ဓမ္မနဲ့ အဓ္ဓမ ဆိုတဲ့ မတူညီတဲ့လမ်းကိုလျှောက်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်

ဓမ္မနဲ့ အဓ္ဓမ ဆိုတဲ့ မတူညီတဲ့လမ်းကိုလျှောက်နေကြတဲ့သူငယ်ချင်းနှစ်ယောက်

အရင်တုန်းကအိမ်နီးချင်းဖြစ်ခဲ့ကြပြီးကျနော့်အပေါ်မှာလည်း အစ်ကိုတစ်ယောက်လိုလေးစားခဲ့တဲ့ကောင်လေးတစ်ယောက်အခုတော့စကစမှာစစ်ဗိုလ်ကြီးဖြစ်နေခဲ့ပါပြီညီအစ်ကိုအရင်း

တွေလိုနေခဲ့ကြတာပါသူကကျနော်ရေးတင်နေတဲ့ပို့စ်တွေကို ဘယ်လိုဝင်ဖတ်နေသလဲဆိုတာကိုတော့ကျနော်လည်းအသေအချာမသိပါဘူးအာဏာသိမ်းခံရအပြီးတစ်လလောက်

အကြာမှာသူ့အကောင့်ကို blockပစ်ခဲ့တယ်ကျနော်ကိုယ်တိုင်ကလည်း ပြဿနာတစ်ခုကြောင့်အကောင့်ပြောင်းသုံးပြီး ကိုယ်ယောင်ဖျောက်နေခဲ့ရပါတယ်ဒီအကောင့်ကိုကျနော်သုံး

နေမှန်းသူဘယ်ကဘယ်လိုသိသွားခဲ့သလဲဆိုတော့ကျနော့်ရဲ့ ပင်ကိုယ်အရေးအသားတွေကြောင့်ပါလို့သူကပြောပြလာပါတယ်လူတစ်ယောက်နဲ့တစ်ယောက်စာရေးပုံရေးနည်းကွဲပြား

လို့ဖတ်ကြည့်တာနဲ့တန်းသိပါတယ်တဲ့လေထားပါတော့သူကကျနော့်ကိုမေးလာပါတယ်ဖုန်းတော့မဆက်ပါဘူးမက်ဆေ့ပို့ပြီးမေးတာပါစစ်တပ်ကြီးကိုအဲ့လောက်တောင်မုန်းတီးနေတာ

လားတဲ့ပြန်ဖြေပေးလိုက်ပါတယ်ငါမုန်းတာစစ်တပ်ကြီးကိုမဟုတ်ပါဘူးကိုယ့်အတ္တတစ်ခုတည်းကိုရှေ့တန်းတင်ပြီးအာဏာသိမ်းခဲ့ကြတဲ့အာဏာရူးတစ်သိုက်နဲ့အဲ့ဒီ့အာဏာရူးတွေ

ခိုင်းသမျှကိုမှားသလားမှန်သလားဆိုတာမစဥ်းစား/မသုံးသပ်ပဲလုပ်ပေးနေကြတဲ့ကျွန်သဘောက်ကောင်တွေကိုပါလို့သူကဆက်ပြီးမေးပါသေးတယ်အစ်ကိုအရင်ကနိုင်ငံရေးတွေစိတ်

မဝင်စားပါဘူးအခုမှဘယ်လိုဖြစ်ပြီးအန်အယ်ဒိီ

ဘက်တော်သားဖြစ်သွားခဲ့တာလဲတဲ့အရင်ကခင်မင်ခဲ့ဖူးတဲ့သံယောဇဥ်လက်ကျန်လေး နဲ့ကောင်းကောင်းမွန်မွန်ပဲပြန်ဖြေခဲ့

လိုက်ပါတယ်အရင်ကတည်းကဘယ်ပါတီကိုမှထူးထူးခြားခြားကြီးမထောက်ခံခဲ့ဖူးပါဘူးအခုဖြစ်နေတဲ့ကိစ္စကြီးကပါတီစွဲပြဿနာကြီးလည်းမဟုတ်ပါဘူးဒါဟာဓမ္မနဲ့အဓမ္မကြားက

တိုက်ပွဲကြီးတစ်ခုပါလို့နောက်ဆုံးအနေနဲ့သူမေးတာကတော့တကယ်လို့များအစ်ကိုနဲ့ကျနော်တိုက်ပွဲတွေကြားမှာထိပ်တိုက်တွေ့ခဲ့ကြရင်ဘယ်လိုလုပ်ကြမလဲတဲ့အဲ့မေးခွန်ူကိုစဥ်းစားစရာ

မလိုဘဲမဆိုင်းမတွ ပြန်ဖြေပေးလိုက်နိုင်ပါတယ်မင်းလုပ်စရာရှိတာကိုမင်းလုပ်ငါလုပ်စရာရှိတာကိုငါလုပ်မယ်လို့နောင်တစ်ချိန်မှာမင်းဖြစ်ဖြစ်ငါဖြစ်ဖြစ်မသေဘဲကျန်နေခဲ့မယ်ဆိုရင်

တောင်ငါ့အနေနဲ့ကတော့ငါလုပ်ခဲ့တဲ့ အလုပ်အတွက်ငါရပ်တည်ခဲ့တဲ့လမ်းအတွက်ဝမ်းနည်းနေမှာ မဟုတ်သလိုနောင်တရစရာလည်းဘာအ ကြောင်းမှမရှိဘူးဘာလို့လဲဆိုတော့ငါကအမှန်တရားဓမ္မဘက်ကနေရပ်တည်ခဲ့လို့ပါပဲCredit

