
အောင်လအန်ဆန်းက ဦးဆောင်၍ ‘အလဲထိုး’ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်မည်မြန်မာနိုင်ငံတွင်ကျား၊ မ အခြေပြု အကြမ်း ဖက်မှုများအပေါ် အဆုံးသတ်ရန်အတွက် ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့်ဆောင်ရွက်သည့် ‘အလဲထိုး’ကမ်ပိန်း လှုပ် ရှားမှုကို အောင်လအန်ဆန်းက ဦးဆောင်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဥရောသမဂ္ဂမှ သတင်းထုတ်ပြန်သည်။အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အမြစ်ဖြတ် တိုက်ဖျက်ရန်မှာ တစ်ကမ္ဘာလုံးနှင့် တညီတညွတ်တည်း
ကန့်ကွက်ရှုတ်ချကြမှသာ ဖြစ်လာနိုင်မည် ဖြစ်ပြီး အမျိုးသားများသည် ကျား၊ မ တန်း တူညီမျှမှုအတွက် အမျိုးသမီးများနှင့်အတူ ရပ်တည်ကြရမည်ဖြစ်ကြောင်း၊အမျိုးသမီးများအား အကြမ်းဖက်မှုကို ပုံမှန် ဖြစ်ရိုးဖြစ်စဉ်အဖြစ် ရှုမြင်မှု၊ ဂုဏ်ပုဒ်တစ်ခုအဖြစ် လက်ခံကျင့်သုံးမှု သို့မဟုတ် အားပေးလှုံ့ဆော်မှုသဘောသက်ရောက်သည့်
ထုံးတမ်းအစဉ်အလာ ယုံကြည်မှုများအား ပထမဆုံး အလဲထိုးကြရမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ လူထုအသိ ပညာပေး ဗီဒီ ယို သစ်တစ်ခုတွင် MMA ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်းက ပြောသည်။အဆိုပါလှုပ်ရှားမှု အစီအစဉ် ‘အလဲထိုး’၏ တစ်စိတ် တစ်ပိုင်း အဖြစ်ဗီဒီယို ဖြင့်တင်ဆက် ပြသသွားမည်ဖြစ်ပြီး မြန်မာဘာသာတွင် ‘ပွဲသိမ်း’ဟုအဓိပ္ပာယ်ရသော ‘အလဲထိုး’ သည် အမျိုး သမီးများအပေါ် အကြမ်းဖက်မှုကို အားပေးအားမြှောက်ဖြစ်စေသည့် အယူအဆအလွဲများ၊ ရှေးရိုးစွဲအစဉ်အလာများကို
ထောက်ပြဝေဖန်သွားမည်ဖြစ်ကြောင်း၊ ယင်းလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာအမျိုး သမီးများအား အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအနေဖြင့်နိုဝင်ဘာ ၂၅ ရက်တွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလအထိဆက်လက်လှုပ်ရှား သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ကျား၊ မ အခြေပြုအကြမ်းဖက်မှုသည် ကမ္ဘာတွင် အလွန်အမင်းပျံ့နှံ့နေပြီး အများစုက လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် တိုင်ကြားခြင်း မရှိသေးကြောင်း၊
ယင်းအခြေအနေသည် လူတိုင်းကြုံတွေ့နိုင်သော်လည်း အမျိုးသမီးများအပေါ် များစွာပို၍ သက်ရောက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အ မျိုးသမီး သုံးဦးတွင်တစ်ဦးနှုန်းသည် ၎င်းတို့၏ ဘဝသက်တမ်းတစ်လျှောက်တွင် အကြမ်းဖက်မှုကို ရင် ဆိုင်ခဲ့ရသည်ဟု ဖော်ပြထားကြောင်း၊ မြန် မာနိုင်ငံတစ်ဝန်းတွင်လည်း အမျိုးသမီးများအား အကြမ်းဖက်မှုသည်
