စကစက ထောင်ဖမ်းဖို့ ကြိုးစားနေတယ် မြေပြင်လူငယ်တွေ ဒီ Live လေး ကြည့်ပေးပါလို့ အရေးကြီးပြောပြလာတဲ့ ပန်ဆယ်လို

စကစက ထောင်ဖမ်းဖို့ ကြိုးစားနေတယ် မြေပြင်လူငယ်တွေ ဒီLive လေး ကြည့်ပေးပါဆိုတဲ့ ပန်ဆယ်လို

အောက်တွင် ရုပ်သံတင်ပေးထားသည်။

ကိုယ့်နာမည်နဲ့ PDF လူငယ်တွေကို စကစက ထောင်ဖမ်းဖို့ ကြိုးစားနေတယ်။ ပန်ဆယ်လိုဆီက အလှူငွေရလို့ လာယူပါဆိုတဲ့ ဇာတ်လမ်း။

မြေပြင်လူငယ်တွေ ဒီLive လေး ကြည့်ပေးပါ။

———-





———–

သူမပြောပြတဲ့ သူမရဲ့ လောကဓံအကြောင်း လေးကို ထပ်ဆောင်းတင်ပေးလိုက်ပါတယ်။

အမေရိကန်ရောက်သွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ခိုက်မှုတွေကို အကြီးအကျယ်ခံရတယ်။ ဒီမှာလည်း သူတို့ပြောကြသလို ဇိမ်ကျနေတာ မဟုတ်တဲ့အခါ၊ ပြောမပြချင်တဲ့ အခက်အခဲပေါင်းစုံကို ကြုံရတဲ့အခါ ရပ်တန့်ပစ်ချင်လာတာ ဝန်ခံတယ်။ စိတ်ပျော့ရကောင်းလား အပစ်တင်ရင်လည်း ခံရမှာပဲ။ ဘာလို့လဲဆိုတော့ ရူးသွားချင်လောက်တဲ့ လောကဓံကိုး။

ဘာတွေလုပ်နေတယ်ဆိုတာ လုံခြုံရေးအရ အကုန်ပြောပြလို့မရဘူး။ အချို့ လုံခြုံရေးပြသနာမရှိပေမယ့် အချို့ပုံတွေက ဖေ့စ်ဘုတ်က လက်မခံဘူး။ ဒါ့ကြောင့် ဘာတွေဘာတွေ လုပ်နေပါတယ် လူမသိဘူး။
ဘာအခက်အခဲတွေ ကြုံတွေ့ရတယ် ရင်ဖွင့်ချင်ပေမယ့် အမေဒိကန်ကနေ ငိုပြနေတာလားဆိုပြီး ထပ်Blame ခံရမှာ ကြောက်လို့ မျိုသိပ်ရသလို ကိုယ်ခက်ခဲနေတာ ဟိုဘက်က သိရင် မပျော်စေချင်လို့ မပြောဖြစ်ဘူး။ မပြောဖြစ်လို့ သာယာတယ်ထင်နေရင် နင်တို့ဉာဏ်ရည်ပဲ။

အမေဒိကန်ရောက်တာ အပြစ်မမြင်ပါဘူး။ အမေဒိကန်ကအော်နေတာကို မကြိုက်တာဆိုသူတွေကိုလည်း မေးဦးမယ်။ နှုတ်ဆိတ်ပေးလိုက်ရင် အမေဒိကန်ရောက်တာနဲ့ ငြိမ်သွားတယ်၊ တော်လှန်ရေးကို ကျောခိုင်းသွားတယ်ဆိုပြီး ထပ်Blame မှာလည်း နင်တို့ပဲမလား။

စစ်တပ်ကို နိုင်နေသယောင် မထီလေးစားရေးလို့ အမြင်ကပ်တာတဲ့။ ငါက နိုင်နေသယောင် ရေးတာ မဟုတ်ဘူး။ ကြောက်မပြမိဖို့ ကြိုးစားတာ။ Feb 1 ငါ့အိမ်ရှေ့ လက်နက်အပြည့်အစုံနဲ့ ရောက်လာချိန်၊ တံခါးဖွင့်မပေးဘဲ ခေါင်းမာအကြောတင်းပြချိန်၊ အကျယ်ချုပ်ပုံစံ အစောင့်တွေ စောင့်နေချိန်အိမ်ခြံဝန်းထိပ်က NLD အလံကို တက်ဖြုတ်တာတောင် အိမ်အပေါ်ဆုံးထပ်မှာ အလံပြန်တင်ခဲ့တာ။

