ရှမ်းတွေရဲ့ ရင်ထဲမှာ စွဲလမ်းချစ်ခင် လေးစားခံရသူတစ်ဦးဖြစ်တဲ့ မဟာဒေဝီသုစန္ဒီရဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဘဝအကြောင်း

သီပေါစော်ဘွားစဝ်ကြာဆိုင်နဲ့

မဟာဒေဝီစဝ်သုစန္ဒီ

“”””””””

မဟာဒေဝီ သုစန္ဒီဟာ ရှမ်း တွေရဲ့ ရင်ထဲမှာ စွဲလမ်းချစ်ခင် လေးစားခံရသူတစ်ဦးဖြစ်ပါ တယ်။ မဟာဒေဝီရဲ့ဘဝက ဝမ်းနည်းကြေကွဲဖွယ်ရာတွေနဲ့ ပြည့်နှက်နေတယ်။

မဟာဒေဝီ စဝ်သုစန္ဒီက ရှမ်း အမျိုးသမီး တစ်ယောက်တော့ မဟုတ္ဘူး။ သူ့မူလအမည်က မစ္စ အင်ဂီအဲဗားဟတ် (Miss Inge Eberhasd) ပါ။ ဩစကြီးယား နိုင်ငံသူ ဖြစ်ပါတယ်။

၁၉၄၄ ခုနှစ်မှာ ပြည်သူလူ ထုက အသက် (၂၀)အရွယ် မိုင်းလုံစော်ဘွား စဝ်ကြာဆိုင်ကို သီပေါစော်ဘွားအဖြစ် တင်မြှောက် ကြတယ်။ သီပေါစော်ဘွားလေး စဝ်ကြာဆိုင်ဟာ အဲဒီအချိန်က အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့မှာ ပညာဆည်းပူးခဲ့ပြီး စီနီယာ ကန်းဘရစ် (Senior Cambridge)အောင်မြင်ပြီးပါပြီ။

ပညာလိုလားတဲ့ စဝ်ကြာဆိုင်က စော်ဘွားအဖြစ်

ဘိသိက်မခံသေးဘဲ အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် ဒင်ဗာမြို့မှာ သတ္တုတွင်း

အင်ဂျင်နီယာပညာ သွားရောက်သင်ယူရင်း

အင်ဂီနဲ့ ဖူးစာဆုံကြတာပါ။

သူတို့ အချစ်ဇာတ်လမ်းက စိတ်ဝင်စားဖို့ အလွန်ကောင်းတယ်။ စဝ်ကြာဆိုင်က သူ့ကိုယ် သူ ရှမ်းစော်ဘွားတစ်ယောက်လို့ ပြောမထားဘဲ

အင်ဂီနဲ့ ၁၉၅၃ ခုနှစ်မှာ လက်ထပ်တယ်။

အင်ဂီ က လင့်မျက်နှာကို တစ်ရွာမှတ် ထင်ပြီး စဝ်ကြာဆိုင် ပြည်တော် ပြန်ချိန်မှာ မြန်မာနိုင်ငံကို

အတူ လိုက်ပါလာတယ်။

၁၉၅၄ ခုနှစ် နှစ်ဦး ဇန္နဝါရီလမွာ သူတို့စီးလာတဲ့ ပင်လယ်ကူးသင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်တော့မယ်ဆိုတော့ သင်္ဘောပေါ်ပါလာမယ့် စော်ဘွားကို လူတွေက ကမ်းလုံးညွတ်အောင် ကြိုနေကြတယ်။

အင်ဂီက ကြိုဆိုနေတဲ့ ပရိသတ် ကို လှမ်းကြည့်ရင်း သူတို့သင်္ဘော ပေါ်မှာ ဗီအိုင်ပီပါလာပြီလို့ သူ့ခင်ပွန်းကို ပြောတယ်။ ဒါပေမယ့် အဲဒီအချိန်အထိ ဗီအိုင်ပီဟာ သူ့ခင်ပွန်း စဝ်ကြာဆိုင်လို့ သူမသိဘူး။

