နာမည်ကျော်ဗေဒင်ဆရာတစ်ဦးဖြစ်တဲ့ ဆရာဇင်ယော်နီ သတင်းပေး သူလျိုလက်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရ

အာဏာသိမ်းမှုဖြစ်စဉ်စတင်ကတည်းက ပြည်သူ့ဖက်ကရပ်တည်ခဲ့တဲ့ ဆရာဇင်ယော်နီဟာ ယနေ့သြဂုတ်လ (၁၅) ရက်နေ့မှာဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်း ဗေဒင်အသိုင်းအဝိုင်းရဲ့ ပြောပြချက်အရသိရှိရပါတယ်။

အာဏာရှင်အားပေးဖြစ်ကြောင်း ဝိုင်းဝန်းစွပ်စွဲခဲ့ကြသလို ” ပြည်သူ့ဖက်ကရပ်တည်တာမှန်ကန်တယ်ဆိုရင် အခုချိန်ထိ ဘာကြောင့် အဖမ်းမခံရသေးတာလဲ ” ဆိုတဲ့ဝေဖန်ချက်တွေဟာ တစ်ဖက်လူအတွက်တော့ အတော်လေးထိခိုက်ရလွန်းပါတယ်။

အန္တရာယ်ကိုကြိုမြင်တာကြောင့် ဘေးလွတ်ရာကိုရှောင်တိမ်းနေ ခဲ့ပေမယ့် သတင်းပေးသူကြောင့် လက်ရှိမှာတော့ဖမ်းဆီးခံလိုက်ရပါပြီ။

အာဏာမသိမ်းခင်ကတည်းက (၂၀၂၁) ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့အရေးကို အတိအကျ ဟောပြောခဲ့တဲ့ ဆရာလင်းညို့တာရာဖမ်းဆီးခံရခြင်း (၇) လနဲ့ (၁) ရက်ပြည့်တဲ့နေ့မှာပဲ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။

တတ်သိနားလည်တဲ့ လောကီပညာရှင်နှစ်ဦး အခုလိုအချုပ်အနှောင်ခံရတာ တကယ်ကိုစိတ်မကောင်းဖြစ်မိ ကြောင်း ပြည်သူတွေက ဝိုင်းဝန်းပြီးမှတ်ချက်ရေးသားခဲ့ကြပါတယ်။

ပြည်သူ့ကောင်းကျိုးအတွက် အမြဲလိုလို ယတြာလေးတွေရေးသားပေးခဲ့ကြသူတွေမို့ အချုပ်အနှောင်တွေကနေလည်း အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းပေးနေခဲ့ကြပါတယ်။

ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကြောင့် ခင်မင်ရသူတွေကဖုန်းတွေဝိုင်းဆက်ကြပေမယ့် လက်ရှိမှာတော့လုံးဝဆက်သွယ်လို့မရတော့ဘဲ တကယ်ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း ခင်မင်ရသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

ပြည်သူတွေအတွက်ကောင်းကျိုးပြုနေတဲ့ ပညာရှင်တစ်ယောက် အန္တရာယ်ကြီးကြီးမားမားမကျရောက်ဘဲ ဘေးကင်းပြီး အဆင်ပြေပြေရှိနေစေဖို့ ဝိုင်းပြီးမေတ္တာပို့ပေးကြတဲ့ မှတ်ချက်တွေလည်း အများအပြားပါပဲ။

သတင်းအရင်းမြစ်: Rightful Owner

———

အာဏာသိမ္းမႈျဖစ္စဥ္စတင္ကတည္းက ျပည္သူ႔ဖက္ကရပ္တည္ခဲ့တဲ့ ဆရာဇင္ေယာ္နီဟာ ယေန႔ၾသဂုတ္လ (၁၅) ရက္ေန႔မွာဖမ္းဆီးခံလိုက္ရၿပီျဖစ္ေၾကာင္း ေဗဒင္အသိုင္းအဝိုင္းရဲ႕ ေျပာျပခ်က္အရသိရွိရပါတယ္။

အာဏာရွင္အားေပးျဖစ္ေၾကာင္း ဝိုင္းဝန္းစြပ္စြဲခဲ့ၾကသလို ” ျပည္သူ႔ဖက္ကရပ္တည္တာမွန္ကန္တယ္ဆိုရင္ အခုခ်ိန္ထိ ဘာေၾကာင့္ အဖမ္းမခံရေသးတာလဲ ” ဆိုတဲ့ေဝဖန္ခ်က္ေတြဟာ တစ္ဖက္လူအတြက္ေတာ့ အေတာ္ေလးထိခိုက္ရလြန္းပါတယ္။

အႏၲရာယ္ကိုႀကိဳျမင္တာေၾကာင့္ ေဘးလြတ္ရာကိုေရွာင္တိမ္းေန ခဲ့ေပမယ့္ သတင္းေပးသူေၾကာင့္ လက္ရွိမွာေတာ့ဖမ္းဆီးခံလိုက္ရပါၿပီ။

အာဏာမသိမ္းခင္ကတည္းက (၂၀၂၁) ခုႏွစ္အတြက္ ျမန္မာႏိုင္ငံရဲ႕အေရးကို အတိအက် ေဟာေျပာခဲ့တဲ့ ဆရာလင္းညိဳ႕တာရာဖမ္းဆီးခံရျခင္း (၇) လနဲ႔ (၁) ရက္ျပည့္တဲ့ေန႔မွာပဲ ဖမ္းဆီးခံခဲ့ရတာပဲျဖစ္ပါတယ္။

တတ္သိနားလည္တဲ့ ေလာကီပညာရွင္ႏွစ္ဦး အခုလိုအခ်ဳပ္အေႏွာင္ခံရတာ တကယ္ကိုစိတ္မေကာင္းျဖစ္မိ ေၾကာင္း ျပည္သူေတြက ဝိုင္းဝန္းၿပီးမွတ္ခ်က္ေရးသားခဲ့ၾကပါတယ္။

ျပည္သူ႔ေကာင္းက်ိဳးအတြက္ အၿမဲလိုလို ယၾတာေလးေတြေရးသားေပးခဲ့ၾကသူေတြမို႔ အခ်ဳပ္အေႏွာင္ေတြကေနလည္း အျမန္ဆုံး လြတ္ေျမာက္ဖို႔ ဆုေတာင္းေပးေနခဲ့ၾကပါတယ္။

ဖမ္းဆီးခံရတယ္ဆိုတဲ့သတင္းေၾကာင့္ ခင္မင္ရသူေတြကဖုန္းေတြဝိုင္းဆက္ၾကေပမယ့္ လက္ရွိမွာေတာ့လုံးဝဆက္သြယ္လို႔မရေတာ့ဘဲ တကယ္ဖမ္းဆီးခံလိုက္ရတာျဖစ္ေၾကာင္း ခင္မင္ရသူေတြရဲ႕ေျပာျပခ်က္အရသိရပါတယ္။

ျပည္သူေတြအတြက္ေကာင္းက်ိဳးျပဳေနတဲ့ ပညာရွင္တစ္ေယာက္ အႏၲရာယ္ႀကီးႀကီးမားမားမက်ေရာက္ဘဲ ေဘးကင္းၿပီး အဆင္ေျပေျပရွိေနေစဖို႔ ဝိုင္းၿပီးေမတၱာပို႔ေပးၾကတဲ့ မွတ္ခ်က္ေတြလည္း အမ်ားအျပားပါပဲ။

သတင္းအရင္းျမစ္: Rightful Owner

Be the first to comment

Leave a comment

Your email address will not be published.


*