CCTV ဖိုင်သက်သေတွေ အကုန်တင်ပေးခဲ့ပြီးသားနော်။ ငါဟာ ဘယ်အချိန်ရောက်ရောက် ဘယ်အခြေအနေရောက်ရောက် အကြောတင်းပြတာ ငါ့ပုံစံပဲ။ တမင်လုပ်ပြနေတာ မဟုတ်ဘူး။ အဲ့ဒါကို စစ်တပ်ကိုကြောက်မပြလို့ False Hope ပေးတယ် ခေါင်းစဉ်တပ်လည်း ငါမတတ်နိုင်ဘူး။ False Hope ဆိုတဲ့ တစ်လုံးကို အလွတ်ကျက်ပြီး လိုက်ငံနေတဲ့ နှမဇောင်းတွေ။

မီဒီယာကြီးတွေတောင် သတင်းမှားတတ်တဲ့အချိန်မှာ ငါတစ်ခါမှားမိတာကို ဖွမပြီးတဲ့ဟာတွေ၊ သတင်းမှားတင်လို့ဆိုပြီး အခါတစ်ထောင်မက ဆဲနေတဲ့ဟာတွေကိုလည်း လက်ခလယ်ပဲ။ အဲ့တစ်ခါမှားမိတဲ့ဟာကြောင့် ဘယ်သူတွေမှလည်း ထိခိုက်မသွားဘူး။ ငါဖြစ်လို့ကို စောက်ပြစ်ရှိနေတာ။

နင်တို့တွေ Fashion မျိုးစုံနဲ့ လမ်းပေါ်ဆန္ဒပြခွင့်ရနေတဲ့ အချိန်ကတည်းက ငါက ကူသူမဲ့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာ။ အခုပြောနေတဲ့ကောင်တွေလို အိမ်ထဲက ဆိုဖာပေါ် ဝိုင်ဖိုင်လေးနဲ့ ငြိမ့်ရင်း ငါ့ကိုဆဲနေတဲ့ နင်တို့လို မြန်မာပြည်ထဲ ငါနေခွင့်ရနေရင် ငါအခု အမေဒိကန်ထိ ဘယ်ပြေးရမလဲ။ မြန်မာပြည်ထဲ ရှိနေမှာပေါ့ဟ။

တော်လှန်နေတဲ့ လက်နက်ကိုင်နေတဲ့ ဘဝပျက်ခံ တော်လှန်နေတဲ့ လူငယ်တွေက ဆဲရင် ငါခံနိုင်တယ်။ ဆဲရုံမက ပါးပဲလာရိုက်ရိုက်ကွာ။ ငါသည်းခံမယ်။ အခု ဒီလူငယ်တွေက ငါနဲ့ အတော်များများ အဆက်အသွယ်ရှိနေပြီး အပြန်အလှန် အားပေးနေ၊ ကူညီနေကြတဲ့အချိန်မှာ ပလိန်းကြီး ဆဲနေတာက NUG Profile တင်ထားတာနဲ့ တော်လှန်ရေးသမားလိုလို၊ လက်နက်ပဲကိုင်နေသလိုလို လုပ်ပြပြီး အိမ်ထဲက အိမ်ပြင်မထွက် အင်တာနက်ရတိုင်း ထိုင်ဆဲနေတဲ့ စောက်ပေါလေးတွေ။ ငါ့မှာ အတော်ရယ်ရတယ်။

မြန်မာပြည်ထဲ ရှိနေတာနဲ့ တော်လှန်ရေးအတွက် ဘာမှမလုပ်ဘဲ ထိုင်ဆဲနေရုံနဲ့ ကိုယ့်ကိုယ်ကိုယ် စောက်ဖိုးတန်လှပြီ ထင်နေရင် Lee ပဲ။ ငါလည်း နင်တို့လို အိမ်မှာနေခွင့်ရနေရင် မြန်မာပြည်ထဲက ကုတ်နဲ့ကော်ထုတ်တောင် မထွက်ဘူးကွ။ နားလည်လား။

ငါဒုက္ခရောက်နေချိန် နင်တို့ ကူညီပေးဖူးလား။ ငါဒုက္ခရောက်နေချိန် နင်တို့ စာနာစကားတစ်ခွန်းတောင် ပြောပေးခဲ့ဖူးလား။ ငါဆုံးရှုံးခဲ့ရသမျှ တစ်ပြားဖိုးတောင် ကိုယ်ချင်းစာပေးခဲ့ဖူးလား။ အဲ့အချိန်ကတည်းက နင်တို့ ဆဲမကောင်းလို့ မျိုသိပ်ထားသမျှ အခု ငါမသေတော့ဘူးဆိုမှ အောင့်လုံးတွေ ထွက်လာတယ်ဆိုတာ ဝန်ခံစမ်းပါ။

