နာမည်မကျော် လူသိလည်း မများသေးတဲ့ မန္တလေး ဦးပိန်တံထားထက် (၇၅) နှစ်ပိုစောတဲ့ “မအူတံတား” အကြောင်း

မန္တလေးက ဦးပိန်တံထားထက် (၇၅) နှစ်ပိုစောတဲ့ “မအူတံတား”ရုတ်တရက်ကြည့်လိုက်ရင် ဦးပိန်တံတားနဲ့ သိပ်တူတယ်။

ဒါပေမယ့် ဦးပိန်တံတားလို နာမည်မကြီးသလို လူသိလည်း မများပါဘူး။ မှတ်တမ်းတွေအရ ဦးပိန်တံတားထက် (၇၅) နှစ်ခန့်ပိုစောပြီး ရှေးဟောင်းပိုကျတယ်လို့ ဆိုရပါမယ်။

တံတားနာမည်လေးက “မအူတံတား” တဲ့။ မအူတံတားကို “ရေစကြိုမြို့” အနောက်မြောက်ဘက် ငါးမိုင်ခန့်အကွာမှာ တည်ရှိပြီး “မအူအလယ်ရွာနဲ့ မအူငယ်ရွာ”ကြား အင်းကိုဖြတ်ပြီး တည်ဆောက်ထားတာပါ။

မအူငယ်ရွာကိုတော့ ရှေးက “ရန်အောင်မြေတောင်ရွာ” လို့ခေါ်ခဲ့ပါတယ်။ “ဆင်ဖြူရှင်မင်း” လက်ထက် မြန်မာသက္ကရာဇ် (၁၁၂၅ – ၁၁၃၈) ခုနှစ်မှာ ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။

“ဆင်ဖြူရှင်မင်း” မြန်မာသက္ကရာဇ် (၁၀၉၈ – ၁၁၃၈) မှာ ချင်းတွင်းမြစ်တစ်လျှောက် ဘုရားပုထိုးတွေကို လှည့်လည်ဖူးမျှော်ခဲ့ပါတယ်။ အဲ့ဒီအခါ ရန်အောင်မြေမြောက်ရွာမှာ တည်ထားတဲ့ ရန်အောင်မြေဘုရားကို ဖူးမျှော်ဖို့ ယာယီတဲနန်းဆောက်ပြီး (၄၉)ရက်ကြာ စံမြန်းခဲ့ပါတယ်။

ဒါကြောင့် အနီးအနားက ရွာသူ ၊ ရွာသားတွေက ဆင်ဖြူရှင်မင်းကို ဖူးမျှော်ဖို့ လာရောက်ကြပါတယ်။ဘုရင်ကို လာရောက် ဖူးးမျှော်သူတွေထဲမှာ ရန်အောင်မြေတောင်ရွာက တောင်သူဦးမှော်ရဲ့သမီး အလွန်ချောမောလှပတဲ့ အသက်(၁၆)နှစ်အရွယ် “မဥ”လည်းပါလာပါတယ် ။

“ဆင်ဖြူရှင်မင်း” ဟာ “မဥ” ကို စိတ် ဝင်စားသွားမိရာမှ မိဖုရားအဖြစ် သိမ်းပိုက်လိုက်ပါတော့တယ်။ မိဖုရား “မဥ” ကို ချစ်မြတ်နိုးလှတာကြောင့် ရန်အောင်မြင်တောင်ရွာ ၊ ရန်အောင်မြေမြောက်ရွာ ၊ ရွှေဘုံသာတောင်ရွာ နဲ့ ရွှေဘုံသာမြောက်ရွာတွေကို အပိုင်စား ပေးသနားခဲ့ပါတယ်။

