
ခန့်စည်သူအား ရုပ်ရှင်အစည်းအရုံးဥက္ကဌတာဝန်ပေးအပ်ပြီးနောက် အနုပညာရှင်အချို့ အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း လူမှုကွန်ယက်တွင် အသီးသီးကြော်ငြာ
ရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌအဖြစ် သရုပ်ဆောင်ခန့်စည်သူ တာဝန်ယူပြီးနောက်
အနုပညာရှင် အချို့ အစည်းအရုံးဝင်အဖြစ်မှာနှုတ်ထွက်လာကြ
မြန်မာနိူင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌအဖြစ် သရုပ်ဆောင်ခန့်စည်သူတာဝန်ထမ်းဆောင်မယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက
ဇွန်လ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ် ။မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် နှုတ်ထွက်ပြီးနောက် ဥက္ကဋ္ဌ နေရာမှာ လစ်လပ်နေခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်ရုပ်ရှင်အစည်းအရုံးအနေနဲ့ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီးသရုပ်ဆောင်ခန့်စည်သူကို
အခုလိုခန့်အပ်လိုက်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ် ။
အဲဒီလိုထုတ်ပြန်ပြီးတဲ့နောက်မှာ ရုပ်ရှင်အနုပညာရှင်အချို့ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်ကနေ
နှုတ်ထွက်ကြောင်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေ ထုတ်ဖော်ပြောကြားလာပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သရုပ်ဆောင် ၊
အဆိုတော် နဲ့အနုပညာရှင် ၅ဝ ကျော်လောက်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့
ဖမ်းဝရမ်းထုတ်ခံထားရပြီးဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် ၁ဝယောက်ထက်မနည်းရှိနေပါတယ်။
Zawgyi
ခန႔္စည္သူအား ႐ုပ္ရွင္အစည္းအ႐ုံးဥကၠဌတာဝန္ေပးအပ္ၿပီးေနာက္ အႏုပညာရွင္အခ်ိဳ႕ အစည္းအ႐ုံးဝင္အျဖစ္မွ ႏႈတ္ထြက္ေၾကာင္း လူမႈကြန္ယက္တြင္ အသီးသီးေၾကာ္ျငာ
႐ုပ္ရွင္အစည္း႐ုံးဥကၠ႒အျဖစ္ သ႐ုပ္ေဆာင္ခန႔္စည္သူ တာဝန္ယူၿပီးေနာက္
အႏုပညာရွင္ အခ်ိဳ႕ အစည္းအ႐ုံးဝင္အျဖစ္မွာႏႈတ္ထြက္လာၾက
ျမန္မာႏိူင္ငံ႐ုပ္ရွင္အစည္း႐ုံးဥကၠဌအျဖစ္ သ႐ုပ္ေဆာင္ခန႔္စည္သူတာဝန္ထမ္းေဆာင္မယ္လို႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း႐ုံးက
ဇြန္လ ၄ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္ ။ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ ေနာက္
ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးညီညီထြန္းလြင္ ႏႈတ္ထြက္ၿပီးေနာက္ ဥကၠ႒ ေနရာမွာ လစ္လပ္ေနခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔ေ႐ြးေကာက္ပြဲတစ္ခုျပဳလုပ္ၿပီးသ႐ုပ္ေဆာင္ခန႔္စည္သူကို
အခုလိုခန႔္အပ္လိုက္တာျဖစ္တယ္လို႔ထုတ္ျပန္ထားပါတယ္ ။
အဲဒီလိုထုတ္ျပန္ၿပီးတဲ့ေနာက္မွာ ႐ုပ္ရွင္အႏုပညာရွင္အခ်ိဳ႕ ႐ုပ္ရွင္အစည္းအ႐ုံးအဖြဲ႕ဝင္အျဖစ္ကေန
ႏႈတ္ထြက္ေၾကာင္း သူတို႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာ ကေန ထုတ္ေဖာ္ေျပာၾကားလာပါတယ္။
လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သ႐ုပ္ေဆာင္ ၊
အဆိုေတာ္ နဲ႔အႏုပညာရွင္ ၅ဝ ေက်ာ္ေလာက္ကို စစ္ေကာင္စီက ပုဒ္မ ၅၀၅ (က) နဲ႔
ဖမ္းဝရမ္းထုတ္ခံထားရၿပီးဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အႏုပညာရွင္ ၁ဝေယာက္ထက္မနည္းရွိေနပါတယ္။