စဝ် ကြာဆိုင်က အင်ဂီရဲ့ အချစ်ဟာ ဂုဏ်ဒြပ်တွေကို ချစ်တာမဟုတ်ဘဲ မြန်မာနိုင်ငံသား သာမန္လူ တစ်ယောက်ကို ချစ်မြတ်နိုးတာပဲ ဖြစ်စေချင်ခဲ့တယ်။ ရွှေထီးတွေ အရောင်တဝင်းဝင်းနဲ့ ကမ်းလုံး ညွတ်ကြိုနေတဲ့ ပရိသတ်ကြီးဟာ သူတို့ကို ကြိုနေတာလို့ သိရချိန် မွာ အင်ဂီခမျာ တအံ့တဩဖြစ်ရ တယ်။

သီပေါစော်ဘွား စဝ်ကြာ ဆိုင်က အင်ဂီကို စဝ်သုစန္ဒီအမည် ပေးပြီး မဟာဒေဝီ တင်မြှောက်ပါတယ်။ အင်ဂီက မြန်မာဘာသာ စကား၊ ရှမ်းဘာသာစကားတွေကို သင်ယူတယ်။

နိုင်ငံခြားသူ တစ်ယောက်လိုမနေဘဲ ရှမ်းအမျိုး သမီးတစ်ယောက်လို ဝတ္စား ဆင်ယင်ကာ လူရောစိတ်ပါ လုံးဝပြောင်းလဲပစ်လိုက်တာ ဒေသခံ တွေနဲ့ တစ်သားတည်းနေတယ်။ သူတို့နှစ်ဦးမှာ မာရာရီနဲ့ ကိန္နရီ အမည်ရှိတဲ့ သမီးတော်နှစ်ပါးထွန်း ကားတယ်။

အနောက်တိုင်းက သတ္တု အင်ဂျင်နီယာ ပညာသင်ယူလာတဲ့ စဝ်ကြာဆိုင်က ရှမ်းကုန်းမြေ မြင့်မှာ ဓာတ်သတ္တုတွေ ရှာဖွေတယ်။ တူးဖော်ထုတ်လုပ်ဖို့ စီမံတယ်။

ခေတ်အမြင် ခေတ်အတွေးတွေ ရွိသူမို့ အစဉ်အဆက် စော်ဘွားတွေ ခံစားနေတဲ့ လယ်ယာ မြေတွေကို အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်နေတဲ့ တောင်သူလယ် သမားတွေရဲ့ လက်ထဲလွှဲပြောင်းပေးအပ်တယ်။

စိုက်ပျိုးရေး ခေတ်မီတိုးတက်အောင် နိုင်ငံခြားက လယ်ထွန်စက်တွေ တင်သွင်းတယ်။ မွေးမြူရေး

ခေတ်မီ တိုးတက်အောင် မျိုးကောင်း မျိုးသန့်နွားတွေ၊ ကြက်ပေါက်တွေ တင်သွင်းပေးပြီး မွေးမြူစေတယ်။

နိုင်ငံခြားသူ အင်ဂီက မဟာ ဒေဝီ စဝ်သုစန္ဒီအဖြစ်နဲ့ ရှမ်းပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးကို သူ့ ကြင်ရာတော်နဲ့ လက်ချင်းတွဲပြီး တစ်ဖက်တစ်လမ်းက ကြိုးပမ်း ဆောင်ရွက်တယ်။ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အသင်းကို ဖွဲ့ စည်းထူထောင်တယ်။