အဲ့ဒီအချိန်ှက အစပြုပြီး “ရွှေဘုံသာတောင်ရွာ” ကို “မဥတောင်ရွာ”လို့ ခေါ်ခဲ့ရာမက နှစ်တွေကြာလာတော့ “မအူတောင်ရွာ” လို့ခေါ်လာကြပါတယ်။ “ရွှေဘုံသာမြောက်ရွာ” ကိုလည်း “မဥအလယ်ရွာ” ၊ နှစ်တွေကြာလာတော့ “မအူအလယ်ရွာ” လို့ ယနေ့တိုင်ခေါ်ဝေါ်နေကြပါတယ်။

“ရန်အောင်မြေမြောက်ရွာ” ကို “မဥမြောက်ရွာ” ဟုခေါ်ဝေါ်ခဲ့ရာမှ ယခုအခါ “မအူအောက်ဆိပ်ရွာ”၊ “ရန်အောင်မြေ တောင်ရွာ”ကိုလည်း “မဥငယ်ရွာ” ဟု ခေါ်ခဲ့ကြရာမှ နောက်ပိုင်း ‘မအူငယ်ရွာ’ ဟုပြောင်းလဲခေါ်ခဲ့ကြပါတယ်။

ထိုရွာလေးကို ခြုံငုံပြီး “မဥလေးရွာ” လို့ခေါ်ခဲ့ရာက နှစ်ကာလကြာမြင့်လာတဲ့ အခါမှာတော့ “မအူလေးရွာ”လို့ ပြောင်းလဲ ခေါ်ခဲ့ကြပါတယ်။နောက် ထပ် ဆင်ဖြူရှင်ဘုရင်ကြီးက သူ့အချစ်တွေကို သက်သေထူဖို့အတွက် မဥလေးကို “လိုရာဆုကို တောင်းစေ” လို့ ဆိုလာပြန်ပါတယ်။

မိဖုရားမဥက ရန်အောင်မြေရွာနဲ့ ရွှေဘုံသာရွာကြားမှာ အင်းကြီး တစ်ခုရှိတဲ့အတွက် ရွာသူ ၊ ရွာသားတွေ သွားရေးလာရေး နဲ့ ရောင်းဝယ်နိုင်ဖို့အတွက် တံတားတစ်ခု လိုအပ်တယ်လို့ လျှောက်တင်လိုက်ပါတော့တယ်။

မဥလေး လျှောက်တင်လိုက်တာနဲ့ ဘုရင်ကြီးဟာ တံတားကြီးကို တစ်နေ့တည်းနဲ့ အပြီးဆောက်ရမယ်လို့ မိန့်တော်မူခဲ့ပါတယ်။တံတားရဲ့အမြင့်ကတော့ (၇)ပေ ခန့်ရှိပြီး တိုင်ပေါင်း (၃၄၄)တိုင်နဲ့ အရှည်ပေ (၂၀၀၀)ရှိပါတယ်။

အခန်းပေါင်း (၁၇၄)ခန်းရှိပြီး အဲ့ဒီခေတ်ကာလက တံတားကြီးရဲ့ တန်ဖိုးက (၅၄၇၅၅) ငွေဒင်္ဂါး ကုန်ကျခဲ့ပါတယ်။ တံတားအမည်ကိုလည်း “မိဖုရား မဥတံတား” လို့ အမည်ပေးခဲ့ပြီး ကာလများစွာ လွန်ခဲ့တဲ့အခါ “မအူတံတား” ရယ်လို့ ခုချိန်ထိတိုင်အောင် အမည်တွင်နေခဲ့ပါတော့တယ်။

မှတ်ချက်။ ။ အခေါ်တွေကတော့ {မဥ တံတား}လား.. {မအူ တံတား}လားတော့အတိအကျ မသိပါ…

မူရင်းရေးသားသူအား လေးစားလျှက်…။

———–

မႏၲေလးက ဦးပိန္တံထားထက္ (၇၅) ႏွစ္ပိုေစာတဲ့ “မအူတံတား”႐ုတ္တရက္ၾကည့္လိုက္ရင္ ဦးပိန္တံတားနဲ႔ သိပ္တူတယ္။