———– 

ဓမၼနဲ႔ အဓၶမ ဆိုတဲ့ မတူညီတဲ့လမ္းကိုေလွ်ာက္ေနၾကတဲ့သူငယ္ခ်င္းႏွစ္ေယာက္

အရင္တုန္းကအိမ္နီးခ်င္းျဖစ္ခဲ့ၾကၿပီးက်ေနာ့္အေပၚမွာလည္း အစ္ကိုတစ္ေယာက္လိုေလးစားခဲ့တဲ့ေကာင္ေလးတစ္ေယာက္အခုေတာ့စကစမွာစစ္ဗိုလ္ႀကီးျဖစ္ေနခဲ့ပါၿပီညီအစ္ကိုအရင္း

ေတြလိုေနခဲ့ၾကတာပါသူကက်ေနာ္ေရးတင္ေနတဲ့ပို႔စ္ေတြကို ဘယ္လိုဝင္ဖတ္ေနသလဲဆိုတာကိုေတာ့က်ေနာ္လည္းအေသအခ်ာမသိပါဘူးအာဏာသိမ္းခံရအၿပီးတစ္လေလာက္

အၾကာမွာသူ႔အေကာင့္ကို blockပစ္ခဲ့တယ္က်ေနာ္ကိုယ္တိုင္ကလည္း ျပႆနာတစ္ခုေၾကာင့္အေကာင့္ေျပာင္းသုံးၿပီး ကိုယ္ေယာင္ေဖ်ာက္ေနခဲ့ရပါတယ္ဒီအေကာင့္ကိုက်ေနာ္သုံး

ေနမွန္းသူဘယ္ကဘယ္လိုသိသြားခဲ့သလဲဆိုေတာ့က်ေနာ့္ရဲ႕ ပင္ကိုယ္အေရးအသားေတြေၾကာင့္ပါလို႔သူကေျပာျပလာပါတယ္လူတစ္ေယာက္နဲ႔တစ္ေယာက္စာေရးပုံေရးနည္းကြဲျပား

လို႔ဖတ္ၾကည့္တာနဲ႔တန္းသိပါတယ္တဲ့ေလထားပါေတာ့သူကက်ေနာ့္ကိုေမးလာပါတယ္ဖုန္းေတာ့မဆက္ပါဘူးမက္ေဆ့ပို႔ၿပီးေမးတာပါစစ္တပ္ႀကီးကိုအဲ့ေလာက္ေတာင္မုန္းတီးေနတာ

လားတဲ့ျပန္ေျဖေပးလိုက္ပါတယ္ငါမုန္းတာစစ္တပ္ႀကီးကိုမဟုတ္ပါဘူးကိုယ့္အတၱတစ္ခုတည္းကိုေရွ႕တန္းတင္ၿပီးအာဏာသိမ္းခဲ့ၾကတဲ့အာဏာ႐ူးတစ္သိုက္နဲ႔အဲ့ဒီ့အာဏာ႐ူးေတြ

ခိုင္းသမွ်ကိုမွားသလားမွန္သလားဆိုတာမစဥ္းစား/မသုံးသပ္ပဲလုပ္ေပးေနၾကတဲ့ကြၽန္သေဘာက္ေကာင္ေတြကိုပါလို႔သူကဆက္ၿပီးေမးပါေသးတယ္အစ္ကိုအရင္ကႏိုင္ငံေရးေတြစိတ္

မဝင္စားပါဘူးအခုမွဘယ္လိုျဖစ္ၿပီးအန္အယ္ဒိီ
ဘက္ေတာ္သားျဖစ္သြားခဲ့တာလဲတဲ့အရင္ကခင္မင္ခဲ့ဖူးတဲ့သံေယာဇဥ္လက္က်န္ေလး နဲ႔ေကာင္းေကာင္းမြန္မြန္ပဲျပန္ေျဖခဲ့

လိုက္ပါတယ္အရင္ကတည္းကဘယ္ပါတီကိုမွထူးထူးျခားျခားႀကီးမေထာက္ခံခဲ့ဖူးပါဘူးအခုျဖစ္ေနတဲ့ကိစၥႀကီးကပါတီစြဲျပႆနာႀကီးလည္းမဟုတ္ပါဘူးဒါဟာဓမၼနဲ႔အဓမၼၾကားက

တိုက္ပြဲႀကီးတစ္ခုပါလို႔ေနာက္ဆုံးအေနနဲ႔သူေမးတာကေတာ့တကယ္လို႔မ်ားအစ္ကိုနဲ႔က်ေနာ္တိုက္ပြဲေတြၾကားမွာထိပ္တိုက္ေတြ႕ခဲ့ၾကရင္ဘယ္လိုလုပ္ၾကမလဲတဲ့အဲ့ေမးခြႏ္ူကိုစဥ္းစားစရာ

မလိုဘဲမဆိုင္းမတြ ျပန္ေျဖေပးလိုက္ႏိုင္ပါတယ္မင္းလုပ္စရာရွိတာကိုမင္းလုပ္ငါလုပ္စရာရွိတာကိုငါလုပ္မယ္လို႔ေနာင္တစ္ခ်ိန္မွာမင္းျဖစ္ျဖစ္ငါျဖစ္ျဖစ္မေသဘဲက်န္ေနခဲ့မယ္ဆိုရင္

ေတာင္ငါ့အေနနဲ႔ကေတာ့ငါလုပ္ခဲ့တဲ့ အလုပ္အတြက္ငါရပ္တည္ခဲ့တဲ့လမ္းအတြက္ဝမ္းနည္းေနမွာ မဟုတ္သလိုေနာင္တရစရာလည္းဘာအ ေၾကာင္းမွမရွိဘူးဘာလို႔လဲဆိုေတာ့ငါကအမွန္တရားဓမၼဘက္ကေနရပ္တည္ခဲ့လို႔ပါပဲCredit