သင့်စရိုက်ဟာ အောက်ပါအချက်များနဲ့ ကိုက်ညီပါသလား…?(၁မိနစ်လောက်အချိန်ပေးပြီး ဖတ်ကြည့်ပါ)

ဒီစာဖတ်သောမိတ်ဆွေ၊ သင့်စရိုက်ဟာ အောက်ပါအချက်များနဲ့ ကိုက်ညီပါသလား…?

” သင့်မှာ တစ်ခြားသောလူတွေ ကိုယ့်ကို နှစ်သက်မြတ်နိုးစေချင်တဲ့ ဆန္ဒရှိတယ်။ သင်ဟာသင်ကိုယ်တိုင် နှိုင်းချိန်ဆုံးဖြတ်တတ်တဲ့ အသိရှိပါတယ်။

သင့်မှာ ကိုယ်ကျိုးအတွက် အသုံးမပြုရသေးတဲ့ စွမ်းရည်တွေ ကိန်းအောင်းနေတယ်လို့ ခံစားရတယ် ။

သင့်မှာ ပုဂ္ဂိုလ်ရေး အားနည်းချက်တချို့ ရှိပေမယ့် ဒီအားနည်းချက်နဲ့ ညီမျှတဲ့ အစားထိုးစရာ ကောင်းကွက်တွေလည်း ရှိပါသေးတယ်။

အပြင်ပန်းမှာ စည်းကမ်းနဲ့ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း ရှိသယောင်ပေဖြစ်နေပေမယ့် အတွင်းစိတ်မှာတောဘ ပူပန်ပြီး မလုံခြုံသလို ခံစားရလေ့ရှိတတ်ပါတယ်။

တချို့သောအချိန်တွေမှာ ကိုယ်လုပ်လိုက်တာ၊ကိုယ်ဆုံးဖြတ်လိုက်တာ မှန်ရဲ့လားဆိုတဲ့ သံသယတွေ ဝင်နေတတ်ပါတယ်။

သင်ဟာ ပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့ အတွေ့အကြုံစုံလင်မှု အချို့ကိုလိုလားတတ်ပြီး ကန့်သတ်ချက်တွေ၊ တားမြစ်ချက်တွေ ရဲ့အောက်မှာ ချုပ်နှောင်မှုတွေကို စိတ်တိုင်းမကျပါဘူး။

သင်ဟာ ကိုယ်တိုင်စဉ်းစားတွေးတောရတာကိုပဲ ဂုဏ်ယူတတ်ပြီး သူတစ်ပါးရဲ့အဆိုကို လုံလောက်တဲ့ သက်သေမရှိဘဲ လက်မခံပါဘူး။

သင်ဟာ သူတစ်ပါးအပေါ် ပွင့်ပွင့်လင်းလင်းရှိခြင်းကြောင့် မသိတတ်သူလို့ အမြင်ခံရမှာစိုးရ်ိမ်တတ်ပါတယ်။

တချို့အချိန်တွေမှာ သင်ဟာ ပွင့်လင်းပျော်ရွှင်တတ်သူ၊ ဖော်ရွှေသူ၊ လူမှုရေးစိတ်ရှိသူဖြစ်သလို တချို့အချိန်တွေမှာလည်း ဘာသိဘာသာနေတတ်သူ၊ သတိရှိသူ၊ သီးသန့်နေတတ်သူ ဖြစ်ပါတယ်။

တချို့သော သင့်ရည်မှန်းချက်တွေဟာ တော်တော်လေး သဘာဝမကျဖြစ်နေတတ်ပါတယ်။

သင့်ရဲ့အဓိကပန်းတိုင်တွေထဲက တချို့ကတော့ ဘဝတစ်လျှောက် လုံခြုံမှုရှိစေဖို့ပဲဖြစ်ပါတယ်။”

ဒီအချက်တွေနဲ့ကိုက်ညီနေမယ်ဆို ကျေးဇူးပြု၍ like, comment ရေးပြီး shareပေးပါ။ 🙏

_____

တကယ်တော့ ဒါဟာ ဘယ်လဖွား၊ဘာညာသွေးတွေရဲ့ စရိုက်ကဘယ်လိုဆိုတာတွေထက် ပိုပြီးစနစ်တကျသုတေသနပြုထားတဲ့ လူ့တိုင်းအတွက် မှန်နိုင်လုနီးပါးရှိတဲ့ သဘာဝတွေပဲဖြစ်ပါတယ်။ လုံးဝ Science သီးသန့်ဖြစ်ပါတယ်။

ဒါကို Bertram R Forer လို့ခေါ်တဲ့ စိတ်ပညာရှင်က ရေးသားခဲ့ပြီး Burnam Effect သို့မဟုတ် Forer Effect လို့ခေါ်ပါတယ်။ သင့်အတွက် ၉၀% ထက်တောင် ပိုမှန်နေနိုင်မှာပါတဲ့။ ဘာ့ကြောင့်လည်း။ အပေါ်ကအချက်တွေကို နောက်တခေါက်ပြန်ဖတ် တွေးကြည့်ပြီး ထင်ရာပြောခဲ့ကြည့်လေ။😉

Credit : ATPO

————

ဒီစာဖတ္ေသာမိတ္ေဆြ၊ သင့္စ႐ိုက္ဟာ ေအာက္ပါအခ်က္မ်ားနဲ႔ ကိုက္ညီပါသလား…?