ရှမ်းပြည် နယ် သီပေါဒေသမှာ မိခင်က ကလေးလေးယောက်မွေးရင် သုံးယောက်က အသက် (၂)နှစ် မပြည့်ခင်မှာ သေဆုံးတယ်။ ကလေးသူငယ် သေဆုံးနှုန်းက အင်မတန်မြင့်မားတာကြောင့် သားဖြားဆရာမေတြ ငှားရမ်းတယ်။ ခေတ်မီသားဖွားခန်းတွေ ထူထောင်တယ်။ လူနာတင်ကားခြောက်စီးကို နိုင်ငံခြားက မှာယူတယ်။

မဟာဒေဝီရဲ့ မိခင်နဲ့ ကေလး စောင့်ရှောက်ရေးအသင်းမှာ အင်္ဂလိပ်-မြန်မာ ကပြားအမျိုးသမီးဖြစ်တဲ့ မဂ္ဂီက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါတယ်။

ဒေသခံတွေရဲ့ ပညာရေးကို မြှင့်တင်ဖို့အတွက် စော်ဘွား ကျောင်း ဖောင်ဒေးရှင်းကို တည် ထောင်တယ်။

မဂ္ဂီကကျောင်း အုပ်ဆရာမကြီး တာဝန်ယူတယ်။

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကို ခေတ်မီတိုးတက် အောင် တစ္ဖက္က ကြိုးပမ်းရင်းတစ်ဖက်မှာ ဒေသတွင်း အမြစ်တွယ်နေတဲ့ လောင်းကစား ပပျောက်ရေးကိုလည်း ဆောင်ရွက်လို့အောင်မြင်မှုတွေ ရလာတယ်။

ဒေသခံတွေက မဟာဒေဝီ ဖြစ်လာတဲ့ နိုင်ငံခြားသူကို သူတို့ဒေသရဲ့ အကျိုးကို ဆောင်တာကြောင့် စဝ်မယ် ဆိုပြီး တမြတ်တနိုးခေါ်ကြတယ်။

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စော်ဘွားစဝ်ကြာဆိုင်နဲ့ မဟာဒေဝီ စဝ်သုစန္ဒီတို့ ၁၉၅၄ ခုနှစ်က ၁၉၆၂ ခုနှစ်အထိ ရှစ်နှစ်တာ တက်ညီလက်ညီ ဆောင်ရွက် နေကြခိုက်မှာပဲ မြန်မာနိုင်ငံတစ်ခုလုံး ကံဆိုးမိုးမှောင်ကျပါတယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ စစ်အာဏာရှင် တွေက မြန်မာနိုင်ငံကို အာဏာ သိမ်းလိုက်တယ်။

ရှမ်းပြည်နယ် ကောင်စီအ တွင်းရေးမှူး အထက်လွှတ်တော် ကိုယ်စားလှယ် တာဝန်တွေကို ထမ်းဆောင်ရင်း ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စဝ် ကြာဆိုင်က ဆောင်ရွက်တယ်။ ရှမ်းပြည်သူလူထုက စဝ်ကြာဆိုင် ကို ချစ်ခင်လေးစား ကြတယ်။

ဒါကို ဗိုလ်ချုပ်နေဝင်းက ကြိုက်ပုံမရပါဘူး။ တောင်ကြီးမြို့မှာ အစည်းအဝေးတက်ပြီး သီပေါမြို့ကိုပြန်ဖို့ ဟဲဟိုးလေဆိပ်ကို ဆင်းလာတဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်ကို စစ်ထောက်လှမ်းရေးက လမ်းခု လတ်မှာပဲ ဖမ်းဆီးလိုက်တယ်။

လက်စတုံးလုပ်ပြီး ဖျောက်ဖျက် ပစ်လိုက်တယ်။

ဒီနေ့အထိ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့

အလောင်းဘယ်မှာမြှုပ်နှံထားတယ် ဆိုတာ

မိသားစုက သိခွင့်မရပါဘူး။

သီပေါဟော်နန်းကိုလည်း စစ္တပ္က သိမ်းပိုက်လိုက်တယ်။ မဟာဒေဝီ စဝ်သုစန္ဒီနဲ့ သမီးတော်လေး နှစ်ပါးလည်း နေအိမ် အကျယ်ချုပ်ဖြစ်သွားတယ်။

