ကိုဗစ်ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲဝေဒနာတွေက အလွန်ကြောက်စရာကောင်းကြောင်း ဒေါက်တာမြင့်ထွေးက သတိပေးပြောကြား

ကိုဗစ်ရောဂါ ဖြစ်ပွားပြီးပါက ပြန်လည်ပျောက်ကင်းသော်လည်း အဆုတ်နှင့် နှလုံးမကောင်းနိုင်တော့..

ကိုဗစ်ရောဂါ ဖြစ်ပွားပြီးပါက ပြန်လည်ကုသပျောက်ကင်းသော်လည်း အဆုတ်နှင့် နှလုံးမကောင်းနိုင်တော့တာကြောင့် ကြောက်စရာအကောင်းဆုံးရောဂါဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးပြောကြားလိုက်ပါတယ်။

ကျန်မာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက “ဒီရောဂါကို လျှော့တွက်လို့မရတာက သူ့ကိုဒါဖြစ်ရင် ဒါပေးလို့မရဘူး။ တိုက်ဖွိုက်ဖြစ်ရင် ဒါဖြစ်ရင် ဒါပေးလို့ရတယ်။ နှလုံးရောဂါ ဒါဖြစ်ရင် ဒါပေးလို့ရတယ်။ နောက်တစ်ခုက ဒီရောဂါကောင်းသွားလို့ ဘယ်လိုမှ ယူပစ်သလို မကောင်းဘူးခင်ဗျ။ ရေရှည်မှာ အဆုတ်ကလုံးဝ အားပျော့သွားပြီ။ နှလုံးရောဂါဖြစ်မယ်။ နှလုံးခုန်နှုန်း မမှန်ဘူး။ သွေးခဲမယ်။ လေဖြတ်မယ်။ အလွန်ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်တယ်” လို့ ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးဆောင်ရွက်ပေးနေကြသော အနုပညာရှင်များအား တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားရာမှာ ဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

Zawgyi ;

ကိုဗစ္ေရာဂါ ျဖစ္ပြားၿပီးပါက ျပန္လည္ေပ်ာက္ကင္းေသာ္လည္း အဆုတ္ႏွင့္ ႏွလုံးမေကာင္းႏိုင္ေတာ့..

ကိုဗစ္ေရာဂါ ျဖစ္ပြားၿပီးပါက ျပန္လည္ကုသေပ်ာက္ကင္းေသာ္လည္း အဆုတ္ႏွင့္ ႏွလုံးမေကာင္းႏိုင္ေတာ့တာေၾကာင့္ ေၾကာက္စရာအေကာင္းဆုံးေရာဂါျဖစ္တယ္လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက သတိေပးေျပာၾကားလိုက္ပါတယ္။

က်န္မာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးက “ဒီေရာဂါကို ေလွ်ာ့တြက္လို႔မရတာက သူ႔ကိုဒါျဖစ္ရင္ ဒါေပးလို႔မရဘူး။ တိုက္ဖြိဳက္ျဖစ္ရင္ ဒါျဖစ္ရင္ ဒါေပးလို႔ရတယ္။ ႏွလုံးေရာဂါ ဒါျဖစ္ရင္ ဒါေပးလို႔ရတယ္။ ေနာက္တစ္ခုက ဒီေရာဂါေကာင္းသြားလို႔ ဘယ္လိုမွ ယူပစ္သလို မေကာင္းဘူးခင္ဗ်။ ေရရွည္မွာ အဆုတ္ကလုံးဝ အားေပ်ာ့သြားၿပီ။ ႏွလုံးေရာဂါျဖစ္မယ္။ ႏွလုံးခုန္ႏႈန္း မမွန္ဘူး။ ေသြးခဲမယ္။ ေလျဖတ္မယ္။ အလြန္ေၾကာက္စရာေကာင္းတဲ့ ေရာဂါျဖစ္တယ္” လို႔ ဆိုပါတယ္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းတို႔က ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ ပါဝင္ပံ့ပိုးေဆာင္႐ြက္ေပးေနၾကေသာ အႏုပညာရွင္မ်ားအား ေတြ႕ဆုံေဆြးေႏြးျခင္းႏွင့္ ေက်းဇူးတင္ဂုဏ္ျပဳစကား ေျပာၾကားရာမွာ ဝန္ႀကီးက အခုလို ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

Be the first to comment

Leave a comment

Your email address will not be published.


*