နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်စားလှယ်မရှိသဖြင့် ရှေ့နေစိုးရိမ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စွပ်စွဲထားတဲ့ အမှုကို ချေပဖို့ ‌ဒေါ်အောင်ဆန်းစုကြည်အတွက် တရားဝင်ကိုယ်စားလှယ်မရှိလို့ စိုးရိမ်တယ်လို့ သူ့ရဲ့ တရားဝင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေးပုဂ္ဂိုလ် ရှောင်တာနဲလ် အပါအဝင် ၄ ဦးကို စွဲဆိုထားတဲ့အမှုတွေကို ဇွန်လ ၂၃ ရက်မှာ ကြားနာမှာဖြစ်ပြီး သူတို့အားလုံးဟာ သူတို့ကိုယ်တိုင် ကိုယ်စားပြုရမယ်လို့ တရားရုံးချုပ်က ကြေညာထားတယ်လို့ ဆိုပါတယ်။

သူတို့မှာ တရားဝင်ကိုယ်စားလှယ်လည်း မရှိလို့ ကြားနာမှုမှာ ပွင့်လင်းမြင်သာမှုမရှိမှာကို စိုးရိမ်တယ်လို့ ဦးခင်မောင်ဇော်က ရိုက်တာစ်သတင်းဌာနကို ပြောပြပါတယ်။ပုံမှန်အားဖြင့် သူတို့ဟာ တရားပြိုင်တွေကို ဆက်သွယ်သင့်ပြီး အမှုကို မကြေညာခင်မှာ သူတို့ရဲ့ရှေ့နေတွေနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးပေးဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ရိုက်တာသတင်းဌာနအနေနဲ့ တရားရုံးချုပ်ကိုရော စစ်တပ်ပြောခွင့်ရကိုရော မှတ်ချက်တောင်းခံဖို့ ဆက်သွယ်လို့မရပါဘူး။ ဒီလျှို့ဝှက်ချက်ဥပဒေဟာ အသက် ၇၅ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်နိုင်တဲ့ အပြင်းထန်ဆုံး စွဲဆိုချက်တခု ဖြစ်ပါတယ်။

ခုလိုအယူခံဝင်လို့မရတဲ့ လျှို့ဝှက်ချက်အမှုကို တရားရုံးချုပ်ဆီ တိုက်ရိုက်တင်ပြစွဲဆိုခြင်းနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေကိုချိုးဖောက်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေချိုးဖောက်မှုတွေနဲ့လည်း တရားစွဲခံထားရပြီး မေလ ၂၄ ရက်က နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ သီးသန့်တရားရုံးမှာ ရုံးထုတ်စဉ် ပထမဆုံးအကြိမ် လူကိုယ်တိုင်လာရောက်ခဲ့ပါတယ်။

ဒီမှုတွေဆက်လက်ကြားနာဖို့ ဇွန်လ ၁၇ ရက်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကြံပေးအဖွဲ့က ပြောကြားထားပါတယ်။

————

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြဲဆိုထားတဲ့ အမႈေတြထဲက ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ စြပ္စြဲထားတဲ့ အမႈကို ေခ်ပဖို႔ ‌ေဒၚေအာင္ဆန္းစုၾကည္အတြက္ တရားဝင္ကိုယ္စားလွယ္မရွိလို႔ စိုးရိမ္တယ္လို႔ သူ႔ရဲ႕ တရားဝင္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဩစေၾတးလ်ႏိုင္ငံသား စီးပြားေရးအႀကံေပးပုဂၢိဳလ္ ေရွာင္တာနဲလ္ အပါအဝင္ ၄ ဦးကို စြဲဆိုထားတဲ့အမႈေတြကို ဇြန္လ ၂၃ ရက္မွာ ၾကားနာမွာျဖစ္ၿပီး သူတို႔အားလုံးဟာ သူတို႔ကိုယ္တိုင္ ကိုယ္စားျပဳရမယ္လို႔ တရား႐ုံးခ်ဳပ္က ေၾကညာထားတယ္လို႔ ဆိုပါတယ္။

သူတို႔မွာ တရားဝင္ကိုယ္စားလွယ္လည္း မရွိလို႔ ၾကားနာမႈမွာ ပြင့္လင္းျမင္သာမႈမရွိမွာကို စိုးရိမ္တယ္လို႔ ဦးခင္ေမာင္ေဇာ္က ႐ိုက္တာစ္သတင္းဌာနကို ေျပာျပပါတယ္။ပုံမွန္အားျဖင့္ သူတို႔ဟာ တရားၿပိဳင္ေတြကို ဆက္သြယ္သင့္ၿပီး အမႈကို မေၾကညာခင္မွာ သူတို႔ရဲ႕ေရွ႕ေနေတြနဲ႔ ဆက္သြယ္ဖို႔ အခြင့္အေရးေပးဖို႔လိုအပ္တယ္လို႔လည္း ဆိုပါတယ္။

႐ိုက္တာသတင္းဌာနအေနနဲ႔ တရား႐ုံးခ်ဳပ္ကိုေရာ စစ္တပ္ေျပာခြင့္ရကိုေရာ မွတ္ခ်က္ေတာင္းခံဖို႔ ဆက္သြယ္လို႔မရပါဘူး။ ဒီလွ်ိဳ႕ဝွက္ခ်က္ဥပေဒဟာ အသက္ ၇၅ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ ၁၄ ႏွစ္ ခ်မွတ္ႏိုင္တဲ့ အျပင္းထန္ဆုံး စြဲဆိုခ်က္တခု ျဖစ္ပါတယ္။

ခုလိုအယူခံဝင္လို႔မရတဲ့ လွ်ိဳ႕ဝွက္ခ်က္အမႈကို တရား႐ုံးခ်ဳပ္ဆီ တိုက္႐ိုက္တင္ျပစြဲဆိုျခင္းနဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ဟာ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒကိုခ်ိဳးေဖာက္မႈ၊ ပို႔ကုန္သြင္းကုန္ဥပေဒခ်ိဳးေဖာက္မႈေတြနဲ႔လည္း တရားစြဲခံထားရၿပီး ေမလ ၂၄ ရက္က ေနျပည္ေတာ္ေကာင္စီ႐ုံးဝင္းအတြင္းရွိ သီးသန႔္တရား႐ုံးမွာ ႐ုံးထုတ္စဥ္ ပထမဆုံးအႀကိမ္ လူကိုယ္တိုင္လာေရာက္ခဲ့ပါတယ္။

ဒီမႈေတြဆက္လက္ၾကားနာဖို႔ ဇြန္လ ၁၇ ရက္ကို ေ႐ႊ႕ဆိုင္းခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဥပေဒအႀကံေပးအဖြဲ႕က ေျပာၾကားထားပါတယ္။