တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တိုင်ဖွန်းမွှေသဖြင့် လူ ၃ သိန်းကျော် အိုးအိမ်စွန့်ခွာရ

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တိုင်ဖွန်းမွှေသဖြင့် လူ ၃ သိန်းကျော် အိုးအိမ်စွန့်ခွာရ

တိုင်ဖွန်း ချန်သူး(Chanthu) ရှန်ဟိုင်းသို့ဝင်ရောက်တိုက်ခတ်သဖြင့် ဒေသခံပြည်သူ သုံးသိန်းသုံးသောင်းခန့်(၃၃၀၀၀၀)တို့သည် မိမိတို့ နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရသည်။

ယင်းမုန်တိုင်းသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ၁၄ လုံးမြောက် ဝင်ရောက်သော မုန်တိုင်းဖြစ်သည်။

ချန်သူးမုန်တိုင်းသည် စက်တင်ဘာ ၁၅ ရက်အထိ ရှန်ဟိုင်းမြို့ အရှေ့ဖက် ကီလိုမီတာ ၁၀၀ နှင့် ၂၀၀ အကြား အနီးတဝိုက်တွင် ရှိနေဦးမည်ဖြစ်ပြီး၊

စက်တင်ဘာ ၁၆ ရက်တွင်မူ အင်အားပျော့က အရှေ့ဖက်အရပ်သို့ ရွေ့လျားထွက်ခွာသွားမည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားကြသည်။

ရှန်ဟိုင်းတွင် စက်တင်ဘာ ၁၃ရက် ညပိုင်းမှ စတင်၍ မိုးသက်လေပြင်းများကျရောက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်အထိကာလအတွင်း မိုးရေချိန် ၂၅ စင်တီမီတာ အထိ ရွာသွန်းနိုင်သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် အဝေးပြေးယာဉ် အစီး ၁၅၀ အား ယာယီရပ်ဆိုင်းလိုက်သလို၊ သင်္ဘောနှင့် ရထားပို့ဆောင်ရေးအချို့ကိုလည်း ယာယီဆိုင်းငံ့ထားကာ၊ ကမ္ဘာလှည့်ခရီးသွားနေရာဌာန ၁၁၂ ခုကိုလည်း ယာယီပိတ်ထားကြောင်းသိရသည်။

ကိုးကား
Nearly 330,000 evacuated as Shanghai braces for typhoon

———–

တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းတြင္ တိုင္ဖြန္းေမႊသျဖင့္ လူ ၃ သိန္းေက်ာ္ အိုးအိမ္စြန႔္ခြာရ

တိုင္ဖြန္း ခ်န္သူး(Chanthu) ရွန္ဟိုင္းသို႔ဝင္ေရာက္တိုက္ခတ္သျဖင့္ ေဒသခံျပည္သူ သုံးသိန္းသုံးေသာင္းခန႔္(၃၃၀၀၀၀)တို႔သည္ မိမိတို႔ ေနအိမ္မ်ားကို စြန႔္ခြာ၍ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေနထိုင္ၾကရသည္။

ယင္းမုန္တိုင္းသည္ ယခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံသို႔ ၁၄ လုံးေျမာက္ ဝင္ေရာက္ေသာ မုန္တိုင္းျဖစ္သည္။

ခ်န္သူးမုန္တိုင္းသည္ စက္တင္ဘာ ၁၅ ရက္အထိ ရွန္ဟိုင္းၿမိဳ႕ အေရွ႕ဖက္ ကီလိုမီတာ ၁၀၀ ႏွင့္ ၂၀၀ အၾကား အနီးတဝိုက္တြင္ ရွိေနဦးမည္ျဖစ္ၿပီး၊

စက္တင္ဘာ ၁၆ ရက္တြင္မူ အင္အားေပ်ာ့က အေရွ႕ဖက္အရပ္သို႔ ေ႐ြ႕လ်ားထြက္ခြာသြားမည္ဟု မိုးေလဝသဌာနမ်ားက ခန႔္မွန္းထားၾကသည္။

ရွန္ဟိုင္းတြင္ စက္တင္ဘာ ၁၃ရက္ ညပိုင္းမွ စတင္၍ မိုးသက္ေလျပင္းမ်ားက်ေရာက္ခဲ့ရာ စက္တင္ဘာ ၁၅ ရက္အထိကာလအတြင္း မိုးေရခ်ိန္ ၂၅ စင္တီမီတာ အထိ ႐ြာသြန္းႏိုင္သည္။

မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ အေဝးေျပးယာဥ္ အစီး ၁၅၀ အား ယာယီရပ္ဆိုင္းလိုက္သလို၊ သေဘၤာႏွင့္ ရထားပို႔ေဆာင္ေရးအခ်ိဳ႕ကိုလည္း ယာယီဆိုင္းငံ့ထားကာ၊ ကမာၻလွည့္ခရီးသြားေနရာဌာန ၁၁၂ ခုကိုလည္း ယာယီပိတ္ထားေၾကာင္းသိရသည္။

ကိုးကား
Nearly 330,000 evacuated as Shanghai braces for typhoon

Be the first to comment

Leave a comment

Your email address will not be published.


*