” သင့္မွာ တစ္ျခားေသာလူေတြ ကိုယ့္ကို ႏွစ္သက္ျမတ္ႏိုးေစခ်င္တဲ့ ဆႏၵရွိတယ္။ သင္ဟာသင္ကိုယ္တိုင္ ႏႈိင္းခ်ိန္ဆုံးျဖတ္တတ္တဲ့ အသိရွိပါတယ္။

သင့္မွာ ကိုယ္က်ိဳးအတြက္ အသုံးမျပဳရေသးတဲ့ စြမ္းရည္ေတြ ကိန္းေအာင္းေနတယ္လို႔ ခံစားရတယ္ ။

သင့္မွာ ပုဂၢိဳလ္ေရး အားနည္းခ်က္တခ်ိဳ႕ ရွိေပမယ့္ ဒီအားနည္းခ်က္နဲ႔ ညီမွ်တဲ့ အစားထိုးစရာ ေကာင္းကြက္ေတြလည္း ရွိပါေသးတယ္။

အျပင္ပန္းမွာ စည္းကမ္းနဲ႔ မိမိကိုယ္ကိုထိန္းခ်ဳပ္ႏိုင္စြမ္း ရွိသေယာင္ေပျဖစ္ေနေပမယ့္ အတြင္းစိတ္မွာေတာဘ ပူပန္ၿပီး မလုံၿခဳံသလို ခံစားရေလ့ရွိတတ္ပါတယ္။

တခ်ိဳ႕ေသာအခ်ိန္ေတြမွာ ကိုယ္လုပ္လိုက္တာ၊ကိုယ္ဆုံးျဖတ္လိုက္တာ မွန္ရဲ႕လားဆိုတဲ့ သံသယေတြ ဝင္ေနတတ္ပါတယ္။

သင္ဟာ ပတ္ဝန္းက်င္ေျပာင္းလဲမႈနဲ႔ အေတြ႕အႀကဳံစုံလင္မႈ အခ်ိဳ႕ကိုလိုလားတတ္ၿပီး ကန္႔သတ္ခ်က္ေတြ၊ တားျမစ္ခ်က္ေတြ ရဲ႕ေအာက္မွာ ခ်ဳပ္ေႏွာင္မႈေတြကို စိတ္တိုင္းမက်ပါဘူး။

သင္ဟာ ကိုယ္တိုင္စဥ္းစားေတြးေတာရတာကိုပဲ ဂုဏ္ယူတတ္ၿပီး သူတစ္ပါးရဲ႕အဆိုကို လုံေလာက္တဲ့ သက္ေသမရွိဘဲ လက္မခံပါဘူး။

သင္ဟာ သူတစ္ပါးအေပၚ ပြင့္ပြင့္လင္းလင္းရွိျခင္းေၾကာင့္ မသိတတ္သူလို႔ အျမင္ခံရမွာစိုးရ္ိမ္တတ္ပါတယ္။

တခ်ိဳ႕အခ်ိန္ေတြမွာ သင္ဟာ ပြင့္လင္းေပ်ာ္႐ႊင္တတ္သူ၊ ေဖာ္ေ႐ႊသူ၊ လူမႈေရးစိတ္ရွိသူျဖစ္သလို တခ်ိဳ႕အခ်ိန္ေတြမွာလည္း ဘာသိဘာသာေနတတ္သူ၊ သတိရွိသူ၊ သီးသန္႔ေနတတ္သူ ျဖစ္ပါတယ္။

တခ်ိဳ႕ေသာ သင့္ရည္မွန္းခ်က္ေတြဟာ ေတာ္ေတာ္ေလး သဘာဝမက်ျဖစ္ေနတတ္ပါတယ္။

သင့္ရဲ႕အဓိကပန္းတိုင္ေတြထဲက တခ်ိဳ႕ကေတာ့ ဘဝတစ္ေလွ်ာက္ လုံၿခဳံမႈရွိေစဖို႔ပဲျဖစ္ပါတယ္။”

ဒီအခ်က္ေတြနဲ႔ကိုက္ညီေနမယ္ဆို ေက်းဇူးျပဳ၍ like, comment ေရးၿပီး shareေပးပါ။ 🙏

_____

တကယ္ေတာ့ ဒါဟာ ဘယ္လဖြား၊ဘာညာေသြးေတြရဲ႕ စ႐ိုက္ကဘယ္လိုဆိုတာေတြထက္ ပိုၿပီးစနစ္တက်သုေတသနျပဳထားတဲ့ လူ႔တိုင္းအတြက္ မွန္ႏိုင္လုနီးပါးရွိတဲ့ သဘာဝေတြပဲျဖစ္ပါတယ္။ လုံးဝ Science သီးသန္႔ျဖစ္ပါတယ္။

ဒါကို Bertram R Forer လို႔ေခၚတဲ့ စိတ္ပညာရွင္က ေရးသားခဲ့ၿပီး Burnam Effect သို႔မဟုတ္ Forer Effect လို႔ေခၚပါတယ္။ သင့္အတြက္ ၉၀% ထက္ေတာင္ ပိုမွန္ေနႏိုင္မွာပါတဲ့။ ဘာ့ေၾကာင့္လည္း။ အေပၚကအခ်က္ေတြကို ေနာက္တေခါက္ျပန္ဖတ္ ေတြးၾကည့္ၿပီး ထင္ရာေျပာခဲ့ၾကည့္ေလ။😉

Credit : ATPO