တစ္ရက္လွ်င္ သုံးႀကိမ္ထက္ ပို၍ တံခါးဖြင့္သည္ကို ေတြ႕ရွိခဲ့ပါက အာဏာပိုင္မ်ားက ေသာ့ခတ္ပိတ္ထား လိမ့္မည္ဟု YouTube ဗီဒီယိုအာ တည္းျဖတ္တင္ျပသူ တစ္ဦးက ေျပာၾကားခဲ့သည္။

တစ္ကိုယ္ေရ ကာကြယ္ေရးဝတ္စုံအျပည့္အစုံဝတ္ထားေသာ လူမ်ားက တံခါးေပါက္တစ္ခုတြင္ ႀကီးမားေသာသတၳဳေခ်ာင္းမ်ားကို ၾကက္ေျခခတ္ပုံစံအတိုင္း တူျဖင့္ ႐ိုက္ေနသည္ကို ေတြ႕ျမင္ရေၾကာင္း Taiwan News က ေဖာ္ျပသည္။

Weiboတြင္ မူလတင္ထားေသာ အျခားဗီဒီယိုတစ္ခု၏ အဆုံးႏွင့္ ေနာက္ပိုင္း တြစ္တာႏွင့္ YouTube သို႔ တင္ထားေသာ ဗီဒီယိုမ်ားတြင္ တံခါးမ်ားစြာကို အလုံပိတ္ထားၿပီး၊” လူေတြ အျပင္ထြက္လို႔မရပါဘူး။

အဖမ္းခံရရင္၊ တံခါးေတြကို အလုံပိတ္ပစ္မယ္”ဟု ေဒသခံမ်ားအား အသံလႊင့္ေၾကညာေနသည္။ အစစ္အမွန္ဟု အတည္မျပဳႏိုင္သည့္ ဗီဒီယိုတစ္ခုတြင္ တစ္ကိုယ္ေရ ကာကြယ္ေရးဝတ္စုံဝတ္ထားသည့္ အလုပ္သမားမ်ားေရွ႕၌ မိန္းကေလးငယ္တစ္ဦးက ေသာ့ခတ္မခံရမီ ကျပေနေၾကာင္း တြစ္တာသုံးစြဲသူမ်ားက ေရးသားထားသည္။