အသက်မသေတာနဲ့ ဘဝရှိတယ် ထင်မနေနဲ့။ ငါက ငါ့ကိုယ်ငါ သေပြီးသားလိုပဲ ရှင်သန်နေရတာ။ မအေLoe မင်းအောင်လှိုင် သေတာ မြင်ရမှ ရပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်ရှင်နေတာ။ ငါက ပြည်ပဆိုတာ အလည်သွားဖို့အပြင် တစ်ခါလေးမှတောင် မတွေးဖူးခဲ့တဲ့ကောင်။ အလည်သွားချင်တဲ့နိုင်ငံထဲတောင် US မပါဖူးဘူး။ US ဆိုတိုင်း နတ်ပြည်မဟုတ်ဘူး ကိုယ်မေကိုယ်ဘုလေးတွေရဲ့။ သေချင်စရာ သိပ်ကောင်းတဲ့ နိုင်ငံမျိုး။ ငါအခုအချိန်ထိ တစ်ရက်မှ မပျော်မိတာ။

ငါ ဒီမြေကို ခြေချကတည်းက တစ်ရက်လေးမှ ညဘက် အိပ်ရေးဝဝ မအိပ်ရဘူး။ နေ့နဲ့ည တိတိပပ လွဲနေတဲ့ အချိန်နာရီကြား မြန်မာပြည်အချိန်အတိုင်း ငါနေတာ။ ဒါမှ ငါဒီအလုပ်တွေ လုပ်နိုင်မှာမို့။ နင်တို့ တစ်လလောက်ပဲ ညမအိပ်ဘဲ နေကြည့်စမ်းပါ။ ဘယ်လောက် ဂေါက်နိုင်လဲ သိလာလိမ့်မယ်။

March လလယ် CDM တိုက်ပွဲကတည်းက CDM တွေကို ကူလာတာကစပြီး အခု PDF တွေအထိ ငါတစ်ရက်မှ မရပ်တန့်ခဲ့ဘူး။ Feb1,2,3 အိမ်ထဲမှာ ပိတ်မိနေတဲ့အချိန်ကစပြီး Feb 3 ရက်နေ့ညကတည်းက ဒီနေ့ထိ ငါ တစ်ရက်လေးတောင်မှ မနားခဲ့ဘူး။

သတင်းတိုက်ပွဲ၊ Psychological Warfare ငါ့အကောင့် Follower သုံးသန်းနဲ့ Blue Mark အကောင့်ကို ဖဘက သိမ်းသွားတဲ့အထိပဲ။ သိမ်းခံရလို့လည်း ငါရပ်မသွားဘူး။ လေထဲက တိုက်နေတယ် မဖြစ်အောင်လို့ ငါတတ်နိုင်ရာနေရာက ကူလာတာ သိန်းပေါင်းများစွာ၊ အဖွဲ့ပေါင်းများစွာ။ လက်နက်ကိုင်တိုက်မှ တော်လှန်ရေး မဟုတ်ဘူး။ လက်နက်ကိုင်တိုက်သူတွေကို ငါ့လိုနေရာက ပိုကူနိုင်လို့ ဒါကိုဇောက်ချလုပ်နေတာ ငါ့အပြစ်လား။

အာဏာသိမ်းထားတာ မင်းအောင်လှိုင်လား၊ ငါလား။ ပြည်သူတွေကို သတ်တာ မင်းအောင်လှိုင်လား၊ ငါလား။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာ မင်းအောင်လှိုင်လား၊ ငါလား။ ဘာလို့ နင်တို့က မင်းအောင်လှိုင်ထက် ငါ့ကို အပြစ်တင်နေတာလဲ။

