နောက်ထပ်စိုးရိမ်စရာ မျိုးကွဲဗိုင်းရပ်စ် နိုင်ငံပေါင်း ၂၉ နိုင်ငံကို ပျံ့နှံနေပြီ

ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Lambda ဗိုင်းရပ်စ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း တွေ့ရှိခဲ့ရပြီလို့ သိရပါတယ်။ဒါဟာ ဂျပန်၊ ဖိလစ်ပိုင်တို့မှာ တွေ့ရှိအပြီး နောက်ထပ်အာရှနိုင်ငံတစ်ခုမှာ ထပ်မံတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။

မတ်လအတွင်းက ကောက်ယူခဲ့တဲ့ ဓာတ်ခွဲနမူနာတွေကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခဲ့မှုအရ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်သိပ္ပံနဲ့ စက်မှုသုတေသနကောင်စီ နဲ့ Jahangirnager တက္ကသိုလ်တို့က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂျာမနီမှာ ထုတ်ဝေတဲ့ Global Initiative on Sharing All Influenza Data (GISAID) မှာ ဖော်ပြထားချက်အရ ဒါကာမြို့က အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက Lambda မျိုးကွဲဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တောင်အမေရိက စတင်တယ်လို့ ယုံကြည်ရကာ စတင်ဖြစ်ပွားရာ ပီရူးနိုင်ငံမှာ ကူးစက်မှုပေါင်းရဲ့ ၈၁% က အဆိုပါဗိုင်းရပ်စ်ဖြစ်ပါတယ်။

အခုအခါမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံအထိကို ပျံ့နှံသွားခဲ့ပြီဖြစ်ပြီး WHO ကလည်း သုတေသနပြုလုပ်နေဆဲဖြစ်ပါတယ်။ကနဦးပြောဆိုချက်တွေအရ အဆိုပါဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပြီး ကူးစက်မှုနှုန်းကလည်း မြန်ဆန်ကာ Delta ဗိုင်းရပ်စ်ထက် ကူးစက်မြန်တယ်လို့တောင် ဆိုကြပါတယ်။ ဒါဟာ ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားနေတဲ့ ကမ္ဘာကြီးအတွက် နောက်ထပ်စိုးရိမ်စရာတစ်ခုအဖြစ်ရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါရဲ့ တတိယလှိုင်းကို တစ်ကမ္ဘာလုံးရင်ဆိုင်ခဲ့ရပြီးဖြစ်ကာ အကောင်းဆုံးဖြစ်အောင် ထိန်းချုပ်ဟန့်တားနေရဆဲဖြစ်ပါတယ်။ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုတွေကလည်း အချိန်ကြာလာတာနဲ့အမျှ ကာကွယ်နိုင်တဲ့အာနိသင်လျော့နည်းလာတာကြောင့် သုံးကြိမ်မြောက်ထိုးနှံမှုတွေပြုလုပ်ဖို့အတွက် အစိုးရတွေက စီစဉ်နေကြရပါတယ်။

အမေရိကန်မှာတော့ လာမယ့် စက်တင်ဘာလအတွင်းမှာ သုံးကြိမ်မြောက်ကာကွယ်ဆေးကို စတင်ထိုးနှံနိုင်တော့မယ်လို့ သိရပါတယ်။

The River News TRN

————-

ပီ႐ူးႏိုင္ငံမွာ စတင္ေတြ႕ရွိခဲ့တဲ့ Lambda ဗိုင္းရပ္စ္ကိုဘဂၤလားေဒ့ရွ္ႏိုင္ငံမွာလည္း ေတြ႕ရွိခဲ့ရၿပီလို႔ သိရပါတယ္။ဒါဟာ ဂ်ပန္၊ ဖိလစ္ပိုင္တို႔မွာ ေတြ႕ရွိအၿပီး ေနာက္ထပ္အာရွႏိုင္ငံတစ္ခုမွာ ထပ္မံေတြ႕ရွိခဲ့ရတာလည္းျဖစ္ပါတယ္။

မတ္လအတြင္းက ေကာက္ယူခဲ့တဲ့ ဓာတ္ခြဲနမူနာေတြကို ခြဲျခမ္းစိတ္ျဖာၿပီး ေလ့လာခဲ့မႈအရ ေတြ႕ရွိခဲ့ရတာျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္သိပၸံနဲ႔ စက္မႈသုေတသနေကာင္စီ နဲ႔ Jahangirnager တကၠသိုလ္တို႔က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီမွာ ထုတ္ေဝတဲ့ Global Initiative on Sharing All Influenza Data (GISAID) မွာ ေဖာ္ျပထားခ်က္အရ ဒါကာၿမိဳ႕က အသက္ ၄၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးမွာ ေတြ႕ရွိခဲ့တာလို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လအတြင္းက Lambda မ်ိဳးကြဲဗိုင္းရပ္စ္ကို စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး ေတာင္အေမရိက စတင္တယ္လို႔ ယုံၾကည္ရကာ စတင္ျဖစ္ပြားရာ ပီ႐ူးႏိုင္ငံမွာ ကူးစက္မႈေပါင္းရဲ႕ ၈၁% က အဆိုပါဗိုင္းရပ္စ္ျဖစ္ပါတယ္။

အခုအခါမွာ ႏိုင္ငံေပါင္း ၂၉ ႏိုင္ငံအထိကို ပ်ံ႕ႏွံသြားခဲ့ၿပီျဖစ္ၿပီး WHO ကလည္း သုေတသနျပဳလုပ္ေနဆဲျဖစ္ပါတယ္။ကနဦးေျပာဆိုခ်က္ေတြအရ အဆိုပါဗိုင္းရပ္စ္ဟာ ကာကြယ္ေဆးဒဏ္ကို ပိုမိုခံႏိုင္ရည္ရွိၿပီး ကူးစက္မႈႏႈန္းကလည္း ျမန္ဆန္ကာ Delta ဗိုင္းရပ္စ္ထက္ ကူးစက္ျမန္တယ္လို႔ေတာင္ ဆိုၾကပါတယ္။ ဒါဟာ ကိုဗစ္ကူးစက္မႈႏႈန္းျမင့္မားေနတဲ့ ကမာၻႀကီးအတြက္ ေနာက္ထပ္စိုးရိမ္စရာတစ္ခုအျဖစ္ရွိလာခဲ့ပါတယ္။

လက္ရွိမွာေတာ့ ကိုဗစ္ကပ္ေရာဂါရဲ႕ တတိယလႈိင္းကို တစ္ကမာၻလုံးရင္ဆိုင္ခဲ့ရၿပီးျဖစ္ကာ အေကာင္းဆုံးျဖစ္ေအာင္ ထိန္းခ်ဳပ္ဟန႔္တားေနရဆဲျဖစ္ပါတယ္။ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးႏွံမႈေတြကလည္း အခ်ိန္ၾကာလာတာနဲ႔အမွ် ကာကြယ္ႏိုင္တဲ့အာနိသင္ေလ်ာ့နည္းလာတာေၾကာင့္ သုံးႀကိမ္ေျမာက္ထိုးႏွံမႈေတြျပဳလုပ္ဖို႔အတြက္ အစိုးရေတြက စီစဥ္ေနၾကရပါတယ္။

အေမရိကန္မွာေတာ့ လာမယ့္ စက္တင္ဘာလအတြင္းမွာ သုံးႀကိမ္ေျမာက္ကာကြယ္ေဆးကို စတင္ထိုးႏွံႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

The River News TRN