ရာသီဥတု သတင်း အထူးသတိပေးခြင်း

ရာသီဥတုသတင်း အထူးသတိပေးခြင်း

Jun လ ဒုတိယအပတ်တွင်း မြစ်ရေလျှံခြင်းကားလမ်းရေကျော်ခြင်း၊ တောင်ပြိုခြင်းများဖြစ်လာနိုင်သေားဒေသများကို အထူးသတိပေးခြင်း

ယနေ့ မိုးလေဝသဂြိုဟ်တုများရဲ့ဖမ်းယူရရှိတဲ့ ပုံရိပ်များအရကပ္ပလီပင်လယ်တွင် မုတ်သုန်အား အတင့်တင့်မျှရှိနေပါပြီ။ မိုးတိမ်များလည်းနေရာများများမှာတွေ့နေရပါပြီ

ဒါက ဆက်လက်အားကောင်းလာနိုင်တဲ့အနောက်တောင်မုတ်သုန်လေထုလှုပ်ရှားမှု့မျိုးပါ။

ဘင်္ဂလားပင်လယ်ဘက်မှာတော့ အားနည်းနေတဲ့လေထုလှုပ်ရှားမှုများကို တွေ့နေရပြီ

ဘင်္ဂလားပင်လယ်တောင်ဘက်သီရိလင်္ကာတဝိုက်မှာလေထု မငြိမ်သက်မှု့တွေရှိနေပါတယ်

ဒါတွေကလည်း ဘင်္ဂလားပင်လယ်မှာလေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်ဖို့အတွက်လမ်းစတစ်ခုပါ။

ကပ္ပလီပင်လယ် က မုတ်သုန်လေထုလှုပ်ရှားမှုတွေက- မွန်ပြည်နယ်- ကရင်ပြည်နယ်- တနင်္သာရီတိုင်း- ဧရာဝတီမြစ်ဝကျွန်းပေါ်- ရန်ကုန်တိုင်း- ပဲခူး‌တိုင်း- ရှမ်းပြည်နယ်- ကယားပြည်နယ် ဘက်ကို မိုးရွာသွန်းနိုင်သလို

ဘင်္ဂလားမြောက်ဘက် ကမိုးတိမ်တွေက- ရခိုင်ပြည်နယ်- မကွေးတိုင်း- ချင်းပြည်နယ်- ကချင်ပြည်နယ် စစ်ကိုင်းတိုင်း- ‌မန္တလေးတိုင်း ဒေသအချို့ကိုကွက်ကျားမိုးရွာသွန်းနိုင်ပါတယ်။

(ကွက်ကျားမိုးဆိုတော့ မိုးမရတဲ့ဒေသတွေကတော့ရှိမှာပါ)အနောက်တောင်မုတ်သုန်က ကပ္ပလီပင်လယ်ကပ္ပလီပင်လယ်နှင့် ဆက်စပ်နေသော ဘင်္ဂလားပင်လယ်တွေမှာ အရင်အားကောင်းလာမယ်။

ဘင်္ဂလားပင်လယ်မြောက်ဘက်မှာလေဖိအားနည်းရပ်ဝန်းစဖြစ်တာနဲ့မြန်မာနိုင်ငံတောင်ဘက်- မွန်ပြည်နယ်- ကရင်ပြည်နယ်- တနင်္သာရီတိုင်းဘက်မှာ မိုးသည်းထန်လာမယ်။နေရက်ဆက်ပြီး ရွာသွန်းလာမယ်။

မုတ်သုန်အားပိုကောင်းလာတာနဲ့ မိုးသည်းထန်စွာရွာသွန်းတဲ့ ဧရိယာလည်း ကျယ်ပြန့်လာမယ်။

6,7 ရက် နောက်ပိုင်းကစပြီးမြန်မာနိုင်ငံတောင်ပိုင်းက မုတ်သုန်ဝင်ရောက်မှုတဖြည်းဖြည်းအားကောင်းလာမယ်။8,9,10,ရောက်ရင်တော့ မိုးသည်းထန်လာမယ်။