ဒါေပမယ့္ ဦးပိန္တံတားလို နာမည္မႀကီးသလို လူသိလည္း မမ်ားပါဘူး။ မွတ္တမ္းေတြအရ ဦးပိန္တံတားထက္ (၇၅) ႏွစ္ခန႔္ပိုေစာၿပီး ေရွးေဟာင္းပိုက်တယ္လို႔ ဆိုရပါမယ္။

တံတားနာမည္ေလးက “မအူတံတား” တဲ့။ မအူတံတားကို “ေရစႀကိဳၿမိဳ႕” အေနာက္ေျမာက္ဘက္ ငါးမိုင္ခန႔္အကြာမွာ တည္ရွိၿပီး “မအူအလယ္႐ြာနဲ႔ မအူငယ္႐ြာ”ၾကား အင္းကိုျဖတ္ၿပီး တည္ေဆာက္ထားတာပါ။

မအူငယ္႐ြာကိုေတာ့ ေရွးက “ရန္ေအာင္ေျမေတာင္႐ြာ” လို႔ေခၚခဲ့ပါတယ္။ “ဆင္ျဖဴရွင္မင္း” လက္ထက္ ျမန္မာသကၠရာဇ္ (၁၁၂၅ – ၁၁၃၈) ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တာလို႔ သိရပါတယ္။

“ဆင္ျဖဴရွင္မင္း” ျမန္မာသကၠရာဇ္ (၁၀၉၈ – ၁၁၃၈) မွာ ခ်င္းတြင္းျမစ္တစ္ေလွ်ာက္ ဘုရားပုထိုးေတြကို လွည့္လည္ဖူးေမွ်ာ္ခဲ့ပါတယ္။ အဲ့ဒီအခါ ရန္ေအာင္ေျမေျမာက္႐ြာမွာ တည္ထားတဲ့ ရန္ေအာင္ေျမဘုရားကို ဖူးေမွ်ာ္ဖို႔ ယာယီတဲနန္းေဆာက္ၿပီး (၄၉)ရက္ၾကာ စံျမန္းခဲ့ပါတယ္။

ဒါေၾကာင့္ အနီးအနားက ႐ြာသူ ၊ ႐ြာသားေတြက ဆင္ျဖဴရွင္မင္းကို ဖူးေမွ်ာ္ဖို႔ လာေရာက္ၾကပါတယ္။ဘုရင္ကို လာေရာက္ ဖူးးေမွ်ာ္သူေတြထဲမွာ ရန္ေအာင္ေျမေတာင္႐ြာက ေတာင္သူဦးေမွာ္ရဲ႕သမီး အလြန္ေခ်ာေမာလွပတဲ့ အသက္(၁၆)ႏွစ္အ႐ြယ္ “မဥ”လည္းပါလာပါတယ္ ။

“ဆင္ျဖဴရွင္မင္း” ဟာ “မဥ” ကို စိတ္ ဝင္စားသြားမိရာမွ မိဖုရားအျဖစ္ သိမ္းပိုက္လိုက္ပါေတာ့တယ္။ မိဖုရား “မဥ” ကို ခ်စ္ျမတ္ႏိုးလွတာေၾကာင့္ ရန္ေအာင္ျမင္ေတာင္႐ြာ ၊ ရန္ေအာင္ေျမေျမာက္႐ြာ ၊ ေ႐ႊဘုံသာေတာင္႐ြာ နဲ႔ ေ႐ႊဘုံသာေျမာက္႐ြာေတြကို အပိုင္စား ေပးသနားခဲ့ပါတယ္။

အဲ့ဒီအခ်ိႏ္ွက အစျပဳၿပီး “ေ႐ႊဘုံသာေတာင္႐ြာ” ကို “မဥေတာင္႐ြာ”လို႔ ေခၚခဲ့ရာမက ႏွစ္ေတြၾကာလာေတာ့ “မအူေတာင္႐ြာ” လို႔ေခၚလာၾကပါတယ္။ “ေ႐ႊဘုံသာေျမာက္႐ြာ” ကိုလည္း “မဥအလယ္႐ြာ” ၊ ႏွစ္ေတြၾကာလာေတာ့ “မအူအလယ္႐ြာ” လို႔ ယေန႔တိုင္ေခၚေဝၚေနၾကပါတယ္။