ငါ့မှာ လူသိများမှု တစ်ခုပဲ ရှိတယ်။ အဲ့ဒီ့လူသိများမှုနဲ့ ငါ့မှာ နင်တို့လုပ်နိုင်တာထက် ပိုထိရောက်အောင် လုပ်နိုင်တာ ရှိတယ်။ ဒါကရော အပြစ်လား။ အဲ့ဒီ့လူသိများမှုအတွက် အကျိုးကျေးဇူးတွေ ရှိခဲ့တယ်ဆိုရင်တောင် ငါပြန်စွန့်လွှတ်ခဲ့ရပြီးသား။ ငါသာ အပါးအနပ်ကြီးခဲ့ရင် ထွက်ပြေးနေရစဉ်ကတည်းက လုံခြုံရေးအကြောင်းပြပြီး ရှောင်ထွက် ငြိမ်သက်သွားလို့ ရတယ်။ အမေရိကန်လို ပြည်နယ်၅၀ ကျော်ရှိတဲ့ နိုင်ငံအကျယ်ကြီးမှာ ငါရောက်လို့ရောက်နေမှန်း မသိအောင် နေလို့ရတယ်။ ရှင်းလား။

ငါက မြန်မာပြည်သူတွေအပေါ် ဘာတွေများ ကျူးလွန်မှားယွင်းမိတာ ရှိခဲ့လို့လဲ။ ဘယ်သူ့ဘဝတွေ ငါ့ကြောင့် ပျက်ခဲ့တာ ရှိခဲ့လဲ။ လက်ရှိ ငါလုပ်နေတာတွေ မှန်သမျှ ငါ့နိုင်ငံ၊ ငါတို့လို ဒုက္ခရောက်နေမယ့် ပြည်သူတွေဆိုတဲ့ စိတ်သီးသန့်ပဲ။ အဆဲခံ အပြောခံ အနိမ့်ကျဆုံး တိုက်ခိုက်ခံရတိုင်း ရပ်တန့်ဖို့ တွေးမိတိုင်း ငါပြန်မြင်မိတာက ငါတို့လူငယ်တွေပဲ။

လူငယ်တွေဆိုတိုင်း အိမ်ထဲကအိမ်ပြင်မထွက် ငါ့ပဲလာဆဲနေတဲ့ နင်တို့လို စောက်ပေါလေးတွေနဲ့ တန်ဖိုးမတူဘူး နွားတွေရဲ့။ ပြည်တွင်းမှာရှိပြီး စောက်သက်ငယ်နေတာနဲ့ တော်လှန်နေတဲ့ GenZ ယောင်ယောင် လိုက်ဆဲနေတဲ့ ဖူးသစ်စGen Leeကောင်တွေအတွက် ငါက ငါလက်လှမ်းမှီသမျှ ကူညီနေတဲ့ တော်လှန်ရေးGenZ တွေကို ဥပက္ခာပြုဖို့ မတန်လို့ ဆက်လုပ်နေရတာ နွားတွေရဲ့။ ငါက ပန်ဆယ်လိုကို ဆက်ဖြစ်ချင်စိတ် ရှိမနေတော့တာ။

အမေရိကန်ရောက်လာတာ ပန်ဆယ်လို တစ်ယောက်တည်း မဟုတ်ဘူး။ အမေရိကန်ရောက်လို့ဆိုပြီး တိုက်ခိုက်ခံရတဲ့သူတွေက ဆက်အသံထွက်၊ ဆက်လှုပ်ရှားနေတဲ့သူတွေ။ အာဏာသိမ်းကတည်းက ဘယ်နေရာမှ မပါဘဲ နယ်စပ်ပြေးပြီး အမေရိကန်ရောက်လာတဲ့ နင်တို့ နာမည်တောင် မကြားဖူးသူတွေ တစ်ပုံကြီးဟ။

နယ်စပ်မှာ စောင့်နေကြတဲ့ တကယ်လှုပ်ရှားလို့ ဘဝပျက်ခဲ့ရတဲ့ ဆယ်လီတွေ နင်တို့ တိုက်ခိုက်မှုကို ဘယ်လောက်ကြိုတွေးကြောက်နေရလဲ နားလည်လား။ နင်တို့ နားမလည်ပါဘူး။ နင်တို့က နာမည်မကြီးဖူးဘူး။ နင်တို့ ဘဝမပျက်ဖူးဘူး။ နင်တို့က တိုက်ပဲ တိုက်ခိုက်ဖူးတာ။ အတိုက်ခိုက် မခံဖူးဘူး။ အတိုက်ခိုက်ခံရတဲ့ ခံစားချက်ကို နားမလည်ဘူး။ နာမည်ကြီးလို့ ဘဝပျက်နေချိန် အတိုက်ခိုက်ခံရတဲ့ ခံစားချက်ကို ပိုတောင် နားမလည်သေးတယ်။ မိသားစုလိုက်ကြီး ဘဝပျက်ရတဲ့၊ ကိုယ့်ကြောင့်ဖြစ်ရတယ်ဆိုတဲ့ Guilty ဖြစ်မှုမျိုးကို နင်တို့ ဆဲရုံသက်သက်ကောင်တွေ အိပ်မက်တောင် မက်ဖူးမှာ မဟုတ်ဘူး။