11,12,13 ရောက်ရင်တော့မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီ ဒေသအချိ့ တို့ တွင်* ကားလမ်းရေကျော်မှုများ* မြစ်ရေလျံခြင်းများရက်ဆက်ရွာသောမိုးများကြောင့်* တောင်ပြိုခြင်းများ ဖြစ်လာနိုင်ပါတယ်။

ရန်ကုန်တိုင်းကတော့ ရေစီးဆင်းမှုမကောင်းတဲ့နေရာတွေမှာ မိုးရေများပြည့်လျံလာနိုင်ပါတယ်။

အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်နိုင်တဲ့မုန်တိုင်းငယ်လည်း ရှိနေတော့ လေလည်းကြမ်းနိုင်ပါတယ်။

မွန်/မုတ္တမ/တနင်္သာရီ ကမ်းလွန်တွေ ကမ်းနီးတွေလည်း မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ခန့်မှန်ရာသီဥတုတွေကပြနေပါပြီ

လက်ရှိလေထုလှုပ်ရှာမှုအနေအထားတွေအရဖြစ်လာနိုင်တဲ့အနေအထားတစ်ခုပါ။ဒါကြောင့် အထူးကြိုတင်ပြင်ဆင်မှုတွေရာသီဥတုသတင်းများကို အဆက်မပြတ်နားထောင်နေစေဖို့အတွက် သတိပေးလိုက်ပါတယ်။

အနီးကပ်ရက်တွေမှာအထူးစောင့်ကြည့်သတိပေးနေပါမယ်။

HtayAung

————

ရာသီဥတုသတင္း အထူးသတိေပးျခင္း

Jun လ ဒုတိယအပတ္တြင္း ျမစ္ေရလွ်ံျခင္းကားလမ္းေရေက်ာ္ျခင္း၊ ေတာင္ၿပိဳျခင္းမ်ားျဖစ္လာႏိုင္ေသားေဒသမ်ားကို အထူးသတိေပးျခင္း

ယေန႔ မိုးေလဝသၿဂိဳဟ္တုမ်ားရဲ႕ဖမ္းယူရရွိတဲ့ ပုံရိပ္မ်ားအရကပၸလီပင္လယ္တြင္ မုတ္သုန္အား အတင့္တင့္မွ်ရွိေနပါၿပီ။ မိုးတိမ္မ်ားလည္းေနရာမ်ားမ်ားမွာေတြ႕ေနရပါၿပီ

ဒါက ဆက္လက္အားေကာင္းလာႏိုင္တဲ့အေနာက္ေတာင္မုတ္သုန္ေလထုလႈပ္ရွားမႈ႕မ်ိဳးပါ။

ဘဂၤလားပင္လယ္ဘက္မွာေတာ့ အားနည္းေနတဲ့ေလထုလႈပ္ရွားမႈမ်ားကို ေတြ႕ေနရၿပီ

ဘဂၤလားပင္လယ္ေတာင္ဘက္သီရိလကၤာတဝိုက္မွာေလထု မၿငိမ္သက္မႈ႕ေတြရွိေနပါတယ္

ဒါေတြကလည္း ဘဂၤလားပင္လယ္မွာေလဖိအားနည္းရပ္ဝန္းေတြ ျဖစ္ေပၚဖို႔အတြက္လမ္းစတစ္ခုပါ။

ကပၸလီပင္လယ္ က မုတ္သုန္ေလထုလႈပ္ရွားမႈေတြက- မြန္ျပည္နယ္- ကရင္ျပည္နယ္- တနသၤာရီတိုင္း- ဧရာဝတီျမစ္ဝကြၽန္းေပၚ- ရန္ကုန္တိုင္း- ပဲခူး‌တိုင္း- ရွမ္းျပည္နယ္- ကယားျပည္နယ္ ဘက္ကို မိုး႐ြာသြန္းႏိုင္သလို

