
ဖုန်းဆက်ပြီးအကြောက်တရားထည့်ပေးချင်သူတွေကို ပြတ်သားစွာတုံ့ပြန်ခဲ့တဲ့ သဇင်ထူးမြင့်
သရုပ်ဆောင် သဇင်ထူးမြင့်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ရုံသာမကဘဲ ညတိုင်း မပျက်မကွက် သံဗုံးတီးခဲ့သူလည်း ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သဇင်ထူးမြင့်တစ်ယောက် အခြေအနေအရပ်ရပ်ကြောင့် ဘေးကင်းရာသို့ ခေတ္တတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
အခြေအနေအရတိမ်းရှောင်နေရသော်လည်း အာဏာရှင်စနစ်ကို အဆုံးထိတော်လှန်သွားမှာဖြစ်တဲ့အတွက် အခုတစ်လောသူမကို ဖုန်းဆက်ပြီး အကြောက်တရားရိုက်သွင်းချင်သူတွေရှိနေတဲ့အကြောင်းဖော်ပြလာခဲ့ပါတယ်။သူမအနေနဲ့”အဆုံးထိလိပ်ပြာလုံသွားချင်တယ် …🤍✊🏻တချို့ကတော့ အရပ်တူလို့ အကျင့်တူသွားတာလားမသိ ကြောက်နေရင် ကွကိုယ်အေးဆေးမနေဘူး…ဖုန်းတွေလိုက်ဆက်ပြီး အကြောက်တရားလိုက်ထည့်ချင်နေတယ် တအားကြောက်နေရင် profileကframeလေးတော့ အရင်ချိန်းပါ”ဆိုပြီး ပြတ်သားစွာပြောပြလာခဲ့ပါတယ်။
သဇင်ထူးမြင့် တို့မိသားစုကတော့ တစ်မိသားစုလုံး ထွက်ပြေးတိမ်းရှောင်နေရပေမယ့် လုံးဝသွေးအေးသွားမယ့် သူတွေမဟုတ်ကြောင်း သူမအနေနဲ့ သူမတတ်နိူင်တဲ့ ဘက်ကနေ အာဏာရှင်စနစ်ကို တွန်းလှန်လျက်ရှိပြီး သူမအနေနဲ့လည်း လက်ရှိဖြစ်ပျက်နေတဲ့သတင်းလေးတွေကို ပရိတ်သတ်တွေသိစေဖို့ အမြဲလိုလိုပြန်လည် မျှဝေပေးလျက်ရှိပါတယ်။အဆုံးထိဖတ်ရှုခဲ့ကြတဲ့ ပရိတ်သတ်ကြီးတို့လည်း ကျန်းမာဘေးကင်းစွာနဲ့ နေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
———-
ဖုန္းဆက္ၿပီးအေၾကာက္တရားထည့္ေပးခ်င္သူေတြကို ျပတ္သားစြာတုံ႔ျပန္ခဲ့တဲ့ သဇင္ထူးျမင့္
သ႐ုပ္ေဆာင္ သဇင္ထူးျမင့္ကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနေသာ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပါဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ခဲ့႐ုံသာမကဘဲ ညတိုင္း မပ်က္မကြက္ သံဗုံးတီးခဲ့သူလည္း ျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ သဇင္ထူးျမင့္တစ္ေယာက္ အေျခအေနအရပ္ရပ္ေၾကာင့္ ေဘးကင္းရာသို႔ ေခတၱတိမ္းေရွာင္ေနရတာ ျဖစ္ပါတယ္။
အေျခအေနအရတိမ္းေရွာင္ေနရေသာ္လည္း အာဏာရွင္စနစ္ကို အဆုံးထိေတာ္လွန္သြားမွာျဖစ္တဲ့အတြက္ အခုတစ္ေလာသူမကို ဖုန္းဆက္ၿပီး အေၾကာက္တရား႐ိုက္သြင္းခ်င္သူေတြရွိေနတဲ့အေၾကာင္းေဖာ္ျပလာခဲ့ပါတယ္။သူမအေနနဲ႔”အဆုံးထိလိပ္ျပာလုံသြားခ်င္တယ္ …🤍✊🏻တခ်ိဳ႕ကေတာ့ အရပ္တူလို႔ အက်င့္တူသြားတာလားမသိ ေၾကာက္ေနရင္ ကြကိုယ္ေအးေဆးမေနဘူး…ဖုန္းေတြလိုက္ဆက္ၿပီး အေၾကာက္တရားလိုက္ထည့္ခ်င္ေနတယ္ တအားေၾကာက္ေနရင္ profileကframeေလးေတာ့ အရင္ခ်ိန္းပါ”ဆိုၿပီး ျပတ္သားစြာေျပာျပလာခဲ့ပါတယ္။
သဇင္ထူးျမင့္ တို႔မိသားစုကေတာ့ တစ္မိသားစုလုံး ထြက္ေျပးတိမ္းေရွာင္ေနရေပမယ့္ လုံးဝေသြးေအးသြားမယ့္ သူေတြမဟုတ္ေၾကာင္း သူမအေနနဲ႔ သူမတတ္ႏိူင္တဲ့ ဘက္ကေန အာဏာရွင္စနစ္ကို တြန္းလွန္လ်က္ရွိၿပီး သူမအေနနဲ႔လည္း လက္ရွိျဖစ္ပ်က္ေနတဲ့သတင္းေလးေတြကို ပရိတ္သတ္ေတြသိေစဖို႔ အၿမဲလိုလိုျပန္လည္ မွ်ေဝေပးလ်က္ရွိပါတယ္။အဆုံးထိဖတ္ရႈခဲ့ၾကတဲ့ ပရိတ္သတ္ႀကီးတို႔လည္း က်န္းမာေဘးကင္းစြာနဲ႔ ေနႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္။
R Kar Moe – YaungChi