
အမေရိကန်ပြည်ထောင်စုဟာ ရုရှားနိုင်ငံကို ဟန့်တားထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က စွပ်စွဲပြောဆိုသလို ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ကွန်ဂရက်လွှတ်တော်ကို လူအုပ်စုက တိုက်ခိုက်တဲ့အပေါ် ကိုင်တွယ်ပုံဟာ အနောက်နိုင်ငံတွေရဲ့ လိုရင်လိုသလို မလိုရင် မလိုသလို လုပ်တတ်တဲ့ သဘောထားကို ပြနေတယ်လို့လည်း ပြောပါတယ်။
လာမယ့် ဇွန်လ ၁၆ ရက်နေ့ကျရင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျီနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေချိန်မှာပဲသမ္မတပူတင်ဘက်က အခုလို တင်းမာတဲ့လေသံနဲ့ သောကြာနေ့မှာ ပြောဆိုခဲ့တာပါ။
“သိပ်ကိုနိမ့်ကျနေတဲ့ ကျနော်တို့ကြား ဆက်ဆံရေး ပြေလည်မှုရစေမယ့် နည်းလမ်းတွေကို ကျနော်တို့ ရှာဖို့လိုအပ်ပါတယ်” လို့ သမ္မတပူတင်က ပြောပါတယ်။
“ကျနော်တို့က အမေရိကန်နဲ့ ဘာပြဿနာမှ မရှိပါဘူး။ သူတို့ဘက်မှာပဲ ကျနော်တို့နဲ့ပတ်သက်ပြီး ပြဿနာရှိနေတာပါ။ ကျနော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့က ဟန့်တားထိန်းချုပ်ချင်ပြီး လူသိရှင်ကြားလည်း ပြောထားတာပါ။ရုရှားနိုင်ငံတွင်းက သူတို့မဟာမိတ်တွေလို့ သတ်မှတ်သူတွေရဲ့ အားကိုယူပြီး စီးပွားရေးအရ ကန့်သတ်တာတွေနဲ့ကျနော်တို့ ပြည်တွင်းနိုင်ငံရေးကို သြဇာလွှမ်းမိုးဖို့ လုပ်နေပါတယ်” လို့လည်း သမ္မတပူတင်က ပြောပါတယ်။
လာမယ့် ထိပ်သီးအစည်းအဝေးကနေ နှစ်နိုင်ငံကြား တင်းမာနေတာ ပြေလျော့စေရေး အထောက်အကူဖြစ်စေဖို့ သူမျှော်လင့်ထားကြောင်း သမ္မတပူတင်က ဆိုပါတယ်။
၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံ၊ Crimea ကျွန်းဆွယ်ကို ရုရှားက သူပိုင်နယ်အဖြစ် သိမ်းသွင်းလိုက်တာ၊ အမေရိကန်နဲ့တခြားအနောက်နိုင်ငံတွေက ရွေးကောက်ပွဲတွေကို ရုရှားက ဝင်နှောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရုရှားနိုင်ငံမှာအစပြု လုပ်ဆောင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက စွပ်စွဲထားတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကြောင့် စစ်အေးကာလနောက်ပိုင်း အမေရိကန်နဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်နေပါတယ်။
————-
အေမရိကန္ျပည္ေထာင္စုဟာ ႐ုရွားႏိုင္ငံကို ဟန္႔တားထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတယ္လို႔ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္က စြပ္စြဲေျပာဆိုသလို ဇန္နဝါရီလ ၆ ရက္ေန႔က အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ကို လူအုပ္စုက တိုက္ခိုက္တဲ့အေပၚ ကိုင္တြယ္ပုံဟာ အေနာက္ႏိုင္ငံေတြရဲ႕ လိုရင္လိုသလို မလိုရင္ မလိုသလို လုပ္တတ္တဲ့ သေဘာထားကို ျပေနတယ္လို႔လည္း ေျပာပါတယ္။
လာမယ့္ ဇြန္လ ၁၆ ရက္ေန႔က်ရင္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ဂ်ီနီဗာၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးဖို႔ ရွိေနခ်ိန္မွာပဲသမၼတပူတင္ဘက္က အခုလို တင္းမာတဲ့ေလသံနဲ႔ ေသာၾကာေန႔မွာ ေျပာဆိုခဲ့တာပါ။
“သိပ္ကိုနိမ့္က်ေနတဲ့ က်ေနာ္တို႔ၾကား ဆက္ဆံေရး ေျပလည္မႈရေစမယ့္ နည္းလမ္းေတြကို က်ေနာ္တို႔ ရွာဖို႔လိုအပ္ပါတယ္” လို႔ သမၼတပူတင္က ေျပာပါတယ္။
“က်ေနာ္တို႔က အေမရိကန္နဲ႔ ဘာျပႆနာမွ မရွိပါဘူး။ သူတို႔ဘက္မွာပဲ က်ေနာ္တို႔နဲ႔ပတ္သက္ၿပီး ျပႆနာရွိေနတာပါ။ က်ေနာ္တို႔ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကို သူတို႔က ဟန္႔တားထိန္းခ်ဳပ္ခ်င္ၿပီး လူသိရွင္ၾကားလည္း ေျပာထားတာပါ။႐ုရွားႏိုင္ငံတြင္းက သူတို႔မဟာမိတ္ေတြလို႔ သတ္မွတ္သူေတြရဲ႕ အားကိုယူၿပီး စီးပြားေရးအရ ကန္႔သတ္တာေတြနဲ႔က်ေနာ္တို႔ ျပည္တြင္းႏိုင္ငံေရးကို ၾသဇာလႊမ္းမိုးဖို႔ လုပ္ေနပါတယ္” လို႔လည္း သမၼတပူတင္က ေျပာပါတယ္။
လာမယ့္ ထိပ္သီးအစည္းအေဝးကေန ႏွစ္ႏိုင္ငံၾကား တင္းမာေနတာ ေျပေလ်ာ့ေစေရး အေထာက္အကူျဖစ္ေစဖို႔ သူေမွ်ာ္လင့္ထားေၾကာင္း သမၼတပူတင္က ဆိုပါတယ္။
၂၀၁၄ ခုႏွစ္မွာ ယူကရိန္းႏိုင္ငံ၊ Crimea ကြၽန္းဆြယ္ကို ႐ုရွားက သူပိုင္နယ္အျဖစ္ သိမ္းသြင္းလိုက္တာ၊ အေမရိကန္နဲ႔တျခားအေနာက္ႏိုင္ငံေတြက ေ႐ြးေကာက္ပြဲေတြကို ႐ုရွားက ဝင္ေႏွာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ႐ုရွားႏိုင္ငံမွာအစျပဳ လုပ္ေဆာင္တယ္လို႔ အေမရိကန္ တာဝန္ရွိသူေတြက စြပ္စြဲထားတဲ့ ဆိုင္ဘာတိုက္ခိုက္မႈေတြေၾကာင့္ စစ္ေအးကာလေနာက္ပိုင္း အေမရိကန္နဲ႔ ႐ုရွားႏိုင္ငံၾကား ဆက္ဆံေရးဟာ အနိမ့္ဆုံးအဆင့္ကို ေရာက္ေနပါတယ္။