ဘဂၤလားေျမာက္ဘက္ ကမိုးတိမ္ေတြက- ရခိုင္ျပည္နယ္- မေကြးတိုင္း- ခ်င္းျပည္နယ္- ကခ်င္ျပည္နယ္ စစ္ကိုင္းတိုင္း- ‌မႏၲေလးတိုင္း ေဒသအခ်ိဳ႕ကိုကြက္က်ားမိုး႐ြာသြန္းႏိုင္ပါတယ္။

(ကြက္က်ားမိုးဆိုေတာ့ မိုးမရတဲ့ေဒသေတြကေတာ့ရွိမွာပါ)အေနာက္ေတာင္မုတ္သုန္က ကပၸလီပင္လယ္ကပၸလီပင္လယ္ႏွင့္ ဆက္စပ္ေနေသာ ဘဂၤလားပင္လယ္ေတြမွာ အရင္အားေကာင္းလာမယ္။

ဘဂၤလားပင္လယ္ေျမာက္ဘက္မွာေလဖိအားနည္းရပ္ဝန္းစျဖစ္တာနဲ႔ျမန္မာႏိုင္ငံေတာင္ဘက္- မြန္ျပည္နယ္- ကရင္ျပည္နယ္- တနသၤာရီတိုင္းဘက္မွာ မိုးသည္းထန္လာမယ္။ေနရက္ဆက္ၿပီး ႐ြာသြန္းလာမယ္။

မုတ္သုန္အားပိုေကာင္းလာတာနဲ႔ မိုးသည္းထန္စြာ႐ြာသြန္းတဲ့ ဧရိယာလည္း က်ယ္ျပန႔္လာမယ္။

6,7 ရက္ ေနာက္ပိုင္းကစၿပီးျမန္မာႏိုင္ငံေတာင္ပိုင္းက မုတ္သုန္ဝင္ေရာက္မႈတျဖည္းျဖည္းအားေကာင္းလာမယ္။8,9,10,ေရာက္ရင္ေတာ့ မိုးသည္းထန္လာမယ္။

11,12,13 ေရာက္ရင္ေတာ့မြန္ျပည္နယ္ကရင္ျပည္နယ္တနသၤာရီ ေဒသအခ်ိ႕ တို႔ တြင္* ကားလမ္းေရေက်ာ္မႈမ်ား* ျမစ္ေရလ်ံျခင္းမ်ားရက္ဆက္႐ြာေသာမိုးမ်ားေၾကာင့္* ေတာင္ၿပိဳျခင္းမ်ား ျဖစ္လာႏိုင္ပါတယ္။

ရန္ကုန္တိုင္းကေတာ့ ေရစီးဆင္းမႈမေကာင္းတဲ့ေနရာေတြမွာ မိုးေရမ်ားျပည့္လ်ံလာႏိုင္ပါတယ္။

အိႏၵိယႏိုင္ငံဘက္ကို ဝင္ေရာက္ႏိုင္တဲ့မုန္တိုင္းငယ္လည္း ရွိေနေတာ့ ေလလည္းၾကမ္းႏိုင္ပါတယ္။

မြန္/မုတၱမ/တနသၤာရီ ကမ္းလြန္ေတြ ကမ္းနီးေတြလည္း မိုးသက္ေလျပင္းေတြ က်ေရာက္ႏိုင္တယ္လို႔ခန႔္မွန္ရာသီဥတုေတြကျပေနပါၿပီ

လက္ရွိေလထုလႈပ္ရွာမႈအေနအထားေတြအရျဖစ္လာႏိုင္တဲ့အေနအထားတစ္ခုပါ။ဒါေၾကာင့္ အထူးႀကိဳတင္ျပင္ဆင္မႈေတြရာသီဥတုသတင္းမ်ားကို အဆက္မျပတ္နားေထာင္ေနေစဖို႔အတြက္ သတိေပးလိုက္ပါတယ္။

အနီးကပ္ရက္ေတြမွာအထူးေစာင့္ၾကည့္သတိေပးေနပါမယ္။

HtayAung