ပျံ့နှံ့နေသော်လည်း အမြဲတမ်းလိုလိုပင် တွေ့ကြုံခံစားခဲ့ရသူများက နှုတ်ဆိတ်နေခဲ့ကြကြောင်း၊ ထိုသို့ ပြုမူဆောင်ရွက်ကြမှသာ နေအိမ်၊ လုပ်ငန်းခွင်နှင့်လူမှုဝန်းကျင်များတွင် တန်းတူညီမျှမှုအား အလေးထားမြှင့်တင်နိုင်မည်ဖြစ်ပြီး အမျိုး သမီးများအပေါ် အကြမ်းဖက်မှုကို အမြစ်ဖြတ်အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အမျိုးသမီးများအား အကြမ်းဖက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှု၏ မတူကွဲပြားသော အမြင်ရှုထောင့်များအား ဖော်ပြထားသည့် မာလ်တီမီဒီယာ အကြောင်းအရာများနှင့်လှုပ်ရှားမှုမျိုးစုံကို အွန်လိုင်းအတွက် သ တင်းအချက် အလက်ပြရုပ်ပုံများ၊ ကွန် ပျူတာအထူးပြုလုပ်ချက် ဗီဒီယိုများနှင့်အများပြည်သူ ပညာပေးဗီဒီယိုများအပါ အဝင် ဒစ်ဂျစ်တယ်နှင့် အများပြည်သူဆက်သွယ်ရေး ချန်နယ်များ၊ အစိုးရရေဒီယိုနှင့် ရုပ်သံများမှတစ်ဆင့် ထုတ်လွှင့်ပြသလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဥရောပသမဂ္ဂက ငွေကြေးပါဝင် ကူညီပံ့ပိုးထားသော အစီအစဉ်များ ဖြစ်ကြသည့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA) ၏Women and Girls First ၊ ကမ္ဘာတစ်ဝန်း လုပ်ဆောင်သည့် Spotlight Initiative အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် UN Women နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့၏ Safe & Fair ၊ ကျား၊ မ တန်းတူညီမျှရေးကွန်ရက်၏ Empower Civil Society Organization and Local Authorities Promoting Gender Equality in Myanmar စီမံကိန်းနှင့် ဗြိတိသျှကောင်စီ၏ MyJustice Myanmar စသည့် အစီအစဉ်များမှ ကျွမ်းကျင်ပညာရှင်များစွာတို့သည်လည်း ‘အလဲထိုး’ လှုပ်ရှားမှု၌
အွန်လိုင်းဆွေးနွေးပွဲများနှင့် ရုပ်သံအင် တာဗျူးများတွင် ပူးပေါင်းပါဝင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။အောင်လအန်ဆန်းသည် မြန်မာနိုင်ငံတွင် ကျား၊ မတန်းတူညီမျှမှုဆိုင်ရာ သံတမန်များဖြစ်ကြသည့် သရုပ်ဆောင် အောင်မြင့်မြတ်၊ MMA မြန်မာ့ချန်ပီယံ ဖိုးသော်၊ ဘောလုံးအကျော်အမော် ကျော်မင်းဦး၊တေးသံရှင်များဖြစ်ကြသော R ဇာနည်၊ ရေမွန်(Idiots Band)၊ ဘွန် ဘွန်နှင့် အိစိကွေး၊ နယ်ပယ်အလိုက် အောင်မြင်ကျော်ကြားသူ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ယဉ်ယဉ်နှောင်း၊ Vlogger Mommy Pan (Hazel Seng Pan) နှင့်မျိုးဆက်ပွား ကျန်းမာ ရေးအထူးကုနှင့် စာရေးဆရာ ဖြိုးသီဟ တို့နှင့်အတူ လက် တွဲ၍ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး လှုပ်ရှားမှုကို ဦးဆောင်လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
သတင်း – ကျော်ကိုကိုသက်
ဓာတ်ပုံ- ဥရောပသမဂ္ဂ