နိုင်ငံခြားသူ ဖြစ်တဲ့ စဝ်သုစန္ဒီဟာ (ခြောက်နှစ် နဲ့ သုံးနှစ်အရွယ်) သမီးတော်လေး တွေဖြစ်တဲ့ မာရာရီနဲ့ ကိန္နရီကို ခေါ်ဆောင်ပြီး ၁၉၆၄ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်း ရှောင်ကြရတယ်။

မဟာဒေဝီတစ်ဖြစ်လည်း အင်ဂီက တစ်ဖက်မှာ ကျောင်းဆရာမ လုပ်ရင်း ကျောင်းပြန်တက်တယ်။ Ph.D ပါရဂူဘွဲ့ရတယ်။ အလုပ် လုပ်ကိုင်ရင်း သမီးလေးတွေကို မြေတောင်မြှောက်တယ်။

သူ့ဘဝကို ဆက်လက်ထူထောင်ပါတယ်။

နိုင်ငံခြားကို ဆေးကုသဖို့ ထြက္လာတဲ့ ဗိုလ်ချုပ်နေဝင်းကို မရအရတွေ့ပြီး သူ့ကြင်ရာတော် စဝ်ကြာဆိုင်ကို ဘယ်ပုံအရေးယူဆောင်ရွက်သလဲ ဆိုတဲ့အကြောင်းကို မေးတယ်။ အဖြေတော့ မရပါဘူး။

ဒီအကြောင်းတွေကို အင်ဂီ က Twilight Over Burma (မှုန် ရီဆိုင်းဆိုင်း မြန်တိုင်းဌာနီ) အမည်နဲ့ စာတစ်အုပ် ရေးသားထုတ်ဝေတယ်။ ဒီစာအုပ္က နိုင်ငံတကာမှာ ပေါက်သွားတယ်။

ဒီစာအုပ် ကို ဖတ်မိသူတွေက လွမ်းမောဖွယ် အဖြစ်အပျက်တွေဖြစ်ခဲ့တဲ့ သီပေါမြို့ကို စိတ်ဝင်တစား သွားကြတယ်။

Twilight Over Burmaအမည်နဲ့ ရုပ်ရှင်ရိုက်တယ်။ မြန်မာနိင်ငံမှာတော့ ယခင်စစ်အစိုးရ အုပျခြုပျစဉျအခြိနျက ( ယခင် စစ်အာဏာရှင် အုပ်ချုပ်စဉ် အချိန်က) ပြခွင့်မပေးခဲ့ပါဘူး။ သီပေါမြို့ဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းမှာ ဆွဲဆောင်မှု ကြီးမားတဲ့ နေရာတစ်နေရာဖြစ် လာတယ်။

သီပေါမြို့နဲ့ သီပေါဟော်နန်းကို ကမ္ဘာလှည့်ခရီးသည် တွေ တဖြဲဖြဲ လာရောက်ကြတယ်။

သီပေါသူ၊ သီပေါသားတွေကလည်း သူတို့ မဟာဒေဝီရဲ့ ကျေးဇူးကို သိမှတ်နေကြပါတယ်။

ဟော်ဝင်းက အကျယ်ကြီး။ မြက်ခင်းစိမ်းမြတွေကို တယုတယပြုစုထားတယ်။ သီပေါဟော်နန်း က ဥရောပဆန်တယ်။ ဟော်နန်း အတွင်း ဧည့်ဆောင်မှာ ဓာတ်ပုံပြ ခန်းရှိတယ်။ စော်ဘွားနဲ့ မဟာ ဒေဝီရဲ့ တချိန်ကလွမ်းမောဖွယ်အဖြစ်တွေ ကို ဓာတ်ပုံတွေကတဆင့် သရုပ်ဆောင်ပြသနေတုန်းပါ။