ဒါတွေချရေးမိရင် ပေးဆပ်ရပါတယ် အော်နေတယ်တို့၊ အမေရိကန်ကနေ ငိုပြတယ်တို့၊ ကြွားလုံးထူတယ်တို့ စောက်ပြစ်ကို Versionသစ်နဲ့ ပြောမှာလည်း သိတယ်။ မပြောရင်မသိလွန်းလို့၊ လွန်လွန်းလာလို့၊ နင်တို့လိုစောက်ပေါလေးတွေ မတန်မရာစော်ကားသမျှ ငြိမ်ပေးနေရတာကို ရွံလွန်းလို့။

တော်လှန်ရေးမှာ ကိုယ်တတ်နိုင်သလောက်လုပ်။ ဘယ်သူ့ကိုမှ ဘယ်လောက်ပဲလုပ်လို့လို့ အပြစ်မတင်သလို ငါကဘယ်လိုကြီးလုပ်နေတာဆိုတာလည်း မပြောချင်ဘူး။ မပြောတော့ စောက်ရမ်းခေါင်းပေါ်ချီးတက်ပါလို့ တန်ရာ ပြောပေးရတာ။ ငါမတရားရွံနေပြီ။

အမေရိကန်ဆိုပြီး စောက်ရမ်းစောက်ထင်ကြီးရာက စကြတဲ့ဇာတ်လမ်း။ ဘုရားစူးရပါစေ့ဟယ်။ တကယ်ကို အရာရာခက်ခဲတဲ့ တိုင်းပြည်ပါ။ ငါ့မှာ မိုးလင်းမိုးချုပ် အိမ်ပြန်ချင်တယ်ချည်း အော်ငိုချင်နေတာပါ။ နင်တို့ရဲ့ ပြည်တွင်းမှာ နေခွင့်ရနေတဲ့ဘဝနဲ့ ဒီအမေရိကန်ကဘဝကို အလိုက်ပေး လဲချင်နေတာပါ။ ငါ့သမီးရဲ့ ရန်ကုန်အိမ်ပြန်မယ်ဆိုတဲ့ ငိုသံမျိုး နင်တို့ သားသမီးသာဆို နားထောင်ရက်လား။ ဒီအိမ်မဟုတ်ဘူး၊ မီးမီးအိမ်လေ၊ ကုတင်ပန်းရောင်လေးရှိတဲ့အိမ်လေ၊ ကားအနီလေးလည်း ကျန်ခဲ့တယ်လေဆိုတဲ့ မပီကလာပီကလာ စကားတွေကို ငါဘယ်လိုနှလုံးသားနဲ့ နားထောင်ရလဲ နင်တို့ ဘယ်နားလည်မလဲ။

ငါကူနိုင်တာ ငါလုပ်နိုင်တာထက်ပိုပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားကုန်ထုတ်လုပ်နေတာပါ။ တော်သင့်ပြီ လုံလောက်နေပြီ တန်ရဲ့လားလို့ တွေးမိလာတိုင်း မြောင်းထဲကငါးတောင် ဖမ်းစားနေရအောင် ငတ်နေပါပြီဆိုတာတွေ၊ ဘာတွေလိုတယ် ညာတွေလိုတယ်၊ ဘာမရှိလို့ ညာမရှိလို့ဆိုတာတွေကို ငါမခံစားနိုင်လို့ ဆက်မိုက်နေရတာ။

စစ်အာဏာရှင်စနစ် ကျဆုံးရမည်ဆိုတဲ့ စိတ်ဓါတ်အပြည့်နဲ့ တော်လှန်နေကြတဲ့သူတွေ အများကြီးရှိတဲ့ နိုင်ငံမို့သာ။ နင်တို့လို ဖေ့စ်ဘုတ်ပေါ်ကနေ လိုက်ဆဲနေရုံနဲ့ ဒီမိုကရေစီရမယ်ထင်နေတဲ့ Gen Lee စောက်ပေါ၊ စောက်ဂျေတွေချည်းဆို သေးတောင် လှည့်မပန်းဘူး။
နားလည်လား။

ပန်ဆယ်လို

Be the first to comment

Leave a comment

Your email address will not be published.


*