“ရန္ေအာင္ေျမေျမာက္႐ြာ” ကို “မဥေျမာက္႐ြာ” ဟုေခၚေဝၚခဲ့ရာမွ ယခုအခါ “မအူေအာက္ဆိပ္႐ြာ”၊ “ရန္ေအာင္ေျမ ေတာင္႐ြာ”ကိုလည္း “မဥငယ္႐ြာ” ဟု ေခၚခဲ့ၾကရာမွ ေနာက္ပိုင္း ‘မအူငယ္႐ြာ’ ဟုေျပာင္းလဲေခၚခဲ့ၾကပါတယ္။

ထို႐ြာေလးကို ၿခဳံငုံၿပီး “မဥေလး႐ြာ” လို႔ေခၚခဲ့ရာက ႏွစ္ကာလၾကာျမင့္လာတဲ့ အခါမွာေတာ့ “မအူေလး႐ြာ”လို႔ ေျပာင္းလဲ ေခၚခဲ့ၾကပါတယ္။ေနာက္ ထပ္ ဆင္ျဖဴရွင္ဘုရင္ႀကီးက သူ႔အခ်စ္ေတြကို သက္ေသထူဖို႔အတြက္ မဥေလးကို “လိုရာဆုကို ေတာင္းေစ” လို႔ ဆိုလာျပန္ပါတယ္။

မိဖုရားမဥက ရန္ေအာင္ေျမ႐ြာနဲ႔ ေ႐ႊဘုံသာ႐ြာၾကားမွာ အင္းႀကီး တစ္ခုရွိတဲ့အတြက္ ႐ြာသူ ၊ ႐ြာသားေတြ သြားေရးလာေရး နဲ႔ ေရာင္းဝယ္ႏိုင္ဖို႔အတြက္ တံတားတစ္ခု လိုအပ္တယ္လို႔ ေလွ်ာက္တင္လိုက္ပါေတာ့တယ္။

မဥေလး ေလွ်ာက္တင္လိုက္တာနဲ႔ ဘုရင္ႀကီးဟာ တံတားႀကီးကို တစ္ေန႔တည္းနဲ႔ အၿပီးေဆာက္ရမယ္လို႔ မိန႔္ေတာ္မူခဲ့ပါတယ္။တံတားရဲ႕အျမင့္ကေတာ့ (၇)ေပ ခန႔္ရွိၿပီး တိုင္ေပါင္း (၃၄၄)တိုင္နဲ႔ အရွည္ေပ (၂၀၀၀)ရွိပါတယ္။

အခန္းေပါင္း (၁၇၄)ခန္းရွိၿပီး အဲ့ဒီေခတ္ကာလက တံတားႀကီးရဲ႕ တန္ဖိုးက (၅၄၇၅၅) ေငြဒဂၤါး ကုန္က်ခဲ့ပါတယ္။ တံတားအမည္ကိုလည္း “မိဖုရား မဥတံတား” လို႔ အမည္ေပးခဲ့ၿပီး ကာလမ်ားစြာ လြန္ခဲ့တဲ့အခါ “မအူတံတား” ရယ္လို႔ ခုခ်ိန္ထိတိုင္ေအာင္ အမည္တြင္ေနခဲ့ပါေတာ့တယ္။

မွတ္ခ်က္။ ။ အေခၚေတြကေတာ့ {မဥ တံတား}လား.. {မအူ တံတား}လားေတာ့အတိအက် မသိပါ…

မူရင္းေရးသားသူအား ေလးစားလွ်က္…။

Be the first to comment

Leave a comment

Your email address will not be published.


*